1101 ကြိမ် ကြည့်ရှု့ပြီး

မင်္ဂလာပါဆရာ ကျွန်တော် လွန်ခဲ့တဲလကလယ်မြေအမည်ပေါက်ထံက လယ်၅ဧကဝယ်ခဲ့ပါတယ် ပုံစံ၇ ပုံစံ၁၀၅ မူရင်းလက်ခံရရှိပါတယ် အရပ်ကတိအရောင်းအဝယ်စာချုပ်ချုပ်ပြီး မြေစာရင်းရုံးမှ အထွေထွေကိုယ်စာလှယ်လွဲစာ ရောင်းသူထံကလက်ခံရရှိပါတယ် ပြီးပြည့်စုံရဲ့လားသိချင်ပါတယ်ဆရာ ။ နောင်တစ်ချိန်အမည်ပြောင်းခွင့်ရရင် အခုအမည်ပေါက်ရောင်းတဲ့သူမပါပဲ ကိုယ်တိုင်ဆောင်ရွက်လိုရလားသိချင်ပါတယ် ဆရာ ။

မေးသူ - Saw Steven Say
ပြည့်​စုံပါတယ်​ ညီ​လေး​ရေ။ မှတ်​ပုံတင်​ ပြီးတဲ့ အ​ထွေ​ထွေကိုယ်​စားလှယ်​လွှဲစာ လက်​ခံရရှိပြီးဖြစ်​လို့ ​နောင်​တစ်​ချိန်​ အမည်​​ပြောင်းခွင့်​ရရင်​ အခုအမည်​​ပေါက်​​ရောင်းသူမပါဘဲ GP ပါဝါ ရထားသူကိုယ်​တိုင်​ ​ဆောင်​ရွက်​လို့ရပါတယ်​။ အဲ...တစ်​ခု​တော့ မှာထားလိုက်​ပါရ​စေ။ ​အ​ထွေ​ထွေကိုယ်​စားလှယ်​လွှဲစာ(GP)နဲ့ အမည်​​ပြောင်း​လျှောက်​ရင်​​တော့" အ​ထွေ​ထွေကိုယ်​စားလှယ်​လွှဲသူဟာ ယ​နေ့အထိ အသက်​ထင်​ရှားရှိ​နေပါတယ်​။ ဒါ့အပြင်​ ကျွန်​​တော့်အား လွှဲအပ်​ထားတဲ့ အ​ထွေ​ထွေကိုယ်​စားလှယ်​ လွှဲစာကိုလည်း ယ​နေ့အထိ ပြန်​လည်​ရုတ်​သိမ်းခြင်း မရှိ​သေးပါဘူး ဆိုတာကို တရားသူကြီး​ ​ရှေ့မှာပြုလုပ်​ထားတဲ့ "ကျမ်းကျိန်​" ပြုလုပ်​ရပါတယ်​။
ဒီလိုပြုလုပ်​ရခြင်းအ​ကြောင်းက​တော့ အ​ထွေ​ထွေကိုယ်​စားလှယ်​လွှဲစာ ​ပေးသူကိုယ်​တိုင်​ အသက်​ထင်​ရှားရှိမှ ​ပေးလို့ရပါတယ်​။ GP​ပေးသူ ​သေသွားရင်​ဖြစ်​​စေ၊ အ​ထွေ​ထွေကိုယ်​စားလှယ်​လွှဲစာကို ​ပေးသူကိုယ်​တိုင်​က မိမိလွှဲထားတဲ့ ကိုယ်​စားလှယ်​လွှဲစာကို ပြန်​လည်​ရုတ်​သိမ်းသွားရင်​ဖြစ်​​စေ၊ ညီ​လေးယူထားတဲ့ ကိုယ်​စားလှယ်​လွှဲစာက ပျက်​ပြယ်​သွားပါတယ်​။ ပါဝါ​ပေးသူ​သေရင်​ ပါဝါလည်းလိုက်​​သေပါတယ်​။ ဒါ​ကြောင့်​ ကိုယ်​စားလှယ်​လွှဲစာ ယူထားသူများ အ​နေနဲ့ ကိုယ်​စားလှယ်​လွှဲ​ပေးသူ "ကျန်းမာပါ​စေ၊ ချမ်းသာပါ​စေ၊ အသက်​ရှည်​ပါ​စေ"လို့ အမြဲဆု​တောင်း​ပေးဖို့ လိုအပ်​ပါတယ်​။ ​ သြော်​......​မေ့​နေလိုက်​တာ.. သတိရလို့​ပြောရဦးမယ်​။ အ​ထွေ​ထွေကိုယ်​စားလှယ်​ လွှဲစာ လက်​ခံယူသူဟာ ၀ယ်​သူ​နေရာမှာ လက်​မှတ်​ထိုးလို့ မရပါဘူး။ မှတ်​ပုံတင်​တဲ့​မြေ အ​ရောင်းအ၀ယ်​စာချုပ်​ မှာ ​ရောင်းသူ​ရောဝယ်​သူ​ရော ညီ​လေးတစ်​​ယောက်​တည်းက လက်​မှတ်​ထိုးလို့ မရပါဘူး။ ဒါ​ကြောင့်​ အ​ထွေ​ထွေကိုယ်​စားလှယ်​ လွှဲစာလက်​ခံသူဟာ ၀ယ်​သူရဲ့ဇနီး ၊ သား/သမီး၊ ညီအစ်​ကို ​မောင်​နှမ ၊ ​ဆွေမျိုးထဲက တစ်​ဦးဦးဖြစ်​ဖို့ လိုအပ်​ပါတယ်​ လို့ အကြံ​ပေးလိုက်​ရပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)