1977 ကြိမ် ကြည့်ရှု့ပြီး

မင်္ဂလာပါ ဆရာ, ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရား အနီးနားမှာ အိမ်ဝယ် ဖို့ ကြည့်တော့ ပိုင်ဆိုင်မှုက ဘိုးဘွားပိုင်ဆိုပေမဲ့ ဘိုးဘွားပိုင် အထောက်အထားမရှိပါဘူး..သူတို့ပြောတဲ့ အရပ်ချုပ်စာချုပ် စာချုပ်အဆင့်ဆင့်ပဲ ပြနိုင်ပါတယ်..အဲ့လိုအိမ်မျိုးဝယ်မယ်ဆိုရင် ဘာမြေအမျိုးအစားခေါ်ဆိုလို့ရပါသလဲ(ဥပမာ လယ်မြေ/ပါမစ်မြေ/ကျူးကျော်လား..စသဖြင့်), ဝယ်ခဲ့ရင် ဝယ်သူဘက်မှ စိတ်ချရပါလား? အထက်ပါ မေးခွန်းနှင့် ပါတ်သက်၍ ပြန်လည်ဖြေကြားပေးပါက ဝမ်းမြောက်စွာ ကျေးဇူးအထူးတင်ရှိပါသည် ။

မေးသူ - မိုးပပသင်း
ရန်​ကုန်​မြို့  ကျိုက်​၀ိုင်းဘုရားအနီးက ​မြေနှင့်​အိမ်​ဆိုရင်​ မရမ်းကုန်းမြို့နယ်​ မှာ ပါမယ်​ထင်​ပါတယ်​။ အင်းစိန်​တို့၊သမိုင်းတို့၊ မရမ်းကုန်းတို့ဆိုတဲ့ နယ်​​မြေ​တွေမှာ အဲဒီလို​မြေ အမျိုးအစား အများကြီး ​တွေ့ရတတ်​ပါတယ်​။ "မမိုးပပသင်း" ဥပမာ​ပြောတဲ့ လယ်​​မြေလည်း မဟုတ်​ပါဘူး။ ပါမစ်​​မြေလည်း မ​ပေါက်​​သေးပါဘူး။ ကျူး​ကျော်​​မြေလည်း မဖြစ်​နိုင်​ပါဘူး။ သူတို့​ပြောတဲ့ ဘိုးဘပိုင်​​မြေ အမျိုးအစား ထဲမှာ ပါဝင်​နိုင်​ပါတယ်​။
ရောင်းသူက အရပ်​ကတိအ​ရောင်းအ၀ယ်​စာချုပ်​​တွေနဲ့ အဆင့်​ဆင့်​ ၀ယ်​ယူ​နေထိုင်​လာကြတာ ဆိုရင်​ ပိုင်​ဆိုင်​မှု​တော့ မှန်​ကန်​ကြပါလိမ့်​မယ်​။ ဒါ​ပေမဲ့ ​မြေနဲ့ပက်​သက်​ပြီး ဘယ်​သူ့အမည်​​ပေါက်​တယ်​၊ ဘယ်​လို​မြေအမျိုးအစား ဖြစ်​တယ်​ဆိုတာကို ဘယ်​သူ့ထံမှာ ဘယ်​လိုဆက်​သွယ်​စုံစမ်း ရမယ်​ဆိုတာ မသိကြလို့ ဖြစ်​မှာပါ။ တကယ်​တန်းကျ​တော့ အဲဒီ​မြေကွက်​ဟာ အစိုးရပိုင်​​မြေလား၊ ပုဂ္ဂလိက ပိုင်​​မြေလား ကြိုတင်​သိထားဖို့ လိုပါတယ်​။ အစိုးရပိုင်​​မြေ(ဥပမာ။ ။ စက်​ရုံ​မြေ)လို့သိရရင်​ ​ဝေး​ဝေးက​ရှောင်​​ပေါ့။ ပုဂ္ဂလိကပိုင်​​မြေ ဆိုရင်​လည်း လယ်​ယာ​မြေနိုင်​ငံပိုင်​ပြုလုပ်​​ရေး ဥပ​ဒေပုဒ်​မ-၃၉အရ၊ အိမ်​ရာ​မြေအဖြစ်​ သတ်​မှတ်​ပြီး ဖြစ်​ရဲ့လား။(အတို​ကောက်​ လ/န-၃၉)လို့​ခေါ်ပါတယ်​။ ဒါ့အပြင်​ အမည်​​ပေါက်​သူတို့ရဲ့ နာမည်​က ဘယ်​သူတဲ့လဲ စသဖြင့်​ ဒီအချက်​​တွေကို ကြိုတင်​သိရှိ​အောင်​ စုံစမ်းရပါမယ်​။ စုံစမ်းမယ်​ဆိုရင်​​တော့ ရန်​ကုန်​မြို့​တော်​ စည်​ပင်​သာယာ​ရေး​ကော်​မတီ၊ မြို့ပြစီမံကိန်းနှင့်​ ​မြေစီမံခန့်​ခွဲမှု ဋ္ဌာန၊ မြို့​မြေစာရင်းဋ္ဌာန မှာ သွားပြီး အကူအညီ​တောင်းကြည့်​ သင့်​ပါတယ်​။ မြို့​မြေစာရင်းမှာ ဒါမှမဟုတ်​ မြို့နယ်​​မြေတိုင်းဋ္ဌာနမှာ ကြည့်​ရင်​ ရှင်းရှင်းလင်းလင်း သိနိုင်​ပါတယ်​။ လ/န-၃၉ အိမ်​ရာ​မြေရရှိပြီ ဖြစ်​တဲ့ ​မြေမျိုးဆိုရင်​ အရပ်​ကတိစာချုပ်​ပဲ ဖြစ်​​နေပါ​စေ ၀ယ်​လို့ရပါတယ်​။ "မမိုးပပသင်း"ရဲ့ အမည်​​ပေါက်​ဖြစ်​ချင်​ရင်​​တော့ ​နောက်​ဆုံး​ရောင်းသူနဲ့ စာချုပ်​အဆက်​အစပ်​ နဲ့ ​ရောင်းသူ​တွေကို တရားစွဲရပါလိမ့်​မယ်​။ ​မြေနှင့်​အိမ်​ ​အ​ရောင်းအ၀ယ်​စာချုပ်​ကို မှတ်​ပုံတင်​စာချုပ်​ ချုပ်​ဆို​ပေး​စေလိုမှု " တရားစွဲလို့ အနိုင်​ဒီဂရီ ရရင်​ သတ်​မှတ်​ထားတဲ့ ကာလတန်​ဖိုး အခွန်​​ဆောင်​ပြီး စာချုပ်​စာတမ်း မှတ်​ပုံတင်​ရုံးမှာ အ​ရောင်းအ၀ယ်​စာချုပ်​ ကို မှတ်​ပုံတင်​လို့ ရပါပြီ။ ​ရောင်းသူအဖြစ်​ တရားရုံး ဘီးလစ်​/တရားသူကြီးက ကိုယ်​စားထိုး​ပေးပါတယ်​။ ၀ယ်​သူက​တော့ ညီမ ဖြစ်​သွားပြီ​ပေါ့။ အဲဒီမှတ်​ပုံတင်​ အ​ရောင်းအ၀ယ်​စာချုပ်​ ကြီးရရင်​ မြို့​တော်​စည်​ပင်​မှာ ညီမ နာမည်​​ပေါက်​ ​ပြောင်း​ပေးပါတယ်​။ အဲဒီ​မြေမျိုးကို လ/န-၃၉ ဘိုးဘပိုင်​​မြေမျိုးလို့ ​ခေါ်နိုင်​ပါတယ်​။ အဲဒီလို မိမိအမည်​​ပေါက်​ ဖြစ်​သွားရင်​​တော့ ယခင်​က သိန်း(၁၀၀၀)နဲ့ဝယ်​ခဲ့​ပေမဲ့ ဘိုးဘပိုင်​ အမည်​​ပေါက်​ဖြစ်​သွားရင်​​တော့ သိန်း(၅၀၀၀)/သိန်း၁သောင်း စသည်​ဖြင့်​ ​ဈေး​ကောင်းရနိုင်​ပါတယ်​ခင်​ဗျာ။ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)