မှတ်ပုံတင်စာချုပ်တစ်စောင်ချုပ်ဆိုရာတွင် လေ့လာသိရှိထားသင့်သည့်အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။

မှတ်ပုံတင်စာချုပ်တစ်စောင်ချုပ်ဆိုရာတွင် လေ့လာသိရှိထားသင့်သည့်အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
13 Aug 2023 1:18 pm တွင် တင်ခဲ့သည်
619 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ရောင်းဝယ်ခြင်း၊ငှားရမ်းခြင်း၊ပေါင်နှံခြင်း၊ပေးကမ်းခြင်း ပြုရာတွင် စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ၌ မှတ်ပုံတင်ရှိကြပါတယ်။ ကာယကံရှင်ကိုယ်တိုင်မှ မှတ်ပုံတင်ရှိကြသလို ကိုယ်စားလှယ်များဖြင့်လဲ မှတ်ပုံတင်စာချုပ် ချုပ်ဆိုကြပါတယ်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ-၁၆အရ တန်ဖိုးငွေကျပ်တစ်သိန်းနှင့်အထက်ရှိသော မရွှေ့မပြောင်း နိုင်သော ပစ္စည်းနှင့် အဆက်အစပ်ပစ္စည်းများအား ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်း၊ ခိုင်မာစေရန်ပြုလုပ်သော စာချုပ်စာတမ်းများ၊ တရားရုံးက ချမှတ်သော စီရင်ချက်၊ဒီကရီ၊ အမိန့်တို့ အား မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် သတ်မှတ်ထားပါတယ်။

စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း(၁၂၀) အတွင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ပုဒ်မ-၂၂ တွင် ဖော်ပြထားပြီး ပစ္စည်းစာရင်းအား တိကျရှင်းလင်းစွာ မဖော်ပြထားခြင်း မြေပုံမြေရာဇဝင်ပါဝင်ခြင်း မရှိပါက မှတ်ပုံတင်အရာရှိမှ ငြင်းပယ်မည်ဖြစ်ပါသည်။

မှတ်ပုံတင်ရုံးသို့မတင်ပြမီ ရောင်းသူ၊ဝယ်သူနှစ်ဦးမှ တန်ဖိုးစီစစ်ရေးရုံးသို့ တန်ဖိုးဖြတ်ပေးရန် သွားရောက် တင်ပြရပါမယ်။ ထို့သို့တင်ပြရာတွင် (၃၀၀)ကျပ်တန် တံဆိပ်ခေါင်းအဖြစ်ချုပ်ဆိုထားသော စာချုပ်၊ မြေပိုင်ဆိုင်မှု အထောက်အထား၊ အရောင်းအဝယ်ပြုလုပ်သောမြေ၏ မြေဂရန်၊ မြေပုံ/မြေရာဇဝင်၊ ရောင်းသူ ဝယ်သူ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း၊ မြေခွန်ပြေစာ၊ မှတ်ပုံတင်မည့်မြေကွက်၏ မှတ်တမ်းဓာတ်ပုံ(၄)ပုံတို့ ပါဝင်ကာ လျှောက်ထားရမည်ဖြစ်ကာ (၂)ပတ်အကြာတွင် အခွန်ကျသင့်ငွေနှုန်းထားအား ရာဖြတ်ရုံးသို့ သွားရောက် စုံစမ်းရ ပါမယ်။

အခွန်နှုန်းထားသိရှိပါက သက်ဆိုင်ရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အခွန်ထမ်းဆောင်ပြီး ဘဏ်ချလံအား သက်သေခံတင်ပြရန် ထုတ်ယူလာရပါမယ်။ ထိုချလံဖြင့် အခွန်တံဆိပ်ခေါင်းများထုတ်ယူရန် မြို့နယ်အခွန်ရုံးသို့ သွားရောက်ရပါမယ်။

ထို့နောက် မှတ်ပုံတင်ရုံးတွင် စာချုပ်ချုပ်ဆိုသည့်အခါ အခွန်ရုံးမှထုတ်ယူထားသော တံဆိပ်ခေါင်းစာချုပ် များပေါ်တွင် စာချုပ်ရိုက်နှက်ပြီး ရောင်းသူဝယ်သူနှစ်ဦး စာချုပ်ချုပ်ဆိုရပြီး မှတ်ပုံတင်ကြေးလဲ ပေးဆောင် ရပါမယ်။ သတ်မှတ်ရက်တွင် မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ်စာတမ်းပြန်လည်ထုတ်ယူရပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ပြီးဆုံးပါက ဝယ်ယူသူအမည်ပေါက် ပြောင်းလဲနိုင်ရေးအတွက် စည်ပင်သာယာရေး ကော်မတီထံတွင် အမည်ပြောင်းဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

မွတ္ပုံတင္စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုရာတြင္ ေလ့လာသိ႐ွိထားသင့္သည့္အခ်က္အလက္မ်ားအေၾကာင္း ဥပေဒဗဟုသုတအေနနဲ႔ ေရးသားေဖာ္ျပလိုက္ပါတယ္။

 

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို ေရာင္းဝယ္ျခင္း၊ငွားရမ္းျခင္း၊ေပါင္ႏွံျခင္း၊ေပးကမ္းျခင္း ျပဳရာတြင္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္အရာ႐ွိထံ၌ မွတ္ပုံတင္႐ွိၾကပါတယ္။ ကာယကံ႐ွင္ကိုယ္တိုင္မွ မွတ္ပုံတင္႐ွိၾကသလို ကိုယ္စားလွယ္မ်ားျဖင့္လဲ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုၾကပါတယ္။

စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒ-၁၆အရ တန္ဖိုးေငြက်ပ္တစ္သိန္းႏွင့္အထက္႐ွိေသာ မေ႐ႊ႕မေျပာင္း ႏိုင္ေသာ ပစၥည္းႏွင့္ အဆက္အစပ္ပစၥည္းမ်ားအား ေၾကညာျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လႊတ္ျခင္းႏွင့္ ဖ်က္သိမ္းျခင္း၊ ခိုင္မာေစရန္ျပဳလုပ္ေသာ စာခ်ဳပ္စာတမ္းမ်ား၊ တရား႐ုံးက ခ်မွတ္ေသာ စီရင္ခ်က္၊ဒီကရီ၊ အမိန္႔တို႔ အား မွတ္ပုံမတင္မေနရ စာခ်ဳပ္စာတမ္းအျဖစ္ သတ္မွတ္ထားပါတယ္။

စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ရက္ေပါင္း(၁၂၀) အတြင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ပုဒ္မ-၂၂ တြင္ ေဖာ္ျပထားၿပီး ပစၥည္းစာရင္းအား တိက်႐ွင္းလင္းစြာ မေဖာ္ျပထားျခင္း ေျမပုံေျမရာဇဝင္ပါဝင္ျခင္း မ႐ွိပါက မွတ္ပုံတင္အရာ႐ွိမွ ျငင္းပယ္မည္ျဖစ္ပါသည္။

မွတ္ပုံတင္႐ုံးသို႔မတင္ျပမီ ေရာင္းသူ၊ဝယ္သူႏွစ္ဦးမွ တန္ဖိုးစီစစ္ေရး႐ုံးသို႔ တန္ဖိုးျဖတ္ေပးရန္ သြားေရာက္ တင္ျပရပါမယ္။ ထို႔သို႔တင္ျပရာတြင္ (၃၀၀)က်ပ္တန္ တံဆိပ္ေခါင္းအျဖစ္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္၊ ေျမပိုင္ဆိုင္မႈ အေထာက္အထား၊ အေရာင္းအဝယ္ျပဳလုပ္ေသာေျမ၏ ေျမဂရန္၊ ေျမပုံ/ေျမရာဇဝင္၊ ေရာင္းသူ ဝယ္သူ မွတ္ပုံတင္ႏွင့္ သန္းေခါင္စာရင္း၊ ေျမခြန္ေျပစာ၊ မွတ္ပုံတင္မည့္ေျမကြက္၏ မွတ္တမ္းဓာတ္ပုံ(၄)ပုံတို႔ ပါဝင္ကာ ေလွ်ာက္ထားရမည္ျဖစ္ကာ (၂)ပတ္အၾကာတြင္ အခြန္က်သင့္ေငြႏႈန္းထားအား ရာျဖတ္႐ုံးသို႔ သြားေရာက္ စုံစမ္းရ ပါမယ္။

အခြန္ႏႈန္းထားသိ႐ွိပါက သက္ဆိုင္ရာၿမိဳ႕နယ္ ျမန္မာ့စီးပြားေရးဘဏ္တြင္ အခြန္ထမ္းေဆာင္ၿပီး ဘဏ္ခ်လံအား သက္ေသခံတင္ျပရန္ ထုတ္ယူလာရပါမယ္။ ထိုခ်လံျဖင့္ အခြန္တံဆိပ္ေခါင္းမ်ားထုတ္ယူရန္ ၿမိဳ႕နယ္အခြန္႐ုံးသို႔ သြားေရာက္ရပါမယ္။

ထို႔ေနာက္ မွတ္ပုံတင္႐ုံးတြင္ စာခ်ဳပ္ခ်ဳပ္ဆိုသည့္အခါ အခြန္႐ုံးမွထုတ္ယူထားေသာ တံဆိပ္ေခါင္းစာခ်ဳပ္ မ်ားေပၚတြင္ စာခ်ဳပ္႐ိုက္ႏွက္ၿပီး ေရာင္းသူဝယ္သူႏွစ္ဦး စာခ်ဳပ္ခ်ဳပ္ဆိုရၿပီး မွတ္ပုံတင္ေၾကးလဲ ေပးေဆာင္ ရပါမယ္။ သတ္မွတ္ရက္တြင္ မွတ္ပုံတင္႐ုံး၌ မွတ္ပုံတင္စာခ်ဳပ္စာတမ္းျပန္လည္ထုတ္ယူရၿပီး မွတ္ပုံတင္ျခင္း လုပ္ငန္းစဥ္ၿပီးဆုံးပါက ဝယ္ယူသူအမည္ေပါက္ ေျပာင္းလဲႏိုင္ေရးအတြက္ စည္ပင္သာယာေရး ေကာ္မတီထံတြင္ အမည္ေျပာင္းေဆာင္႐ြက္ျခင္းမ်ား ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service