အကျယ် ၃ ပေသာရှိသော ကမ္ဘာ့အကျဉ်းမြောင်းဆုံးအိမ်ကလေး ယနေ့ခေတ်တွင် အိမ်တစ်လုံးပိုင်ဆိုင်ရေးမှာ အပြင်းအထန်ကြိုးစားရန် လိုအပ်မည် ဖြစ်သည်။

အကျယ် ၃ ပေသာရှိသော ကမ္ဘာ့အကျဉ်းမြောင်းဆုံးအိမ်ကလေး ယနေ့ခေတ်တွင် အိမ်တစ်လုံးပိုင်ဆိုင်ရေးမှာ အပြင်းအထန်ကြိုးစားရန် လိုအပ်မည် ဖြစ်သည်။ - Property Knowledge in Myanmar from iMyanmarHouse.com
19 Nov 2024 11:12 am တွင် တင်ခဲ့သည်
598 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ်တစ်လုံးပိုင်ဆိုင်ရန်ခက်ခဲသော ယနေ့ခေတ်တွင် ကျဉ်းမြောင်းလှသောအိမ်တစ်လုံးပင်ဖြစ်စေကာမူ သင့်အနေဖြင့် ပိုင်ဆိုင်လိုစိတ်ရှိမည်သာ ဖြစ်သည်။

ပိုလန်နိုင်ငံ၊ ဝါဆောမြို့တွင် Keret House ဟုအမည်ပေးထားသော အိမ်တစ်လုံးမှာ အကျဉ်းဆုံးနေရာတွင် ၉၂ စင်တီမီတာ (၃ ဒသမ ၀၂ ပေ) သာရှိပြီး အကျယ်ဆုံးနေရာမှာ ၁၅၂ စင်တီမီတာ (၄ ဒသမ ၉၉ ပေ) သာရှိသည်။

ဗိသုကာပညာရှင် Jakub Szczesny က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အမြဲနေထိုင်ရန် နေအိမ်အဖြစ် ဆောက်လုပ်ခြင်းမဟုတ်ဘဲ ခရီးသွားများအတွက် ယာယီတည်းခိုရာနေရာအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ကျဉ်းမြောင်းလှသောအိမ်လေးတွင် ပထမဆုံး စတင်တည်းခိုနေထိုင်ခဲ့သူမှာ စာရေးဆရာ Etgar Keret ဖြစ်ပြီး ၎င်းကို အစွဲပြုကာ Keret House ဟု အမည်ပေးခဲ့သည်။

Jakub က လမ်းလျှောက်ရင်း တစ်ရက်တွင် ယခုနေရာကို တွေ့ကာ ကျဉ်းမြောင်းသော နေအိမ်လေးတစ်လုံးဆောက်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။

(အိမ်အတွက် ပရိဘောဂတို့ကို သီးသန့်အထူးမှာယူထုတ်လုပ်ခဲ့ရသည်။ ဓာတ်ပုံ-Jakub Szczesny)

 

“ဒီနေရာမှာ ဘယ်လိုလူတွေ နေကြမလဲလို့ ကျွန်တော်တွေးကြည့်ခဲ့တယ်။ ရသေ့တစ်ပါးလို ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်။ တစ်ယောက်တည်း တစ်ခုခုလုပ်ရင်း ဖြတ်သန်းလိုတဲ့သူလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘာကိုလုပ်ရင်းလဲ..” ကျဉ်းမြောင်းလှသောအိမ်လေးအတွင်း ပရိဘောဂများ မည်သို့ ထည့်သွင်းခဲ့သနည်း။

ဈေးကွက်အတွင်းရှိ ပရိဘောဂအားလုံးမှာ ယခုအိမ်လေးနှင့် မဆန့်နိုင်သည့် အရွယ်အစားများသာဖြစ်ရာ အထူးအော်ဒါမှာယူခဲ့ရခြင်းဖြစ်သည်။

(အတွင်းပိုင်းမြင်ကွင်းတစ်ခု။ ဓာတ်ပုံ-Jakub Szczesny)

 

ကျဉ်းမြောင်းသော အိမ်လေးအတွင်း အိပ်ခန်း ၁ ခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ ဧည့်ခန်းတို့ပါဝင်ပြီး အထပ် ၂ ထပ်တွင် ဖြန့်ကျက်တည်ရှိသည်။

သို့သော် အပေါ်ထပ်နှင့် အောက်ထပ်ကို လှေကားတစ်ခုမှတဆင့် တွယ်တက်ရမည် ဖြစ်သည်။

အဆောက်အအုံ ၂ ခုကြား ကျဉ်းမြောင်းသော နေရာလေးတွင် ဆောက်လုပ်ထားခြင်းဖြစ်သော်လည်း အထဲတွင် မှောင်အတိကျမနေ။ အလင်းဖောက်နိုင်သော ချပ်ပြားများ တပ်ဆင်ထားသောကြောင့် အလင်းရောင်ကောင်းစွာရှိသည်။

ဆောက်လုပ်ခဲ့သည်မှာ ၁၂ နှစ်ရှိပြီဖြစ်ပြီး Iconic Houses က ယခုအိမ်ကို ကမ္ဘာပေါ်ရှိ သတိပြုဖွယ်အကောင်းဆုံးအိမ်များတွင် တစ်ခုအပါအဝင်ဖြစ် ထည့်သွင်းထားသည်။

သို့သော် ဒေသတွင်း အဆောက်အအုံစံနှုန်းများနှင့် မကိုက်ညီသောကြောင့် အိမ်တစ်လုံးဟု သတ်မှတ်ထားခြင်းမရှိဘဲ အနုပညာ installation တစ်ခုအဖြစ်သာ သတ်မှတ်ခြင်းခံထားရသည်။

 

(art installation တစ်ခုအဖြစ်သာ သတ်မှတ်ခံထားရသည်။ ဓာတ်ပုံ-Jakub Szczesny)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The ‘thinnest house’ in the world is 3ft wide — and there’s no electricity (metro)

Photo Credit- Jakub Szczesny

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုများရှိ တရားဝင်ကိုယ်စားလှယ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများရှိ တရားဝင်ကိုယ်စားလှယ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service