3044 ကြိမ် ကြည့်ရှု့ပြီး

ဆရာရှင့် တိုက်ကဆောက်ပြီးတာ ၁၅ နှစ်ရှိပါပြီ။ BCC မရှိတာကိုတိုက်ခန်းဝယ်ဖို့ စရန်ပေးပြီးမှ သိရပါတယ်။ ပိုင်ရှင်ကတိုက်အဟောင်းက BCC မရှိလည်းနေလို့ရပါ တယ်တဲ့လို့ ပြောပါတယ် ဆရာ။ တိုက်အ သစ်တွေကမှလိုတာလို့ ပြောပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကြား မိတာကတော့ အဟောင်း တွေကိုလည်း YCDC က ပြန်စစ်ပြီး ဒဏ်ငွေဆောင်ရ မယ်ကြားမိပါတယ်။ ဒီသတင်းသာမှန်ရင် ဘာဆက်ဖြစ်နိုင်ပါလည်းဆရာ??? တိုက်ခန်းကိုဝယ်ရမှာလား ၊ ဝယ်ဖို့ရပ်သင့်လား?? ဖြေပေးပါဆရာ။

မေးသူ - မ၀င္းယု

[Unicode]

ညီမကတိုက်ဟောင်းဝယ်ဖို့ စရံငွေပေးထားပြီးပြီဆိုပါတော့ တိုက်ဟောင်းဘဲဖြစ်ဖြစ်တိုက်သစ်ပဲဖြစ်ဖြစ် ယာ/အုံ ဌာနကထုပ်ပေးတဲ့ လုနေထိုင်ခွင့်လက်မှတ်အရေးကြီးတာပေါ့ လူနေထိုင်ခွင့်ရတယ်ဆိုတာ ရေမီး မိလ္လာ စနစ် ပြည့်စုံအောင်စစ်ဆေးပြီးပါပြီ ခိုင်ခံ့မှုလုံခြုံမှုရှိပါတယ်လို့ ခွင့်ပြူပေးတဲ့ လက်မှက်ဖြစ်ပါတယ်။

ဒါကြောင့်တိုက်ဟောင်းမှာရော တိုက်သစ်မှာရော BCC ဟာအရေးကြီးတာပေါ့။ အခု YCDC ကပြန်စစ်ပြီး ဒဏ်ငွေဆောင်ရမယ်လို့ကြားတာဟုတ်ပါတယ်။တကယ်လည်းမြို့တော်သတင်းစာမှာဖက်လိုက်ရပါတယ်။BCCလက်မှက် လိုချင်တယ်ဆိုရင် တိုက်ရဲ့လိုအပ်ချက်တွေပြန်ပြီးပြင်ဆင်ခိုင်းမှာပါ။

ပြည့်စုံမှာထုပ်ပေးမှာပေါ့။ အဲဒီတော့ ဝယ်လိုတော့ရပါတယ်။ မဝင်းယုဝယ်ယူနေထိုင်တဲ့ တိုက်ခန်းနဲ့ ပတ်သက်၍ ယာ/အုံဌာနတွင် ဒဏ်ကြေးပေးဆောင်ရမည့်ကိစ္စများပေါ်လာပါက မြေရှင်မှ ကုန်ကျစရိတ်အ၀၀ကို တာဝန်ယူကြခံပေးပါမည်ဟု စာချုပ်မှာဝန်ခံကတိပြုချက်လက်မှတ် ထိုးခိုင်းလိုက်ပေါ့။

ဒါဆိုခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်တဲ့ အခန်းရှင်တွေ မှာ တာဝန်မရှိတော့ဘူးပေါ့ တကယ်ကျတော့ အင်ဂျင်နီယာအဆောက် အအုံဌာနက ဒဏ်ရိုက်မှာက မြေရှင်နဲ့ ကန်ထရိုက်တာပါ ခုတော့မြေရှင်ရဲ့ အပေါ်လုံးဝတာဝန်ရှိသွားပြီလေ တိုက်ဟောင်းဖြစ်နေတာကိုး ဒါကြောင့်ဝယ်လို့ရပါတယ်။

ဝယ်ရင်တော့ စိတ်ညစ်စရာရှိတာပေါ့။စရန်ပေးထားပြီးဆိုရင် ရပ်သင့်မရပ်သင့် ဆုံးဖြတ်လို့ မိမိအပေါ်မှာသာ မူတည်ပါတယ်လို့ ဖြေကြားလိုက်ပါတယ်။

 

[Zawgyi]







ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)