အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

ရန်ကုန်မြို.ပြင်မှာ လယ်မြေတွေကို တချို. အကွက် ရိုက်ပြီး ရောင်းနေတာ တွေ့ရပါတယ်၊ ပုံစံ (၇)၊ ပုံစံ (၁၀၅) ကျပြီး လို့ ပြောပါတယ်၊ ၀ယ်ပြီးရင် ပိုင်ဆိုင်မှု ခိုင်မာမှု ရှိ၊ မရှိ သိချင်လို့ ဖြေကြားပေးပါနော်၊ ပုံစံ (၁၀၅) ဆိုတာ မြေစာရင်း ဌာနမှ ထုတ်ပေးတဲ့ တည်နေရာ မြေအမျိုး အစား ဖော်ပြတဲ့ မြေပုံ။ ထုတ်ပေးပြီး တစ်နှစ်အတွင်းသာ အကျုံးဝင်တယ်လို့ နားလည်ထားပါတယ်၊ ဟုတ်ပါလား ၊ပြီးတော့ ပုံစံ (၇) ဆိုတာ ဘာကို ပြောတာလဲ ခင်ဗျ။ သိချင်ပါတယ်။

မေးသူ - ကိုနေ

[Unicode] ရန်ကုန်မြို.ပြင်မှာ လယ်မြေတွေကို တချို. အကွက် ရိုက်ပြီး ရောင်းနေတာ တွေ့ရပါတယ်၊ ပုံစံ (၇)၊ ပုံစံ (၁၀၅) ကျပြီး လို့ ပြောပါတယ်၊ ဝယ်ပြီးရင် ပိုင်ဆိုင်မှု ခိုင်မာမှု ရှိ၊ မရှိ သိချင်လို့ ဖြေကြားပေးပါနော်၊ ပုံစံ (၁၀၅) ဆိုတာ မြေစာရင်း ဌာနမှ ထုတ်ပေးတဲ့ တည်နေရာ...

ဆရာရှင့် တိုက်ကဆောက်ပြီးတာ ၁၅ နှစ်ရှိပါပြီ။ BCC မရှိတာကိုတိုက်ခန်းဝယ်ဖို့ စရန်ပေးပြီးမှ သိရပါတယ်။ ပိုင်ရှင်ကတိုက်အဟောင်းက BCC မရှိလည်းနေလို့ရပါ တယ်တဲ့လို့ ပြောပါတယ် ဆရာ။ တိုက်အ သစ်တွေကမှလိုတာလို့ ပြောပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကြား မိတာကတော့ အဟောင်း တွေကိုလည်း YCDC က ပြန်စစ်ပြီး ဒဏ်ငွေဆောင်ရ မယ်ကြားမိပါတယ်။ ဒီသတင်းသာမှန်ရင် ဘာဆက်ဖြစ်နိုင်ပါလည်းဆရာ??? တိုက်ခန်းကိုဝယ်ရမှာလား ၊ ဝယ်ဖို့ရပ်သင့်လား?? ဖြေပေးပါဆရာ။

မေးသူ - မ၀င္းယု

[Unicode] ညီမကတိုက်ဟောင်းဝယ်ဖို့ စရံငွေပေးထားပြီးပြီဆိုပါတော့ တိုက်ဟောင်းဘဲဖြစ်ဖြစ်တိုက်သစ်ပဲဖြစ်ဖြစ် ယာ/အုံ ဌာနကထုပ်ပေးတဲ့ လုနေထိုင်ခွင့်လက်မှတ်အရေးကြီးတာပေါ့ လူနေထိုင်ခွင့်ရတယ်ဆိုတာ ရေမီး မိလ္လာ စနစ် ပြည့်စုံအောင်စစ်ဆေးပြီးပါပြီ...

မြို့အတွင်း​ ရပ်​ကွပ်​တစ်​ခုမှာ ယခင်​က တစ်​လုံးသစ်​သားဖြင့်​ပြုလုပ်​ထား​သော အိမ်​​လေး တည်​ရှိပါသည်​။ထိုအိမ်​​လေး​ရှေ့တွင်​ယခုအခါ သစ်​သား နှစ်​ထပ်​အိမ်​​ဆောက်​လုပ်ပါသည်​။ ထိုအခါ စည်​ပင်​ရုံးမှ ​ခေါ်​ဆောင်​ပြီး ငွေ ၉သောင်း ​ကောက်​ခံပါတယ် ကျွန်​​တော်​ နားမလည် ​သည်​မှာ မည်​သည်​​ကြောင့်​ပေး​ဆောင်​ရသည်​ကို မသိပါသဖြင့်​ ပြန်​လည်​​ဖြေကြားပေး​စေချင်​ပါတယ်​ ။

မေးသူ - ကို​ကျော်​မြတ်​ဦး

" ကို​ကျော်​မြတ်​ဦး " ပိုင်​တဲ့ယခင်​သစ်​သားအိမ်​​ရှေ့မှာ ယခု(၂)ထပ်​ပျဉ်​​ထောင်​ အိမ်​​ဆောက်​ပြီဆိုကတည်းက ရန်​ကုန်​မြို့ ​တော်​စီပင်​သာယာ​ရေး​ကော်​မတီ ဥပ​ဒေအရ အိမ်​​ဆောက်​လုပ်​ခွင့်​ တင်​ပြရပါတယ်​။ ခွင့်​ပြုချက်​မရှိဘဲ ​ဆောက်​လုပ်​မယ်​ဆိုရင်​...

တိုက်သက်တန်း ၃ နှစ်ရှိပြီး BCC မရှိဟုပြောသော တိုက်ခန်းဝယ်ယူလျှင် ပြသာနာ တစ်စုံတခုဖြစ်နိုင်ပါသလားရှင့်။

မေးသူ - Ma Khin La Pyae

[Unicode] မေးခွန်းကို ရှေးဦးစွာဖြေဆိုပေးရမည်ဆိုလျှင် ပြသာနာတတ်နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရရှိသေးသည့် အဆောက်အဦသည် လူနေထိုင်ခွင့်မရှိပါဘူး။ လူနေထိုင်ခွင့်မရှိသည့် အဆောက်အဦတွင် နေထိုင်သည်ကို စစ်ဆေးတွေ့ရှိပါက...

မြေ၀ယ်သည့်အခါ အခွန်ပေးဆောင်ရာတွင် အဆောက်အဦခွန်ပါပေးဆောင်ရပါသလား။ ဥပမာ - မြေကွက်ကို သိန်း ၃၀၀ နှင့်ဝယ်ယူပြီး နာမည်ပေါက်ပြန်ပြောင်းလဲသည့်အခါအခွန်ဆောင်ရပါတယ် အခုအခွန်ဥပဒေအရ သိန်း ၃၀၀ အားအခွန် ၃ ရာခိုင်နှုန်းဆောင်ပြီးအိမ်အပေါ်တွင် အခွန်ထပ်မံပေးဆောင်ရပါသလား။ ဒီလိုဆိုလျင် အခွန်နှုန်းထားက ပေ ၂၀ x ပေ ၆၀ အတွက် အိမ်အတွက်ကျသင့်ငွေနှင့် မြေအတွက်ကျသင့်ငွေ ဘယ်လောက်များကျနိုင်သလဲရှင့်။

မေးသူ - ပပစိုး

[Unicode] မြေဝယ်ယူသည့်အခါ စတင်ဝယ်ယူသည့်အခါတွင် မြေကွက်ပေါ်၌ အဆောက်အဦပါဝင်ပါက အဆောက်အဦအတွက် အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ အဆောက်အဦအတွက် အခွန်ပေးဆောင်ရာမှာ သစ်သားအဆောက်အဦဆိုလျှင် ၁စတုရန်းပေကို ၈၀၀ဝိ/- ဖြင့် ပေးဆောင်ရပြီး အုတ်ညှပ်အဆောက်အဦဆိုလျှင်...