1464 ကြိမ် ကြည့်ရှု့ပြီး

အိမ်ရှိပြီး ပျဉ်ထောင်အိမ်ကို လိုင်းခန်းပုံစံနှစ်ထပ်ဆောက်ရင် အိုးအိမ်ကိုဆောက်လုပ်ခွင့် ပါမစ်တင်ရလား? မတင်ဘဲဆောက်ရင် နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဘာတွေဖြစ်မလဲ။ ဆောက်လုပ်ခွင့်ပါမစ်တင်ရင် ဘာတွေလိုအပ်လဲသိချင်ပါတယ်။ ရွှေပြည်သာမြို့နယ်ထဲကပါ။

မေးသူ - U Tin Soe Win

[Unicode]

ကိုယ်ပိုင်အိမ်ဆောက်လုပ်ထားသည့် မြေသည်အိုးအိမ်က ချမှတ်ပေးထားသည့်မြေ (သို့) မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကချမှတ်ပေးထားသည့်မြေ ဦးစွာသိရှိရပါမည်။ မြေဂရန်ထုတ်ပေးရာဌာနသိရှိမှသာ သက်ဆိုင်ရာဌာနတွင် အောက်ပါအချက်အလက်များနှင့် လျှောက်ထားနိုင်ပါသည်။

ကိုယ်ပိုင်အဆောက်အဦး ဆောက်လုပ်ခွင့် လျှောက်ထားရာတွင်-

၁။ ဌာနမှ သတ်မှတ်လျှောက်လွှာ

၂။ သက်ဆိုင်ရာ ဌာနမှ (၃)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်း

၃။ ဂရန်မိတ္တူ (သို့) နယ်နမိတ်တိုင်းတာ မှတ်သားထားသည့်မြေပုံ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးရန်)

၄။ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး၏ အခွန်အကြွေးအကျန် ကင်းရှင်းကြောင်း ထောက်ခံချက်

၅။ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

၆။ လျှောက်ထားသူကိုယ်တိုင် သက်ရှိထင်ရှားရှိပြီး လက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ ထပ်ဆင့်ထောက်ခံချက်

၇။ ဘေးမြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ထပ်ဆင့်ထောက်ခံချက်

၈။ အိမ်ငှါးမရှိပါက ရပ်ကွက် အုပ်ချုပ်ရေးမှုး၏ထပ်ဆင့်ထောက်ခံချက်နှင့် အိမ်ငှားရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှုး ၏ထပ်ဆင့်ထောက်ခံချက်အပြင် မြို့နယ်အုပ်ချုပ်ရေးမှုး၏ ထပ်ဆင့်ထောက်ခံချက်

၉။ လိုင်စင်ရ အင်ဂျင်နီယာမှ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ (၃)စုံနှင့် ပစ္စည်းစာရင်း (၃)စုံ

၁၀။ ၃ထပ်နှင့် အထက် အဆောက်အဦးများအတွက် SEC မှတွက်ချက်ထားသော ခိုင်ခံ့မှုဆိုင်ရာ တွက်ချက်မှုပုံစံ (၂)စုံစသည်တို့နှင့် ပြည့်စုံအောင်ဆောင်ရွက် လျှောက်ထားနိုင်ပါသည်။

အကယ်၍ အဆောက်အဦးကို မြို့တော်နယ်နမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်ခဲ့ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စစ်ဆေးတွေ့ရှိလျှင် ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းထားပြီး ခွင့်ပြုချက်လျှောက်ထားရန် (သို့) ဖျက်သိမ်းရန်နှင့် မလိုက်နာက တရားစွဲအရေးယူမည်ဟု ကော်မတီက အကြောင်းကြားစာပေးပို့ပါသည်။

 

[Zawgyi]

အိမ္ရွိၿပီး ပ်ဥ္ေထာင္အိမ္ကို လိုင္းခန္းပုံစံႏွစ္ထပ္ေဆာက္ရင္ အိုးအိမ္ကိုေဆာက္လုပ္ခြင့္ ပါမစ္တင္ရလား? မတင္ဘဲေဆာက္ရင္ ေနာက္ဆက္တြဲအက်ိဳးဆက္အေနနဲ႔ ဘာေတြျဖစ္မလဲ။ ေဆာက္လုပ္ခြင့္ပါမစ္တင္ရင္ ဘာေတြလိုအပ္လဲသိခ်င္ပါတယ္။ ေ႐ႊျပည္သာၿမိဳ႕နယ္ထဲကပါ။

ကိုယ္ပိုင္အိမ္ေဆာက္လုပ္ထားသည့္ ေျမသည္အိုးအိမ္က ခ်မွတ္ေပးထားသည့္ေျမ (သို႔) ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနကခ်မွတ္ေပးထားသည့္ေျမ ဦးစြာသိရွိရပါမည္။ ေျမဂရန္ထုတ္ေပးရာဌာနသိရွိမွသာ သက္ဆိုင္ရာဌာနတြင္ ေအာက္ပါအခ်က္အလက္မ်ားႏွင့္ ေလွ်ာက္ထားႏိုင္ပါသည္။

ကိုယ္ပိုင္အေဆာက္အဦး ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားရာတြင္-

၁။ ဌာနမွ သတ္မွတ္ေလွ်ာက္လႊာ

၂။ သက္ဆိုင္ရာ ဌာနမွ (၃)ႏွစ္အတြင္း ထုတ္ေပးထားေသာ ေျမပုံ/ေျမရာဇ၀င္မူရင္း

၃။ ဂရန္မိတၱဴ (သို႔) နယ္နမိတ္တိုင္းတာ မွတ္သားထားသည့္ေျမပုံ (မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးရန္)

၄။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး႐ုံး၏ အခြန္အေႂကြးအက်န္ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္

၅။ ေလွ်ာက္ထားသူ၏ မွတ္ပုံတင္မိတၱဴ

၆။ ေလွ်ာက္ထားသူကိုယ္တိုင္ သက္ရွိထင္ရွားရွိၿပီး လက္မွတ္ေရးထိုးေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး၏ ထပ္ဆင့္ေထာက္ခံခ်က္

၇။ ေဘးေျမကြက္မ်ားမွ ကန္႔ကြက္ရန္မရွိေၾကာင္းႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး၏ထပ္ဆင့္ေထာက္ခံခ်က္

၈။ အိမ္ငွါးမရွိပါက ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး၏ထပ္ဆင့္ေထာက္ခံခ်က္ႏွင့္ အိမ္ငွားရွိလွ်င္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ၏ထပ္ဆင့္ေထာက္ခံခ်က္အျပင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး၏ ထပ္ဆင့္ေထာက္ခံခ်က္

၉။ လိုင္စင္ရ အင္ဂ်င္နီယာမွ လက္မွတ္ေရးထိုးထားေသာ အဆိုျပဳပုံစံ (၃)စုံႏွင့္ ပစၥည္းစာရင္း (၃)စုံ

၁၀။ ၃ထပ္ႏွင့္ အထက္ အေဆာက္အဦးမ်ားအတြက္ SEC မွတြက္ခ်က္ထားေသာ ခိုင္ခံ့မႈဆိုင္ရာ တြက္ခ်က္မႈပုံစံ (၂)စုံစသည္တို႔ႏွင့္ ျပည့္စုံေအာင္ေဆာင္ရြက္ ေလွ်ာက္ထားႏိုင္ပါသည္။

အကယ္၍ အေဆာက္အဦးကို ၿမိဳ႕ေတာ္နယ္နမိတ္အတြင္း ခြင့္ျပဳခ်က္မဲ့ အေဆာက္အအုံ ေဆာက္လုပ္ခဲ့ပါက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက စစ္ေဆးေတြ႕ရွိလွ်င္ ေဆာက္လုပ္ျခင္းကို ရပ္ဆိုင္းထားၿပီး ခြင့္ျပဳခ်က္ေလွ်ာက္ထားရန္ (သို႕) ဖ်က္သိမ္းရန္ႏွင့္ မလိုက္နာက တရားစြဲအေရးယူမည္ဟု ေကာ္မတီက အေၾကာင္းၾကားစာေပးပို႔ပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)