Steve Jobs ၏ ကျန်ရစ်သူဇနီး လော်ရင်း ၉၄ သန်းဖြင့် ဝယ်ယူပြီး တစ်လခန့်သာရှိသေးချိန်တွင် ဆန်ဖရန်စစ္စကိုရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူပြန်

Steve Jobs ၏ ကျန်ရစ်သူဇနီး လော်ရင်း ၉၄ သန်းဖြင့် ဝယ်ယူပြီး တစ်လခန့်သာရှိသေးချိန်တွင် ဆန်ဖရန်စစ္စကိုရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူပြန် - Property News in Myanmar from iMyanmarHouse.com
22 Jul 2024 11:05 am တွင် တင်ခဲ့သည်
899 ကြိမ် ကြည့်ရှု့ပြီး
Steve Jobs ၏ ကျန်ရစ်သူဇနီး လော်ရင်း ၉၄ သန်းဖြင့် ဝယ်ယူပြီး တစ်လခန့်သာရှိသေးချိန်တွင် ဆန်ဖရန်စစ္စကိုရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူပြန်
Apple Inc. ပူးတွဲတည်ထောင်သူ Steve Jobs ၏ ကျန်ရစ်သူဇနီး ဘီလျံနာ လော်ရင်း ပါဝဲလ်ဂျော့ဘ်စ်သည် ဆန်ဖရန်စစ္စကိုမြို့၊ Pacific Heights အရပ်ရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူ လိုက်ပြန်သည်။
 
အဆိုပါ အရောင်းအဝယ်မှာ ဆန်ဖရန်စစ္စကို၏ စျေးအကြီးဆုံးစံအိမ်အဖြစ် စံချိန်တင်ထားကြောင်း ထိုအရောင်းအဝယ်အကြောင်း သိရှိထားသည့် အမည်မဖော်လိုသူ ၂ ဦးကို ကိုးကားပြီး The Wall Street ဂျာနယ်က ဖော်ပြသည်။
 
လော်ရင်းသည် Emerson Collective ကို တည်ထောင်သူဖြစ်ပြီး ယခုစံအိမ်ကို သဘာဝ အာဟာရကုမ္ပဏီ Shaklee Corp ၏ စီအီးအို Roger Barnett နှင့် Sloan Lindermann Barnett တို့ စုံတွဲထံမှ စျေးကွက်ပြင်ပ အရောင်းအဝယ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
 
(မှတ်ချက်။ စျေးကွက်ပြင်ပ အရောင်းအဝယ်ဟူသည်မှာ အိမ်ခြံမြေဝက်ဘ်ဆိုက်များမှတဆင့် တရားဝင် အများပြည်သူသိရှိစေရန် အရောင်းအဝယ်လုပ်ခဲ့ခြင်း မဟုတ်သော အိမ်ခြံမြေရောင်းဝယ်မှု ဖြစ်သည်)
 
Barnett တို့စုံတွဲသည် စပိန် ရီနေးဆင်း ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါ စံအိမ်ကြီးကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။
 
ဆန်ဖရန်စစ္စကိုတွင် ယခင်က စျေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်မှာ ကန်ဒေါ်လာ ၄၃ ဒသမ ၅ သန်းတန် စံအိမ်ဖြစ်ကြောင်း ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်တို့က ဝေါစထရိဂျာနယ်သို့ ပြောသည်။
 
၁၉၁၆ ခုနှစ်က ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး ဗိသုကာပညာရှင် Peter Marino က ပြန်လည်မွမ်းမံပေး ထားကြောင်း Architectural Digest က ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားဖော်ပြခဲ့ဖူးသည်။
 
၄ ထပ်အဆောက်အအုံမှတဆင့် San Francisco Bay, Golden Gate တံတားနှင့် Alcatraz ကျွန်းတို့ကို လှမ်းမျှော်တွေ့မြင်ရသည်။
 
Realtor အိမ်ခြံမြေဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ဆန်ဖရန်စစ္စကိုတွင် ပြီးခဲ့သော ဇွန်လအတွင်း အလယ်အလတ်တန်း နေအိမ်တစ်လုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြစ်သည်ဟု ဆိုသည်။
 
လော်ရင်းသည် ပြီးခဲ့သောလအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ Malibu မြို့ရှိ ခမ်းနားလှသော စံအိမ်ကြီး တစ်လုံးကို ကန်ဒေါ်လာ ၉၄ သန်းဖြင့် ဝယ်ယူထားခဲ့သေးပြီး ထိုသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ခြံအကျယ် ၄ ဧက ရှိပြီး စံအိမ်မှာ အင်္ဂလိပ် အက္ခရာ L ပုံသဏ္ဍာန်ရှိသည်။
 
၁၉၅၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၃၃၉၉ ရှိကြောင်း လော့စ်အိန်ဂျလိတိုင်းမ် သတင်းဌာနက ဖော်ပြသည်။
 
Steve Jobs မှာ ကင်ဆာရောဂါဖြင့် ၂၀၁၁ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့သည်။
လော်ရင်း ပါဝဲဂျော့ဘ်စ်သည် ခင်ပွန်းဖြစ်သူထံမှ အမွေဆက်ခံရရှိသော Apple နှင့် Disney တို့၏ ရှယ်ယာများဖြင့် ကြွယ်ဝမှု ဆက်လက်တိုးတက်လျက် ရှိနေသည်။
 
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Laurene Powell Jobs buys San Francisco mansion for record $70M, just a month after splashing $94M on a Malibu property (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service