စင်္ကာပူမှ ဒေါ်လာ သန်း ၅၀၀ တန် စွန့်ပစ်ခံ စံအိမ်ကြီး

စင်္ကာပူမှ ဒေါ်လာ သန်း ၅၀၀ တန် စွန့်ပစ်ခံ စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
14 Nov 2022 11:41 am တွင် တင်ခဲ့သည်
4256 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူနိုင်ငံ၊ Orchard ၏ အချက်အခြာနေရာ Grange လမ်း၊ အမှတ် ၂၅ တွင် တည်ရှိသော Chee Guan Chiang House ဟု အမည်ပေးထားသော စံအိမ်ကြီးတစ်လုံးရှိသည်။

၁၉၃၈ ခုနှစ်က ဆောက်လုပ်ခဲ့သည့် ကြီးမားသော ဘန်ဂလိုအိမ်ကြီးဖြစ်ပြီး ပြုပြင်မွမ်းမံမှုများမရှိဘဲ စွန့်ပစ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

အဆိုပါအဆောက်အအုံကြီး၏ ကောင်းကင်မြင်ကွင်းနှင့် ကျယ်ပြောလှသော ခြံဝန်းတို့မှာ စင်္ကာပူပြည်သူများ အတွက် မရင်းနှီးနိုင်ချေ။

ဤမျှ ကြီးမားကျယ်ပြောသော ပုဂ္ဂလိကပိုင် မြေနေရာမျိုးဟူသည်မှာ စင်္ကာပူတွင် ရှားပါးလှသည်။

သို့သော် စံအိမ်တည်နေရာမှာမူ Orchard လမ်းသို့ မကြာခဏရောက်သူများအနေဖြင့် မှတ်မိနိုင်သည်။

စံအိမ်သည် Grange လမ်းနှင့် Devonshire လမ်းဆုံတွင်ရှိပြီး Ngee Ann City နှင့် ခဲတစ်ပစ်စာ အကွာအဝေးမျှသာ ရှိသည်။

 

ယင်းအဆောက်အအုံနှင့် ဥပစာမှာ အများပြည်သူကို ပိတ်ပင်ထားပြီး စပ်စုမည့်သူများအား တားဆီးရေးအတွက် ကျူးကျော်ဝင်ရောက်လျှင် အရေးယူမည်ဟု သတိပေးထားသည်။

သို့သော် စင်္ကာပူသားတိို့က ဤမျှ ထိပ်တန်းနေရာကောင်းတွင်ရှိသည့် ခြံကြီးတစ်ခုကို အဘယ်ကြောင့် အလဟဿဖြစ်စေရသနည်းဟု သိလိုကြသည်။

စံအိမ်ဝန်းကျင်ရှိ လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများမှာ ဆယ်စုနှစ်များစွာကာလ အတွင်း အလွန်ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

 

(စင်္ကာပေါ်ဒေါ်လာ ၄၂၅ သန်းတန်သော Art Deco ဗိသုကာဟန် ဘန်ဂလိုအိမ်)

OCBC Group ၏ ပထမဆုံးဥက္ကဌ Chee Swee Cheng ၏ သားကြီး Chee Guan Chiang က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

နေအိမ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူမှာ Haw Par Villa မှ ဗိသုကာပညာရှင် Ho Kwong Yew ဖြစ်ပြီး Art Deco ဗိသုကာဟန်၏ လက်ရာများစွာဖြင့် ဆောက်လုပ်ခဲ့ရာ ဝန်းဝိုင်းသော မျက်နှာစာလည်း အပါအဝင် ဖြစ်သည်။

 

မြေနေရာအကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀၀ ခန့်ရှိပြီး ၂၀၁၇ ခုနှစ်က အဆိုပါစံအိမ်၏ တန်ကြေးမှာ စင်္ကာပူဒေါ်လာ ၄၂၅ သန်းခန့်ရှိနိုင်ကြောင်းခန့်မှန်းခဲ့ပြီး လက်ရှိပေါက်ဈေးဖြင့်ဆိုလျှင် စင်္ကာပူဒေါ်လာ ဘီလီယံဝက်ခန့် ရှိဖွယ်ရာ ရှိသည်။

Chee Swee Cheng က ထိုဘန်ဂလိုအိမ်ကို ရှေးဦးစွာ Wellington House ဟု အမည်ပေးခဲ့သည်။

လူတစ်ဦးတစ်ယောက်ကို အစွဲပြု၍ အမည်မပေးဘဲ Wellington ဟု အမည်ပေးခဲ့ရခြင်းမှာ well ဟုသော စကားလုံးဖြင့် စတင်ထားပြီး wealth နှင့် အဓိပ္ပာယ်ဆင်တူနေသောကြောင့်ဟု ဆိုသည်။

စံအိမ်နာမည်အတိုကောက်ဖြစ်သော WH ဟူသည့် စာလုံးများကို စံအိမ်ဝရန်တာ သံကြွပ်လက်ရန်း တစ်လျှောက်အပြင် စံအိမ်တွင်းရှိ လှေကားကြီးတွင်လည်း တွေ့ရသည်။

စံအိမ်အတွင်း ရောင်စုံဆေးရေး မှန်ပြတင်းများလည်း ရှိသည်။ စံအိမ်ကြီးဆောက်လုပ်မှုမှာ ၁၉၃၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ သို့သော် ၁၉၄၁ ခုနှစ်တွင် ဂျပန်တို့ စင်္ကာပူသို့ ကျူးကျော်ဝင်ရောက်လာသောအခါ Chee မိသားစုသည် စင်္ကာပူမှ ထွက်ခွာခဲ့ကြသည်။

ယင်းနောက်ပိုင်း ခရီးသည်များအား အငှားချပေးသည့်နေအိမ်အဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် New Leonie Guest House ဟု စံအိမ်အမည် ပြောင်းလဲခဲ့သည်။

သို့သော် ယင်းနောက်ပိုင်းတွင် စံအိမ်ကြီးကို အသုံးမပြုဘဲ ထားရှိပြန်သည်။

 

 

 

(မြေနေရာအပေါ် နှစ်ပေါင်း ၄၀ ဥပဒေကြောင်း အငြင်းပွားမှု)

စံအိမ်တည်ရှိရာ မြေကွက်နှင့် စပ်လျဉ်းပြီး ဥပဒေတိုက်ပွဲဖြစ်ပွားလျက်ရှိသည်မှာ ၁၉၇၃ ခုနှစ်ကတည်းက ဖြစ်သည်။

မြေကွက်ပေါ်တွင် အိမ် ၄ လုံးရှိသည့်အနက် ၃ လုံးကို Lee Tat Development သို့ ရောင်းချခဲ့ပြီး ကျန်သည့်တစ်လုံးကို Grange Heights ကွန်ဒိုမီနီယံသို့ ရောင်းချခဲ့သည်။

Grange Heights ကွန်ဒိုမှ ကန်ထရိုက်တာတို့က Grange Heights သို့ အလွယ်တကူရောက်ရန်အတွက် Wellington စံအိမ်ဝန်းမှ ဖြတ်သန်းကာ အလျား ၈၈၃ မီတာရှိသည့် မြေနေရာကို လမ်းအဖြစ် အသုံးပြုခဲ့သည်။

Straits Times သတင်းစာ၏ ဖော်ပြချက်အရ Lee Tat Development သည် Grange Heights ကွန်ဒိုအနေဖြင့် အဆိုပါလမ်းကို အသုံးပြုခွင့်မရှိကြောင်း တရားရုံးမှ ကြေညာချက်ရရန် ၁၉၇၄ ခုနှစ်တွင် ကြိုးစားခဲ့သည်။

ယင်းနောက်ပိုင်းကတည်းက Lee Tat Development နှင့် Grange Heights တို့သည် အဆိုပါလမ်းကိစ္စနှင့် ပတ်သက်ပြီး နှစ်ပေါင်း ၄၀ ကျော် အမှုရင်ဆိုင်ခဲ့ကြသည်။

၂၀၀၅ ခုနှစ်တွင် အယူခံတရားရုံးက ဆုံးဖြတ်ခဲ့သည်မှာ Grange Heights တွင် နေထိုင်သူများအနေဖြင့် လမ်းကို အသုံးပြုခွင့်ရှိကြောင်း ဆုံးဖြတ်ပေးခဲ့သည်။

သို့သော် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်တွင် ပယ်ဖျက်ပြီး ဆုံးဖြတ်ပြန်ရာ Lee Tat Development က ဥပဒေတိုက်ပွဲတွင် အောင်ပွဲခံခဲ့သည်။

၂၀၁၈ ခုနှစ်တွင် Straits Time သတင်းစာ၏ ဖော်ပြချက်အရ Lee Tat Development က Grange Heights ကွန်ဒိုမီနီယံ၏ စီမံခန့်ခွဲရေးကော်ပိုရေးရှင်း (MCST) ထံမှ လျော်ကြေးရရန် အယူခံတင်ခဲ့သော်လည်း ပယ်ချခံရသည်။

ယခုစံအိမ်ကြီးကို စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (URA) က ပျက်စီးဆုံးရှုံးမှုမရှိစေရန် ဥပဒေဖြင့် အကာအကွယ်ပေးသည့် အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သော်လည်း စံအိမ်ကြီး၏ လက်ရှိ ပျက်စီးနေသည့် အခြေအနေကိုမူ မွမ်းမံမှုများ ပြုလုပ်ခြင်း မရှိချေ။

နေအိမ်ကြီးကို သံမဏိဂိတ်တံခါးများဖြင့် ခြံစည်းကာရံထားဆဲဖြစ်ပြီး ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Massive bungalow built in 1938 in heart of Orchard left to rot, now likely worth S$500 million (mothership)

 

 

 

[Zawgyi]

စကၤာပူမွ ေဒၚလာ သန္း ၅၀၀ တန္ စြန္႔ပစ္ခံ စံအိမ္ၾကီး

 

စကၤာပူႏိုင္ငံ၊ Orchard ၏ အခ်က္အျခာေနရာ Grange လမ္း၊ အမွတ္ ၂၅ တြင္ တည္ရွိေသာ Chee Guan Chiang House ဟု အမည္ေပးထားေသာ စံအိမ္ၾကီးတစ္လံုးရွိသည္။

၁၉၃၈ ခုႏွစ္က ေဆာက္လုပ္ခဲ့သည့္ ၾကီးမားေသာ ဘန္ဂလိုအိမ္ၾကီးျဖစ္ျပီး ျပဳျပင္မြမ္းမံမႈမ်ားမရွိဘဲ စြန္႔ပစ္ထားခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ျပီ ျဖစ္သည္။

အဆိုပါအေဆာက္အအံုၾကီး၏ ေကာင္းကင္ျမင္ကြင္းႏွင့္ က်ယ္ေျပာလွေသာ ျခံဝန္းတို႔မွာ စကၤာပူျပည္သူမ်ား အတြက္ မရင္းႏွီးႏိုင္ေခ်။

ဤမွ် ၾကီးမားက်ယ္ေျပာေသာ ပုဂၢလိကပိုင္ ေျမေနရာမ်ဳိးဟူသည္မွာ စကၤာပူတြင္ ရွားပါးလွသည္။

သို႔ေသာ္ စံအိမ္တည္ေနရာမွာမူ Orchard လမ္းသို႔ မၾကာခဏေရာက္သူမ်ားအေနျဖင့္ မွတ္မိႏိုင္သည္။

စံအိမ္သည္ Grange လမ္းႏွင့္ Devonshire လမ္းဆံုတြင္ရွိျပီး Ngee Ann City ႏွင့္ ခဲတစ္ပစ္စာ အကြာအေဝးမွ်သာ ရွိသည္။ ယင္းအေဆာက္အအံုႏွင့္ ဥပစာမွာ အမ်ားျပည္သူကို ပိတ္ပင္ထားျပီး စပ္စုမည့္သူမ်ားအား တားဆီးေရးအတြက္ က်ဴးေက်ာ္ဝင္ေရာက္လွ်င္ အေရးယူမည္ဟု သတိေပးထားသည္။

သို႔ေသာ္ စကၤာပူသားတိုိ႔က ဤမွ် ထိပ္တန္းေနရာေကာင္းတြင္ရွိသည့္ ျခံၾကီးတစ္ခုကို အဘယ္ေၾကာင့္ အလဟႆျဖစ္ေစရသနည္းဟု သိလိုၾကသည္။

စံအိမ္ဝန္းက်င္ရွိ လူေနႏွင့္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အေဆာက္အအံုမ်ားမွာ ဆယ္စုႏွစ္မ်ားစြာကာလ အတြင္း အလြန္ဖြ႔ံျဖိဳးတိုးတက္ခဲ့သည္။

(စကၤာေပၚေဒၚလာ ၄၂၅ သန္းတန္ေသာ Art Deco ဗိသုကာဟန္ ဘန္ဂလိုအိမ္)

OCBC Group ၏ ပထမဆံုးဥကၠဌ Chee Swee Cheng ၏ သားၾကီး Chee Guan Chiang က ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ေနအိမ္ကို ဒီဇိုင္းေရးဆြဲေပးခဲ့သူမွာ Haw Par Villa မွ ဗိသုကာပညာရွင္ Ho Kwong Yew ျဖစ္ျပီး Art Deco ဗိသုကာဟန္၏ လက္ရာမ်ားစြာျဖင့္ ေဆာက္လုပ္ခဲ့ရာ ဝန္းဝိုင္းေသာ မ်က္ႏွာစာလည္း အပါအဝင္ ျဖစ္သည္။

ေျမေနရာအက်ယ္အဝန္းမွာ စတုရန္းေပ ၁၀၀၀၀၀ ခန္႔ရွိျပီး ၂၀၁၇ ခုႏွစ္က အဆိုပါစံအိမ္၏ တန္ေၾကးမွာ စကၤာပူေဒၚလာ ၄၂၅ သန္းခန္႔ရွိႏိုင္ေၾကာင္းခန္႔မွန္းခဲ့ျပီး လက္ရွိေပါက္ေစ်းျဖင့္ဆိုလွ်င္ စကၤာပူေဒၚလာ ဘီလီယံဝက္ခန္႔ ရွိဖြယ္ရာ ရွိသည္။

Chee Swee Cheng က ထိုဘန္ဂလိုအိမ္ကို ေရွးဦးစြာ Wellington House ဟု အမည္ေပးခဲ့သည္။

လူတစ္ဦးတစ္ေယာက္ကို အစြဲျပဳ၍ အမည္မေပးဘဲ Wellington ဟု အမည္ေပးခဲ့ရျခင္းမွာ well ဟုေသာ စကားလံုးျဖင့္ စတင္ထားျပီး wealth ႏွင့္ အဓိပၸာယ္ဆင္တူေနေသာေၾကာင့္ဟု ဆိုသည္။

စံအိမ္နာမည္အတိုေကာက္ျဖစ္ေသာ WH ဟူသည့္ စာလံုးမ်ားကို စံအိမ္ဝရန္တာ သံၾကြပ္လက္ရန္း တစ္ေလွ်ာက္အျပင္ စံအိမ္တြင္းရွိ ေလွကားၾကီးတြင္လည္း ေတြ႔ရသည္။

စံအိမ္အတြင္း ေရာင္စံုေဆးေရး မွန္ျပတင္းမ်ားလည္း ရွိသည္။ စံအိမ္ၾကီးေဆာက္လုပ္မႈမွာ ၁၉၃၈ ခုႏွစ္တြင္ ျပီးစီးခဲ့သည္။ သို႔ေသာ္ ၁၉၄၁ ခုႏွစ္တြင္ ဂ်ပန္တို႔ စကၤာပူသို႔ က်ဴးေက်ာ္ဝင္ေရာက္လာေသာအခါ Chee မိသားစုသည္ စကၤာပူမွ ထြက္ခြာခဲ့ၾကသည္။ ယင္းေနာက္ပိုင္း ခရီးသည္မ်ားအား အငွားခ်ေပးသည့္ေနအိမ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ အသံုးျပဳခဲ့ျပီး ၁၉၆၄ ခုႏွစ္တြင္ New Leonie Guest House ဟု စံအိမ္အမည္ ေျပာင္းလဲခဲ့သည္။

သို႔ေသာ္ ယင္းေနာက္ပိုင္းတြင္ စံအိမ္ၾကီးကို အသံုးမျပဳဘဲ ထားရွိျပန္သည္။

(ေျမေနရာအေပၚ ႏွစ္ေပါင္း ၄၀ ဥပေဒေၾကာင္း အျငင္းပြားမႈ)

စံအိမ္တည္ရွိရာ ေျမကြက္ႏွင့္ စပ္လ်ဥ္းျပီး ဥပေဒတိုက္ပြဲျဖစ္ပြားလ်က္ရွိသည္မွာ ၁၉၇၃ ခုႏွစ္ကတည္းက ျဖစ္သည္။

ေျမကြက္ေပၚတြင္ အိမ္ ၄ လံုးရွိသည့္အနက္ ၃ လံုးကို Lee Tat Development သုိ႔ ေရာင္းခ်ခဲ့ျပီး က်န္သည့္တစ္လံုးကို Grange Heights ကြန္ဒိုမီနီယံသို႔ ေရာင္းခ်ခဲ့သည္။

Grange Heights ကြန္ဒိုမွ ကန္ထရိုက္တာတို႔က Grange Heights သို႔ အလြယ္တကူေရာက္ရန္အတြက္ Wellington စံအိမ္ဝန္းမွ ျဖတ္သန္းကာ အလ်ား ၈၈၃ မီတာရွိသည့္ ေျမေနရာကို လမ္းအျဖစ္ အသံုးျပဳခဲ့သည္။

Straits Times သတင္းစာ၏ ေဖာ္ျပခ်က္အရ Lee Tat Development သည္ Grange Heights ကြန္ဒိုအေနျဖင့္ အဆိုပါလမ္းကို အသံုးျပဳခြင့္မရွိေၾကာင္း တရားရံုးမွ ေၾကညာခ်က္ရရန္ ၁၉၇၄ ခုႏွစ္တြင္ ၾကိဳးစားခဲ့သည္။

ယင္းေနာက္ပိုင္းကတည္းက Lee Tat Development ႏွင့္ Grange Heights တို႔သည္ အဆိုပါလမ္းကိစၥႏွင့္ ပတ္သက္ျပီး ႏွစ္ေပါင္း ၄၀ ေက်ာ္ အမႈရင္ဆိုင္ခဲ့ၾကသည္။

၂၀၀၅ ခုႏွစ္တြင္ အယူခံတရားရံုးက ဆံုးျဖတ္ခဲ့သည္မွာ Grange Heights တြင္ ေနထိုင္သူမ်ားအေနျဖင့္ လမ္းကို အသံုးျပဳခြင့္ရွိေၾကာင္း ဆံုးျဖတ္ေပးခဲ့သည္။

သို႔ေသာ္ အဆိုပါအမိန္႔ကို ၂၀၀၈ ခုႏွစ္တြင္ ပယ္ဖ်က္ျပီး ဆံုးျဖတ္ျပန္ရာ Lee Tat Development က ဥပေဒတိုက္ပြဲတြင္ ေအာင္ပြဲခံခဲ့သည္။

၂၀၁၈ ခုႏွစ္တြင္ Straits Time သတင္းစာ၏ ေဖာ္ျပခ်က္အရ Lee Tat Development က Grange Heights ကြန္ဒိုမီနီယံ၏ စီမံခန္႔ခြဲေရးေကာ္ပိုေရးရွင္း (MCST) ထံမွ ေလ်ာ္ေၾကးရရန္ အယူခံတင္ခဲ့ေသာ္လည္း ပယ္ခ်ခံရသည္။

ယခုစံအိမ္ၾကီးကို စကၤာပူျမိဳ႕ျပျပန္လည္ဖြံ႔ျဖိဳးေရးအာဏာပိုင္အဖြဲ႔ (URA) က ပ်က္စီးဆံုးရံႈးမႈမရွိေစရန္ ဥပေဒျဖင့္ အကာအကြယ္ေပးသည့္ အေဆာက္အအံုအျဖစ္ သတ္မွတ္ခဲ့ေသာ္လည္း စံအိမ္ၾကီး၏ လက္ရွိ ပ်က္စီးေနသည့္ အေျခအေနကိုမူ မြမ္းမံမႈမ်ား ျပဳလုပ္ျခင္း မရွိေခ်။

ေနအိမ္ၾကီးကို သံမဏိဂိတ္တံခါးမ်ားျဖင့္ ျခံစည္းကာရံထားဆဲျဖစ္ျပီး က်ဴးေက်ာ္ဝင္ေရာက္ျခင္းမျပဳရန္ သတိေပးဆိုင္းဘုတ္မ်ား ခ်ိတ္ဆြဲထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Massive bungalow built in 1938 in heart of Orchard left to rot, now likely worth S$500 million (mothership)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service