ဟင်းချက်ဆီ တွေထဲမှာ ဘယ်ဟင်းချက်ဆီက အကောင်းဆုံးလဲ ။

ဟင်းချက်ဆီ တွေထဲမှာ ဘယ်ဟင်းချက်ဆီက အကောင်းဆုံးလဲ ။ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jun 2022 10:26 am တွင် တင်ခဲ့သည်
943 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဟင်းချက်တယ်ဆိုတဲ့ နေရာမှာ မပါမဖြစ်က ဆီပဲလေ။ ကြော်မလား၊ ချက်မလား၊ သုပ်မလား သူမပါလို့ကို မရဘူး။ ဟင်းတစ်ခွက် အရသာ ကောင်းမွန်ဖို့ အတွက် ဆီက အရေးကြီးဆုံးဖြစ်ပေမယ့် ကျန်းမာရေး ရှုထောင့်ကကြည့်ရင်တော့ သူက တန်ဆေး လွန်ဘေး ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ပြီး ဟင်းချက်ဆီ တွေ ပေါ်လာပါတော့တယ်။ လူတွေ သုံးနေကြတဲ့ နာမည်ကြီး ဟင်းချက်ဆီ တွေ ဘယ်နှစ်မျိုး ရှိလဲ။ သူတို့ထဲမှာ ဘယ်ဆီက ကျန်းမာရေးအတွက် အကောင်းဆုံးလဲ။ တကယ်ရော ကောင်းရဲ့လား။

နာမည်ကြီး ဟင်းချက်ဆီ အမျိုးအစားများ........

မြေပဲဆီ

မြန်မာနိုင်ငံသားတိုင်း တစ်ညီတစ်ညွတ်တည်း ယုံကြည်ထားကြတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဆီဆို မြေပဲဆီလို့သာ ပြောရပါလိမ့်မယ်။ တကယ်လည်း မြေပဲဆီမှာ မပြည့်ဝဆီ ၅၀ ရာခိုင်နှုန်း၊ ပါပြီး ပြည့်ဝဆီ ၂၀ ရာခိုင်နှုန်းပဲပါတယ်။ မပြည့်ဝဆီ ပါဝင်မှုများတဲ့အတွက် မီးအပူဒဏ်ခံနိုင်ပြီး ကြော်လှော်ဖို့နဲ့ ချက်ပြုတ်ဖို့အတွက် အသင့်တော်ဆုံး ဆီတစ်ခုပါ။ ဗီတာမင် E လည်း ကြွယ်ဝစွာပါလို့ မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ဓာတ်တိုး ဆန့်ကျင်ပေးအတွက် ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ သွေးကြောကျဉ်းတာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို တက်စေတဲ့အတွက် ဆီးချို သမားတွေ အတွက်လည်း သင့်တော်တဲ့ ဟင်းချက်ဆီတစ်မျိုးပါ။

စားအုန်းဆီ

စားအုန်းဆီ ဆိုတာ မြန်မာနိုင်ငံကလူတွေ အများဆုံး အသုံးပြုတဲ့ ဟင်းချက်ဆီ တစ်မျိုးပါ။ စားအုန်းဆီမှာ မပြည့်ဝဆီ ၈၅ ရာခိုင်နှုန်းတောင် ပါဝင်တဲ့အတွက် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးရောဂါတို့ကို ပိုဖြစ်စေပါတယ်။ ဈေးသက်သာတယ်ဆိုပေမယ့် ကျန်းမာရေးကို ထိခိုက်စေလို့ ဟင်းချက်ဖို့အတွက် မရွေးသင့်တဲ့ ဆီတစ်မျိုးပါ။

ပဲပိစပ်ဆီ

တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေထဲမှာ အများဆုံးတွေ့ရတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ပဲပိစပ်ဆီမှာ ပြည့်ဝဆီ ၆၀ ရာခိုင်နှုန်းပါပြီး မပြည့်ဝဆီ ၂၃ ရာခိုင်နှုန်းပဲပါတဲ့အတွက် ကျန်းမာရေးအတွက် မသင့်တော်တဲ့ဆီတစ်မျိုးပါ။ ဒါ့အပြင် ပဲပိစပ်ဆီ အများစုကို အပူခံနိုင်အောင် ဓာတုပစ္စည်းတွေ သုံးပြီးထုတ်ထားကြတဲ့အတွက် မကောင်းတဲ့အဆီတွေ ပါဝင်မှု ပိုများနိုင်တာကြောင့် ပဲပိစပ်ဆီကို ဟင်းချက်ဆီအဖြစ် မရွေးချယ်တာ အကောင်းဆုံးပါ။ ။

နေကြာဆီ

နေကြာစေ့တွေနေ ထုတ်ထားတဲ့ နေကြာဆီဟာ ဗီတာမင် E ကြွယ်ဝတဲ့ ဆီတစ်မျိုးပါ။ စားပွဲတင်ဇွန်းတစ်ဇွန်းလောက်နဲ့တင် သင်တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် E ပြည့်စုံသွားပြီဖြစ်ပါတယ်။ နေကြာဆီကို high oleic, linoleic or partially hydrogenated forms ဆိုပြီး ၃ မျိုးတွေ့ရပါတယ်။

high oleic များတဲ့ နေကြာဆီမှာ မပြည့်ဝဆီတွေများတဲ့အတွက် သွေးတွင်း အဆီဓာတ်ကို လျှော့ချပေးပြီး သွေးပေါင်ချိန်ကို လျှော့ချပေးလို့ နှလုံးရောဂါကနေ ကာကွယ်ပေးပါတယ်။ linoleic များတဲ့ နေကြာဆီ မှာဆိုရင် အိုမီဂါ ၆ ကြွယ်ဝစွာပါပါတယ်။

partially hydrogenated forms တွေများတဲ့ နေကြာဆီမှာတော့ မကောင်းတဲ့ အဆီတွေများတဲ့အတွက် သွေးတွင်း ကိုလက်စရောကို တက်စေလို့ နှလုံးရောဂါဖြစ်စေတဲ့အပြင် အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကို ကမောက်ကမဖြစ်စေလို့ ဆီးချိုဖြစ်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။ ဒါကြောင့် နေကြာဆီကို ရွေးပြီး ဟင်းချက်တော့မယ်ဆိုရင် oleic များတဲ့ နေကြာဆီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

နှမ်းဆီ

နှမ်းဆီဆိုတာ အာရှသားတွေ အသုံးများတဲ့ ဟင်းချက်ဆီ တစ်ခုပါ။ နှမ်းဆီမှာပါတဲ့ မွှေးတဲ့ရနံ့လေးကြောင့် တို့ဟူး၊ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေ ကြော်စားဖို့အတွက် အလိုက်ဖက်ဆုံး ဆီတစ်မျိုးပါ။ နှမ်းဆီမှာ မပြည့်ဝဆီတွေ အများကြီးပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်လှတဲ့ ဆီတစ်မျိုးပါ။

သံလွင်ဆီ

မပြည့်ဝဆီ ၇၅ ရာခိုင်နှုန်းပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံတွေထဲမှာ သံလွင်ဆီက မပါမဖြစ်ပါ ။ လေ့လာချက်တွေအရ သံလွင်ဆီဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်အားကို ကောင်းစေပြီး သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးပါတယ်။ တစ်ခုရှိတာက အပူဒဏ်ကို သိပ်မခံနိုင်တဲ့အတွက်ကြောင့် ဟင်းချက်မယ့်အစား အသုပ်သုပ်ဖို့အတွက် သံလွင်ဆီကို ပိုသုံးသင့်ပါတယ်။

ထောပတ်

ထောပတ်ဆိုတာ အကြော်အလှော်တွေအတွက် အရသာရော၊ အနံ့ကိုရော ပြည့်စုံစေတဲ့ ဟင်းချက်ဆီ အစားသုံးလို့ရတဲ့ အရာတစ်ခုပါ။ မကောင်းတာတစ်ခုကတော့ ထောပတ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြည့်ဝဆီတွေ အများကြီးပါတဲ့အတွက် နှလုံးရောဂါကို ပိုဖြစ်စေပါတယ်။

အုန်းဆီ

အုန်းဆီဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်တဲ့ လူတွေ ရွေးချယ်တတ်ကြတဲ့ ဆီတစ်မျိုးပါ။ အုန်းဆီမှာ medium chain triglycerides တွေ အများကြီးပါတဲ့အတွက် စားလိုက်တာနဲ့ ကိုယ်ခန္ဓာက ချက်ချင်းသုံးစွဲပြီး လောင်စာအဖြစ် အသုံးချလိုက်တာကြောင့် ကိုယ်ခန္ဓာထဲမှာ အဆီတွေစုတာနည်းပါးသွားပါတယ်။ ဒါကြောင့် အုန်းဆီဆိုတာ ဟင်းချက်ဖို့အတွက် အသင့်တော်ဆုံးဆီထဲမှာပါပါတယ်။ အရေးကြီးက သဘာဝအတိုင်းရတဲ့ အုန်းဆီကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ တာရှည်ခံအခြောက်ခံထားတဲ့ အုန်းဆီအခဲတွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် ဟင်းချက်ဖို့အတွက် မသင့်တော်ပါဘူး။

ရွေးချယ်စရာ တွေများပြားလှတဲ့ ဟင်းချက်ဆီ အမျိုးမျိုးထဲကမှ ဘယ်ဟာက အကောင်းဆုံးလဲဆိုတာတော့ မရှိပါဘူး။ ရေလုံပြုတ်ချည်းပဲ နေ့တိုင်း မစားနိုင်ကြတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်ချင်တယ်၊ ဆီလေးလည်း ပါချင်တယ်ဆို ဆီနည်းနည်းပဲသုံးပြီး ဟင်းချက်တာကသာ အကောင်းဆုံးပါ။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ဟင္းခ်က္ဆီ ေတြထဲမွာ ဘယ္ဟင္းခ်က္ဆီက အေကာင္းဆုံးလဲ ။

ဟင္းခ်က္တယ္ဆိုတဲ့ ေနရာမွာ မပါမျဖစ္က ဆီပဲေလ။ ေၾကာ္မလား၊ ခ်က္မလား၊ သုပ္မလား သူမပါလို႔ကို မရဘူး။ ဟင္းတစ္ခြက္ အရသာ ေကာင္းမြန္ဖို႔ အတြက္ ဆီက အေရးႀကီးဆုံးျဖစ္ေပမယ့္ က်န္းမာေရး ႐ႈေထာင့္ကၾကည့္ရင္ေတာ့ သူက တန္ေဆး လြန္ေဘး ျဖစ္လို႔ေနပါတယ္။ ဒီလိုနဲ႔ က်န္းမာေရးနဲ႔ ညီၫြတ္တယ္ၿပီး ဟင္းခ်က္ဆီ ေတြ ေပၚလာပါေတာ့တယ္။ လူေတြ သုံးေနၾကတဲ့ နာမည္ႀကီး ဟင္းခ်က္ဆီ ေတြ ဘယ္ႏွစ္မ်ိဳး ႐ွိလဲ။ သူတို႔ထဲမွာ ဘယ္ဆီက က်န္းမာေရးအတြက္ အေကာင္းဆုံးလဲ။ တကယ္ေရာ ေကာင္းရဲ႕လား။

နာမည္ႀကီး ဟင္းခ်က္ဆီ အမ်ိဳးအစားမ်ား........

ေျမပဲဆီ

ျမန္မာႏိုင္ငံသားတိုင္း တစ္ညီတစ္ၫြတ္တည္း ယုံၾကည္ထားၾကတဲ့ က်န္းမာေရးနဲ႔ အညီၫြတ္ဆုံးဆီဆို ေျမပဲဆီလို႔သာ ေျပာရပါလိမ့္မယ္။ တကယ္လည္း ေျမပဲဆီမွာ မျပည့္ဝဆီ ၅၀ ရာခိုင္ႏႈန္း၊ ပါၿပီး ျပည့္ဝဆီ ၂၀ ရာခိုင္ႏႈန္းပဲပါတယ္။ မျပည့္ဝဆီ ပါဝင္မႈမ်ားတဲ့အတြက္ မီးအပူဒဏ္ခံႏိုင္ၿပီး ေၾကာ္ေလွာ္ဖို႔နဲ႔ ခ်က္ျပဳတ္ဖို႔အတြက္ အသင့္ေတာ္ဆုံး ဆီတစ္ခုပါ။ ဗီတာမင္ E လည္း ႂကြယ္ဝစြာပါလို႔ မေကာင္းတဲ့ ဓာတုပစၥည္းေတြကို ဓာတ္တိုး ဆန္႔က်င္ေပးအတြက္ ကင္ဆာေရာဂါ၊ ႏွလုံးေရာဂါနဲ႔ ေသြးေၾကာက်ဥ္းတာေတြကို ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ အင္ဆူလင္တုံ႔ျပန္ႏိုင္စြမ္းကို တက္ေစတဲ့အတြက္ ဆီးခ်ိဳ သမားေတြ အတြက္လည္း သင့္ေတာ္တဲ့ ဟင္းခ်က္ဆီတစ္မ်ိဳးပါ။

စားအုန္းဆီ

စားအုန္းဆီ ဆိုတာ ျမန္မာႏိုင္ငံကလူေတြ အမ်ားဆုံး အသုံးျပဳတဲ့ ဟင္းခ်က္ဆီ တစ္မ်ိဳးပါ။ စားအုန္းဆီမွာ မျပည့္ဝဆီ ၈၅ ရာခိုင္ႏႈန္းေတာင္ ပါဝင္တဲ့အတြက္ ႏွလုံးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါနဲ႔ ေသြးတိုးေရာဂါတို႔ကို ပိုျဖစ္ေစပါတယ္။ ေဈးသက္သာတယ္ဆိုေပမယ့္ က်န္းမာေရးကို ထိခိုက္ေစလို႔ ဟင္းခ်က္ဖို႔အတြက္ မေ႐ြးသင့္တဲ့ ဆီတစ္မ်ိဳးပါ။

ပဲပိစပ္ဆီ

တာ႐ွည္ခံေအာင္လုပ္ထားတဲ့ အစားအေသာက္ေတြထဲမွာ အမ်ားဆုံးေတြ႕ရတဲ့ ဆီတစ္မ်ိဳးျဖစ္ပါတယ္။ ပဲပိစပ္ဆီမွာ ျပည့္ဝဆီ ၆၀ ရာခိုင္ႏႈန္းပါၿပီး မျပည့္ဝဆီ ၂၃ ရာခိုင္ႏႈန္းပဲပါတဲ့အတြက္ က်န္းမာေရးအတြက္ မသင့္ေတာ္တဲ့ဆီတစ္မ်ိဳးပါ။ ဒါ့အျပင္ ပဲပိစပ္ဆီ အမ်ားစုကို အပူခံႏိုင္ေအာင္ ဓာတုပစၥည္းေတြ သုံးၿပီးထုတ္ထားၾကတဲ့အတြက္ မေကာင္းတဲ့အဆီေတြ ပါဝင္မႈ ပိုမ်ားႏိုင္တာေၾကာင့္ ပဲပိစပ္ဆီကို ဟင္းခ်က္ဆီအျဖစ္ မေ႐ြးခ်ယ္တာ အေကာင္းဆုံးပါ။ ။

ေနၾကာဆီ

ေနၾကာေစ့ေတြေန ထုတ္ထားတဲ့ ေနၾကာဆီဟာ ဗီတာမင္ E ႂကြယ္ဝတဲ့ ဆီတစ္မ်ိဳးပါ။ စားပြဲတင္ဇြန္းတစ္ဇြန္းေလာက္နဲ႔တင္ သင္တစ္ေန႔တာလိုအပ္တဲ့ ဗီတာမင္ E ျပည့္စုံသြားၿပီျဖစ္ပါတယ္။ ေနၾကာဆီကို high oleic, linoleic or partially hydrogenated forms ဆိုၿပီး ၃ မ်ိဳးေတြ႕ရပါတယ္။

high oleic မ်ားတဲ့ ေနၾကာဆီမွာ မျပည့္ဝဆီေတြမ်ားတဲ့အတြက္ ေသြးတြင္း အဆီဓာတ္ကို ေလွ်ာ့ခ်ေပးၿပီး ေသြးေပါင္ခ်ိန္ကို ေလွ်ာ့ခ်ေပးလို႔ ႏွလုံးေရာဂါကေန ကာကြယ္ေပးပါတယ္။ linoleic မ်ားတဲ့ ေနၾကာဆီ မွာဆိုရင္ အိုမီဂါ ၆ ႂကြယ္ဝစြာပါပါတယ္။

partially hydrogenated forms ေတြမ်ားတဲ့ ေနၾကာဆီမွာေတာ့ မေကာင္းတဲ့ အဆီေတြမ်ားတဲ့အတြက္ ေသြးတြင္း ကိုလက္စေရာကို တက္ေစလို႔ ႏွလုံးေရာဂါျဖစ္ေစတဲ့အျပင္ အင္ဆူလင္ကို တုံ႔ျပန္ႏိုင္စြမ္းကို ကေမာက္ကမျဖစ္ေစလို႔ ဆီးခ်ိဳျဖစ္ပြားမႈႏႈန္းကို ျမင့္တက္ေစပါတယ္။ ဒါေၾကာင့္ ေနၾကာဆီကို ေ႐ြးၿပီး ဟင္းခ်က္ေတာ့မယ္ဆိုရင္ oleic မ်ားတဲ့ ေနၾကာဆီအမ်ိဳးအစားကို ေ႐ြးခ်ယ္သင့္ပါတယ္။

ႏွမ္းဆီ

ႏွမ္းဆီဆိုတာ အာ႐ွသားေတြ အသုံးမ်ားတဲ့ ဟင္းခ်က္ဆီ တစ္ခုပါ။ ႏွမ္းဆီမွာပါတဲ့ ေမႊးတဲ့ရနံ႔ေလးေၾကာင့္ တို႔ဟူး၊ ထမင္းနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ ေၾကာ္စားဖို႔အတြက္ အလိုက္ဖက္ဆုံး ဆီတစ္မ်ိဳးပါ။ ႏွမ္းဆီမွာ မျပည့္ဝဆီေတြ အမ်ားႀကီးပါဝင္တဲ့အတြက္ က်န္းမာေရးနဲ႔ ညီၫြတ္လွတဲ့ ဆီတစ္မ်ိဳးပါ။

သံလြင္ဆီ

မျပည့္ဝဆီ ၇၅ ရာခိုင္ႏႈန္းပါတာေၾကာင့္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ စားေသာက္မႈ ပုံစံေတြထဲမွာ သံလြင္ဆီက မပါမျဖစ္ပါ ။ ေလ့လာခ်က္ေတြအရ သံလြင္ဆီဟာ ဦးေႏွာက္ရဲ႕ မွတ္ဉာဏ္အားကို ေကာင္းေစၿပီး ေသြးတြင္းအဆီဓာတ္ကို ေလွ်ာ့ခ်ေပးပါတယ္။ တစ္ခု႐ွိတာက အပူဒဏ္ကို သိပ္မခံႏိုင္တဲ့အတြက္ေၾကာင့္ ဟင္းခ်က္မယ့္အစား အသုပ္သုပ္ဖို႔အတြက္ သံလြင္ဆီကို ပိုသုံးသင့္ပါတယ္။

ေထာပတ္

ေထာပတ္ဆိုတာ အေၾကာ္အေလွာ္ေတြအတြက္ အရသာေရာ၊ အနံ႔ကိုေရာ ျပည့္စုံေစတဲ့ ဟင္းခ်က္ဆီ အစားသုံးလို႔ရတဲ့ အရာတစ္ခုပါ။ မေကာင္းတာတစ္ခုကေတာ့ ေထာပတ္မွာ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ ျပည့္ဝဆီေတြ အမ်ားႀကီးပါတဲ့အတြက္ ႏွလုံးေရာဂါကို ပိုျဖစ္ေစပါတယ္။

အုန္းဆီ

အုန္းဆီဆိုတာ က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားသုံးခ်င္တဲ့ လူေတြ ေ႐ြးခ်ယ္တတ္ၾကတဲ့ ဆီတစ္မ်ိဳးပါ။ အုန္းဆီမွာ medium chain triglycerides ေတြ အမ်ားႀကီးပါတဲ့အတြက္ စားလိုက္တာနဲ႔ ကိုယ္ခႏၶာက ခ်က္ခ်င္းသုံးစြဲၿပီး ေလာင္စာအျဖစ္ အသုံးခ်လိုက္တာေၾကာင့္ ကိုယ္ခႏၶာထဲမွာ အဆီေတြစုတာနည္းပါးသြားပါတယ္။ ဒါေၾကာင့္ အုန္းဆီဆိုတာ ဟင္းခ်က္ဖို႔အတြက္ အသင့္ေတာ္ဆုံးဆီထဲမွာပါပါတယ္။ အေရးႀကီးက သဘာဝအတိုင္းရတဲ့ အုန္းဆီကို အသုံးျပဳဖို႔ပဲျဖစ္ပါတယ္။ ဓာတုပစၥည္းေတြနဲ႔ တာ႐ွည္ခံအေျခာက္ခံထားတဲ့ အုန္းဆီအခဲေတြကေတာ့ က်န္းမာေရးနဲ႔ မညီၫြတ္တာေၾကာင့္ ဟင္းခ်က္ဖို႔အတြက္ မသင့္ေတာ္ပါဘူး။

ေ႐ြးခ်ယ္စရာ ေတြမ်ားျပားလွတဲ့ ဟင္းခ်က္ဆီ အမ်ိဳးမ်ိဳးထဲကမွ ဘယ္ဟာက အေကာင္းဆုံးလဲဆိုတာေတာ့ မ႐ွိပါဘူး။ ေရလုံျပဳတ္ခ်ည္းပဲ ေန႔တိုင္း မစားႏိုင္ၾကတဲ့အတြက္ က်န္းမာေရးနဲ႔လည္း ညီၫြတ္ခ်င္တယ္၊ ဆီေလးလည္း ပါခ်င္တယ္ဆို ဆီနည္းနည္းပဲသုံးၿပီး ဟင္းခ်က္တာကသာ အေကာင္းဆုံးပါ။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service