1511 ကြိမ် ကြည့်ရှု့ပြီး

မြေကို 10x60 ပေက ဂရန် လျှောက်လို့မရ အမည်ပေါက် ပြောင်းလို့ မရဘူးလို့သိထားပါတယ် ခင်ဗျာ။ 10x60 ပေနဲ့ရောင်းနေကျတာလည်းအများအပြားတွေ့ရှိရပါတယ်။ အဲ့ဒါဝယ်မယ်ဆိုရင် ပိုင်ဆိုင်မှု စိတ်ချရ မရနဲ့စိတ်ချရအောင် ဘယ်လိုလုပ်လို့ ရမလဲ နည်းလမ်း လမ်းညွန်ပေးပါခင်ဗျာ။

မေးသူ - ရဲသီဟ
(40'x60') မြေကွက်တစ်ကွက်ကို တစ်ဦးတည်း မဝယ်နိုင်ကြလို့ (20'x60') ဖြစ်စေ၊ (10'x60') ဖြစ်စေ ဝယ်ယူ နေထိုင် ကြ ရပါတယ်။ခွဲစိတ်ဝယ်ယူသူများဟာ တစ်နိုင်တစ်ပိုင် ကိုယ်တိုင်နေဖို့ ဝယ်ယူသူများ ဖြစ်ပါတယ်။ အဲ့ဒီလို ဝယ်ယူ ထားသူ တစ်ဦးချင်းအနေနဲ့ ဂရန်လျှောက်လို့ မရဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဝယ်ယူပြီး နေထိုင်သူများပါတယ်။
(10'x60') ဝယ်ယူလိုက်တဲ့ မြေက ဂရန်မြေ ဖြစ်နေရင်လည်း အမည်ပြောင်းလို့ မရပါဘူး။ အိမ်ခြံမြေရဲ့ သဘောက မြေအ ကျယ် အလျှားနဲ့အနံ မြှောက်လိုက်ရင် (၁၂၀၀) စတုရန်းပေ ရှိမှသာလျှင် ဂရန်ခွဲစိတ်ခြင်းကို ပါမစ်မြေမှ ဂရန်သစ် လျှောက် ခြင်း ပြုလုပ်နိုင်ပါတယ်။ ဒီတော့ (10'x60') မြေကွက် တစ်ကွက်ကို ဝယ်မယ်ဆိုရင်တော့ (40'x60') ပါမစ် မူရင်း/ ဂရန်မူရင်းကို (10'x60') ဝယ်ထား သူ တစ်ဦးဦးက ကိုင်ထားတတ်ကြပါတယ်။ အဲ့ဒီ(40'x60') မြေကွက်ထဲမှာ နေသူ(၄)ဦးစလုံး သဘောတူညီချက်နဲ့ ဂရန် သစ် လျှောက်လို့ရတယ်။ ဂရန်သစ်မှာတော့ (၄)ဦး အမည်ပေါက်နေမယ်။ အဲ့ဒီလို အမည်ပေါက် ခိုင်မာအောင် လုပ်လို့ လည်း ရတယ်။ ဒါမှမဟုတ် မူလ ပါမစ်မြေ/ဂရန်မြေ အတိုင်း တစ်ဦးဦးက ကိုင်ထားခဲ့ရင် သက်ဆိုင်ရာ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးထံမှ အထောက်အထားပြဖို့လိုရင်တော့ ပါမစ်/ဂရန်ကိုင်ထားသူ ကိုယ်တိုင် လိုက်ပါပြီး မူရင်း ပြပေးခံရ တာပေါ့။ ဒီတော့ (10'x60') မြေကို ဝယ်တော့မယ်ဆိုရင် ဂရန်/ပါမစ် မူရင်း ကိုင်ထားသူ အပါအဝင် ကျန်(၃)ဦးစလုံးကို အသိပေး အကြောင်းကြားပြီးမှ ဝယ်တာကောင်းတာပေါ့။ မြေကွက်တစ်ကွက်တည်း အတူနေ(၄)ဦးစလုံး ညီညီညွတ်ညွတ် ဆောင်ရွက် လုပ်ကိုင်မယ်ဆိုရင် ပိုင်ဆိုင်မှု ခိုင်မာပါတယ်လို့ နည်းလမ်းပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)