အသေးစိတ်ရှာဖွေရန်

ရန်ကုန်တိုင်းဒေသကြီးရှိရောင်းရန်လုံးချင်းအိမ်များ

ရန်ကုန်လုံးချင်းအိမ် အရောင်းဈေးကွက်

မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ခြံမြေ တွေထဲမှာ ရန်ကုန်မှာရှိတဲ့ လုံးချင်းအိမ်က စိတ်ဝင်စားမှုအရှိဆုံး လို့ဆိုနိုင်ပါတယ် ။ စိတ်ဝင်စားမှုအရှိဆုံးဆိုတာက အရောင်းအဝယ်သွက်လို့မဟုတ်ပါဘူး ။ မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံးလုံးချင်းအိမ် ဈေးကွက်ဖြစ်နေရခြင်းကြောင့်ပါပဲ ။ မြန်မာနိုင်ငံလုံးချင်းအိမ် အရောင်း ၊ အဝယ်မှာ ရန်ကုန်ပြီး မန္တလေးက ဒုတိယလိုက်နေပါတယ် ။

ရန်ကုန်လုံးချင်းအိမ်တွေထဲမှာ ဈေးအကြီးဆုံးလို့ပြောနိုင်တဲ့ ဗဟန်းမြို့နယ် ၊ ရွှေတောင်ကြားရပ်ကွက် ၊ အင်းယားမြိုင်ဘက်ခြမ်း နှင့် တက္ကသိုလ်ရိပ်သာဘက်ခြမ်းမှာရှိတဲ့ လုံးချင်းအိမ်တွေလို့ ဆိုနိုင်ပါတယ် ။ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကျော် ထိပ်တန်းသူဌေးကြီးတွေနေထိုင်တဲ့နေရာလို့ပြောရင်လည်း မမှားပါဘူး ။ ကာလပေါက်ဈေးအားဖြင့် သိန်း ၁ သောင်းမက တန်ကြေးရှိတဲ့ လုံးချင်းအိမ်တွေပါ ။ ကျန်တဲ့မြို့နယ်တွေမှာရှိတဲ့ လုံးချင်းအိမ်တွေကတော့ ဈေးနှုန်းအားဖြင့် အများဆုံး သိန်း ၁ သောင်း ပေါက်ဈေးရှိနိုင်ပြီး ပျဉ်ထောင်အိမ် ၊ တစ်ထပ် အုတ်ကျွတ်အိမ် နှင့် RC 2 ထပ်အိမ်တွေလည်းပါဝင်ပါတယ် ။ မြို့နယ်နေရာကွာခြားမှုအပေါ်ဈေးနှုန်းကွဲသွားရခြင်းဖြစ်ပါတယ် ။

ရန်ကုန်မြို့ရဲ့အစွန်ဖက်ကျတဲ့ တောင်ဒဂုံ ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံ ၊ ရွှေပြည်သာ ၊ လှိုင်သာယာ ၊ မင်္ဂလာဒုံဘက်မှာရှိတဲ့ လုံးချင်းအိမ်တွေကတော့ ဈေးနှုန်းအတန်အသင့်ရှိပြီး အရောင်း ၊ အဝယ် အနည်းငယ် ရှိတတ်ကြပါတယ် ။ လုံးချင်းအိမ် ဝယ်ယူသူအများစုကလည်း နေထိုင်ဖို့အတွက်လည်း ဖြစ်နိုင်သလို ၊ ငှားရမ်းဖို့ ၊ ရုံးခန်းဖွင့်ဖို့အတွက်လည်းရှိတတ်ပါတယ် ။ တန်းဖိုးကြီးမြင့်လှတဲ့ လုံးချင်းအိမ် အရောင်းအဝယ်က မရှိသလောက်ရှားပေမယ့် အခြားမြို့နယ်တွေမှာရှိတဲ့ လုံးချင်းအိမ်တွေကတော့ အတော်အတင့် အရောင်းအဝယ်ဖြစ်လေ့ ရှိပါတယ် ။ လုံးချင်းအိမ်ပိုင်ဆိုင်သူအများစုက တဆင့်ပြန်လည်ဝယ်ယူသူတွေ နည်းပါးလွန်းပြီး ဘိုးဘွားပိုင်အဖြစ်တည်ရှိနေတတ်ပါတယ် ။ နောက်ပိုင်း အိမ်ရာစီမံကိန်းတွေဆောက်လုပ်လာတဲ့ အဆင့်မြင့်လုံးချင်းအိမ်ရာတွေရှိလာမှသာ ပိုင်ဆိုင်သူအသစ်ပေါ်လာတတ်ပါတယ် ။

ရန်ကုန်ရှိ လုံးချင်းအိမ်ရာအများစုကလဲ နာမည်ကြီး ဈေးကွက်တစ်ခုအဖြစ်ရှိနေပြီး အချို့သော လုံးချင်းအိမ်ရာတွေဖြစ်တဲ့ ကြည့်မြင်တိုင်ရှိ ပန်းလှိုင်အိမ်ရာ (ယခင်ဟုမ်းလမ်းတည်ရှိရာ) နှင့် ဘုရင့်နောင် နဝဒေးအိမ်ရာတို့ဟာလဲ လူသိများ လုံးချင်းအိမ်ရာ တွေဖြစ်ကြပါတယ်။ အနာဂတ် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုနဲ့ အတူ ရန်ကုန်လုံးချင်းအိမ် ဈေးကွက်ကလည်း နိုင်ငံတကာရင်းနှီးမြုပ်နှံလိုသူ နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားတဲ့ ဈေးကွက်တစ်ခုအဖြစ်ရှိလို့နေပါတယ် ။ ရန်ကုန်မြို့မှာရှိတဲ့ ရောင်းရန်ရှိတဲ့ လုံးချင်းအိမ် တွေကိုလည်း iMyanmarHouse.com ကနေစုစည်းဖော်ပြ ပေးလိုက်ပါတယ် ။

Featured AdWanted Listing

Premium Agencies

Aye Chan Myay Commercial Real Estate Company
Aye Chan Myay Commercial Real Estate Company

No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.

Burmese House
Burmese House

No13,Myat lay Yone Street, Hlaing Township

Perfect World Real Estate Services (Company)
Perfect World Real Estate Services (Company)

No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.

Soe Kabar Real Estate Co.,Ltd
Soe Kabar Real Estate Co.,Ltd

Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon

အိမ်လှလှလေးတစ်လုံး ပိုင်ဆိုင်နိုင်ဖို့
အိုင်မြန်မာဟောက်(စ်)ဒေါ့ကွန်း မှာ
အိမ်ရာချေးငွေ လျှောက်ကြစို့

mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store