2950 ကြိမ် ကြည့်ရှု့ပြီး

ေျမ၀ယ္သည့္အခါ အခြန္ေပးေဆာင္ရာတြင္ အေဆာက္အဦခြန္ပါေပးေဆာင္ရပါသလား။ ဥပမာ - ေျမကြက္ကို သိန္း ၃၀၀ နွင့္၀ယ္ယူျပီး နာမည္ေပါက္ျပန္ေျပာင္းလဲသည့္အခါအခြန္ေဆာင္ရပါတယ္ အခုအခြန္ဥပေဒအရ သိန္း ၃၀၀ အားအခြန္ ၃ ရာခိုင္နွဳန္းေဆာင္ျပီးအိမ္အေပၚတြင္ အခြန္ထပ္မံေပးေဆာင္ရပါသလား။ ဒီလိုဆိုလ်င္ အခြန္နွဳန္းထားက ေပ ၂၀ x ေပ ၆၀ အတြက္ အိမ္အတြက္က်သင့္ေငြနွင့္ ေျမအတြက္က်သင့္ေငြ ဘယ္ေလာက္မ်ားက်နိုင္သလဲရွင့္။

မေးသူ - ပပစိုး

[Unicode]

မြေဝယ်ယူသည့်အခါ စတင်ဝယ်ယူသည့်အခါတွင် မြေကွက်ပေါ်၌ အဆောက်အဦပါဝင်ပါက အဆောက်အဦအတွက် အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ အဆောက်အဦအတွက် အခွန်ပေးဆောင်ရာမှာ သစ်သားအဆောက်အဦဆိုလျှင် ၁စတုရန်းပေကို ၈၀၀ဝိ/- ဖြင့် ပေးဆောင်ရပြီး အုတ်ညှပ်အဆောက်အဦဆိုလျှင် ၁စတုရမ်းပေကို ၁၂၀၀ဝိ/- ဖြင့် ပေးဆောင်ရမှာဖြစ်ပါတယ်။

မြေကွက်ဝယ်ယူခြင်းအတွက် ပေးဆောင်ရမည့်အခွန်နှုန်းထားက ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ အောက်ပါအတိုင်းပေးဆောင်ရမှာဖြစ်ပါတယ်။ ၁ကျပ် မှ ၁၀၀၀၀၀၀၀၀ အထိ ၃% ၁၀၀၀၀၀၀၀၁ ကျပ်မှ ၃၀၀၀၀၀၀၀၀ အထိ ၅% ၃၀၀၀၀၀၀၀၁ ကျပ်မှ ၁၀၀၀၀၀၀၀၀၀ အထိ ၁၀% ၁၀၀၀၀၀၀၀၀၁ ကျပ်မှ ၃၀၀၀၀၀၀၀၀၀ အထိ ၁၅% ၃၀၀၀၀၀၀၀၀၁ ကျပ်နှင့်အထက် ၃၀% မြေကွက်တန်ဖိုးသည် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှ နှစ်စဉ်ထုတ်ပြန်သည့်နှုန်းထားအတိုင်း ဖြစ်သည်။

တံဆိပ်ခေါင်းခွန်အဖြစ် ၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ မြန်မာနိုင်ငံအတွင်း မည်သည့်မြို့နယ်တွင်တည်ရှိသော အိမ်၊ မြေ၊ အဆောက်အအုံကို ဝယ်ယူသည်ဖြစ်စေ၊ လဲလှယ်သည်ဖြစ်စေ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂% အပြင် အပိုတံဆိပ် ခေါင်းခွန် ၂% စုစုပေါင်း ၄% ပေးဆောင်ရမည်။

မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မှတ်ပုံတင်ခအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် - ၁၄၆/၂၀၁၉ အရ မြေကွက်တန်ဖိုးအပေါ် ဝ.၅% ပေးဆောင်ရမှာဖြစ်ပါတယ်။ ဥပမာ- အစိုးရမှ သိန်း ၃၀ဝ ဖြင့်သတ်မှတ်သော မြေကွက်တစ်ကွက် ၂၀×၆၀အကျယ်အဝန်းရှိ အုတ်ညှပ်အဆောက်အဦ ပါရှိသည့်အပေါ် အခွန်ဆောင်လျှင် အဆောက်အဦအတွက် ၂၀×၆၀= ၁၂၀၀ စတုရန်းပေ ၁၂၀၀ စတုရန်းပေ × ၁၂၀၀၀ = ၁၄၄၀၀၀၀ဝိ/- အဆောက်အဦးတန်ဖိုးဖြစ်ပြီး မြေကွက်တန်ဖိုး သိန်း ၃၀၀+ အဆောက်အဦတန်ဖိုး ၁၄၄ သိန်း = စုစုပေါင်း မြေနှင့်အိမ်တန်ဖိုး ၄၄၄ သိန်း ဖြစ်ပါသည်။ စုစုပေါင်း မြေနှင့်အိမ်တန်ဖိုးအပေါ်တွင် ဝယ်ယူခွန်ပေးဆောင်လျှင် ၄၄၄ သိန်းကို ၃ % ဖြင့် တွက်ချက်ရာ ငွေကျပ်-၁၃၃၂၀၀ဝိ/- (ကျပ်တစ်ဆယ့်သုံးသိန်းသုံးသောင်းနှစ်ထောင်တိတိ)ကျသင့်မှာဖြစ်ပါတယ်။ စုစုပေါင်းမြေနှင့်အိမ်တန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန်ပေးဆောင်လျှင် ၄၄၄ သိန်းကို ၄ % ဖြင့် တွက်ချက်ရာ ငွေကျပ်-၁၇၇၆၀၀ဝိ/-(ကျပ်တစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းခြောက်ထောင်တိတိ) ကျသင့်မှာဖြစ်ပါတယ်။ စုစုပေါင်း မြေနှင့်အိမ်တန်ဖိုးအပေါ်တွင် မှတ်ပုံတင်ခပေးဆောင်လျှင် ၄၄၄သိန်းကို ဝ.၅% ဖြင့် တွက်ချက်ရာ ငွေကျပ်-၂၂၂၀၀ဝိ/-(ကျပ်နှစ်သိန်းနှစ်သောင်းနှစ်ထောင်တိတိ) ကျသင့်မှာဖြစ်ပါတယ်။

မပပစိုး မေးမြန်းချက်တွင် မြေကွက်တည်နေရာမဖော်ပြထားသည့်အတွက် အတိအကျတွက်ပေးလို့အ ဆင်မပြေဖြစ်နေပါသည်။ မြေကွက်တည်နေရာပေါ်မူတည်ပြီး အစိုးရသတ်မှတ်ထားသည့်မြေဈေးနှုန်းအပေါ် တွက်ချက်ရမှာဖြစ်ပြီး အဆောက်အဦးသည်လည်း အဆောက်အဦအကျယ်အဝန်းကို စတုရန်းပေဖွဲ့ပြီး တွက်ချက်ရမှာဖြစ်သဖြင့် အကျယ်အဝန်းအတိအကျသိမှသာ ဖြေဆို၍အဆင်ပြေမည်ဖြစ်ပြီး အထက်တွင် ဥပမာအဖြစ် တွက်ချက်ဖော်ပြထားပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။

 

[Zawgyi]

ေျမ၀ယ္သည့္အခါ အခြန္ေပးေဆာင္ရာတြင္ အေဆာက္အဦခြန္ပါေပးေဆာင္ရပါသလား။ ဥပမာ - ေျမကြက္ကို သိန္း ၃၀၀ နွင့္၀ယ္ယူျပီး နာမည္ေပါက္ျပန္ေျပာင္းလဲသည့္အခါအခြန္ေဆာင္ရပါတယ္ အခုအခြန္ဥပေဒအရ သိန္း ၃၀၀ အားအခြန္ ၃ ရာခိုင္နွဳန္းေဆာင္ျပီးအိမ္အေပၚတြင္ အခြန္ထပ္မံေပးေဆာင္ရပါသလား။ ဒီလိုဆိုလ်င္ အခြန္နွဳန္းထားက ေပ ၂၀ X ေပ ၆၀ အတြက္ အိမ္အတြက္က်သင့္ေငြနွင့္ ေျမအတြက္က်သင့္ေငြ ဘယ္ေလာက္မ်ားက်နိုင္သလဲရွင့္။

ေျမ၀ယ္ယူသည့္အခါ စတင္၀ယ္ယူသည့္အခါတြင္ ေျမကြက္ေပၚ၌ အေဆာက္အဦပါ၀င္ပါက အေဆာက္အဦအတြက္ အခြန္ေပးေဆာင္ရမွာျဖစ္ပါတယ္။ အေဆာက္အဦအတြက္ အခြန္ေပးေဆာင္ရာမွာ သစ္သားအေဆာက္အဦဆိုလွ်င္ ၁စတုရန္းေပကို ၈၀၀ဝိ/- ျဖင့္ ေပးေဆာင္ရၿပီး အုတ္ၫွပ္အေဆာက္အဦဆိုလွ်င္ ၁စတုရမ္းေပကို ၁၂၀၀ဝိ/- ျဖင့္ ေပးေဆာင္ရမွာျဖစ္ပါတယ္။

ေျမကြက္၀ယ္ယူျခင္းအတြက္ ေပးေဆာင္ရမည့္အခြန္ႏႈန္းထားက ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒအရ ေအာက္ပါအတိုင္းေပးေဆာင္ရမွာျဖစ္ပါတယ္။ ၁က်ပ္ မွ ၁၀၀၀၀၀၀၀၀ အထိ ၃% ၁၀၀၀၀၀၀၀၁ က်ပ္မွ ၃၀၀၀၀၀၀၀၀ အထိ ၅% ၃၀၀၀၀၀၀၀၁ က်ပ္မွ ၁၀၀၀၀၀၀၀၀၀ အထိ ၁၀% ၁၀၀၀၀၀၀၀၀၁ က်ပ္မွ ၃၀၀၀၀၀၀၀၀၀ အထိ ၁၅% ၃၀၀၀၀၀၀၀၀၁ က်ပ္ႏွင့္အထက္ ၃၀% ေျမကြက္တန္ဖိုးသည္ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႔မွ ႏွစ္စဥ္ထုတ္ျပန္သည့္ႏႈန္းထားအတုိင္း ျဖစ္သည္။

တံဆိပ္ေခါင္းခြန္အျဖစ္ ၂၀၁၇ ခုႏွစ္၊ ျမန္မာႏုိင္ငံတံဆိပ္ေခါင္းအက္ဥပေဒကို ျပင္ဆင္သည့္ဥပေဒအရ ျမန္မာႏိုင္ငံအတြင္း မည္သည့္ၿမိဳ႕နယ္တြင္တည္ရွိေသာ အိမ္၊ ေျမ၊ အေဆာက္အအံုကို ၀ယ္ယူသည္ျဖစ္ေစ၊ လဲလွယ္သည္ျဖစ္ေစ သတ္္မွတ္သည့္ ကာလတန္ဖိုးအေပၚတြင္ တံဆိပ္ေခါင္းခြန္ ၂% အျပင္ အပိုတံဆိပ္ ေခါင္းခြန္ ၂% စုစုေပါင္း ၄% ေပးေဆာင္ရမည္။

မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ မွတ္ပံုတင္ခအျဖစ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန၊ အမိန္႔ေၾကာ္ျငာစာအမွတ္ - ၁၄၆/၂၀၁၉ အရ ေျမကြက္တန္ဖိုးအေပၚ ၀.၅% ေပးေဆာင္ရမွာျဖစ္ပါတယ္။ ဥပမာ- အစိုးရမွ သိန္း ၃၀ဝ ျဖင့္သတ္မွတ္ေသာ ေျမကြက္တစ္ကြက္ ၂၀×၆၀အက်ယ္အ၀န္းရွိ အုတ္ၫွပ္အေဆာက္အဦ ပါရွိသည့္အေပၚ အခြန္ေဆာင္လွ်င္ အေဆာက္အဦအတြက္ ၂၀×၆၀= ၁၂၀၀ စတုရန္းေပ ၁၂၀၀ စတုရန္းေပ × ၁၂၀၀၀ = ၁၄၄၀၀၀၀ဝိ/- အေဆာက္အဦးတန္ဖိုးျဖစ္ၿပီး ေျမကြက္တန္ဖိုး သိန္း ၃၀၀+ အေဆာက္အဦတန္ဖိုး ၁၄၄ သိန္း = စုစုေပါင္း ေျမႏွင့္အိမ္တန္ဖိုး ၄၄၄ သိန္း ျဖစ္ပါသည္။ စုစုေပါင္း ေျမႏွင့္အိမ္တန္ဖိုးအေပၚတြင္ ၀ယ္ယူခြန္ေပးေဆာင္လွ်င္ ၄၄၄ သိန္းကို ၃ % ျဖင့္ တြက္ခ်က္ရာ ေငြက်ပ္-၁၃၃၂၀၀ဝိ/- (က်ပ္တစ္ဆယ့္သံုးသိန္းသံုးေသာင္းႏွစ္ေထာင္တိတိ)က်သင့္မွာျဖစ္ပါတယ္။ စုစုေပါင္းေျမႏွင့္အိမ္တန္ဖိုးအေပၚ တံဆိပ္ေခါင္းခြန္ေပးေဆာင္လွ်င္ ၄၄၄ သိန္းကို ၄ % ျဖင့္ တြက္ခ်က္ရာ ေငြက်ပ္-၁၇၇၆၀၀ဝိ/-(က်ပ္တစ္ဆယ့္ခုႏွစ္သိန္းခုႏွစ္ေသာင္းေျခာက္ေထာင္တိတိ) က်သင့္မွာျဖစ္ပါတယ္။ စုစုေပါင္း ေျမႏွင့္အိမ္တန္ဖိုးအေပၚတြင္ မွတ္ပံုတင္ခေပးေဆာင္လွ်င္ ၄၄၄သိန္းကို ၀.၅% ျဖင့္ တြက္ခ်က္ရာ ေငြက်ပ္-၂၂၂၀၀ဝိ/-(က်ပ္ႏွစ္သိန္းႏွစ္ေသာင္းႏွစ္ေထာင္တိတိ) က်သင့္မွာျဖစ္ပါတယ္။

မပပစိုး ေမးျမန္းခ်က္တြင္ ေျမကြက္တည္ေနရာမေဖာ္ျပထားသည့္အတြက္ အတိအက်တြက္ေပးလို႔အ ဆင္မေျပျဖစ္ေနပါသည္။ ေျမကြက္တည္ေနရာေပၚမူတည္ၿပီး အစိုးရသတ္မွတ္ထားသည့္ေျမေစ်းႏႈန္းအေပၚ တြက္ခ်က္ရမွာျဖစ္ၿပီး အေဆာက္အဦးသည္လည္း အေဆာက္အဦအက်ယ္အ၀န္းကို စတုရန္းေပဖြဲ႔ၿပီး တြက္ခ်က္ရမွာျဖစ္သျဖင့္ အက်ယ္အ၀န္းအတိအက်သိမွသာ ေျဖဆို၍အဆင္ေျပမည္ျဖစ္ၿပီး အထက္တြင္ ဥပမာအျဖစ္ တြက္ခ်က္ေဖာ္ျပထားပါေၾကာင္း ရွင္းလင္းအၾကံျပဳအပ္ပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)