[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ ရင်းနှီးမြှုပ်နှံရန်နဲ့ နေထိုင်ရန်အတွက် အသင့်တော်ဆုံး The Century Luxury Condo အရောင်းပြပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃ ၊ ၄) ရက်၊ စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ The Century Condo၊ ၂၁၈ အင်းစိန်လမ်းမကြီးအပေါ်၊ (သံလမ်းမှတ်တိုင်အနီး) လှိုင်မြို့နယ်၊ ရန်ကုန်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြပွဲရက်များအတွင်း အထူးအခွင့်အရေးများအနေဖြင့် Up to 20% Discount၊ (၃) နှစ်အရစ်ကျစနစ်၊ 100% Bank Transfer ငွေပေးချေမှုတို့ဖြင့် ရောင်းချခဲ့ရာ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။
The Century Luxury Condo သည် ရန်ကုန်မြို့၏ မိန်းလမ်းတစ်လမ်းဖြစ်သည့် အင်းစိန်လမ်းမကြီးပေါ်တွင် တည်ရှိသည့်အပြင် ဗဟိုလမ်း၊ ပြည်လမ်း၊ ဘုရင့်နောင်လမ်း၊ ပါရမီလမ်းတို့ နှင့်နီး၍ သွားရလာရ အလွန်လွယ်ကူပါသည်။ ဘိုးဘွားပိုင်မြေပေါ် မှာ တည်ဆောက်ထား၍ သားစဉ်မြေးဆက် မြေပိုင်ဆိုင်ခွင့် ရပါမည်။ မြေညီထပ်တွင်လည်း Fully Equipped Gym ၊ Including Yoga Room ၊ Swimming Pool ၊ Changing Room ၊ Kids’ Playground ၊ Café Shop ၊ Mini Mart & Shops ၊ High Ceiling Lobby Entrance ၊ Indoor Garden ၊ Bank တို့လည်း မြေညီထပ်တွင် ပါရှိဦးမှာဖြစ်သည့်အပြင် (၄) လွှာတွင် သီးသီးသန့်သန့် အေးအေးချမ်းချမ်းဖြင့် အနားယူအပန်းဖြေနိုင်ရန် စိမ်းစိုလန်းဆန်းပြီး ကျယ်ဝန်းသည့် Roof Garden နဲ့ BBQ Area တို့ပါဝင်သည်။ လှည်းတန်းစင်တာ ၊ ဂမုန်းပွင့် ၊ စိန်ဂေဟာ ၊ Market Palace ၊ ISM ကျောင်း ၊ The British School ၊ ရန်ကုန်တက္ကသိုလ် ၊ အင်းယားကန်တို့လည်း အနီးအနားတွင်ရှိသောကြောင့် အချက်အချာကျသောတည်နေရာတွင် တည်ရှိနေခြင်းပင် ဖြစ်ပါသည်။
“အခုရောင်းချပေးခဲ့တဲ့ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ The Century Luxury Condo ဟာ ဝယ်ယူပြီး အသင့်နေထိုင်နိုင်တဲ့ ၁၀၀%ဆောက်လုပ်ပြီးသည့်ကွန်ဒိုဖြစ်ပြီး ဟိုတယ်၊ Office Tower နှင့် Residence တို့ပါရှိသောကြောင့် အလွန်ပြည့်စုံတဲ့ လူနေမှုဘဝကိုပိုင်ဆိုင်နိုင်မှာပါ။ Tower (၄)လုံးပါရှိပြီး တစ်လွှာ(၇) ခန်းသာပါရှိတဲ့ Luxury Condo လည်း ဖြစ်ပါတယ်။ ဒါ့အပြင်ကို အင်းယားကန်၊ City view နှင့် River view တို့၏ အလှကို မိမိအခန်းမှ ကြည့်ရှုခံစားနိုင်မှာပါ။ Basement 1၊ Basement 2 ၊ ပထမထပ်နဲ့ ဒုတိယထပ်တွင် ကားပါကင်အလုံအလောက် ပါရှိသည်။ ပြပွဲအတွင်း လာရောက်ဝယ်ယူခဲ့ကြသူများအတွက်ကိုလည်း အထူး Promotion များ၊ အထူးအခွင့်အရေးများ ထည့်သွင်းရောင်းချပေးခဲ့ပါတယ်။” ဟု ပြပွဲစီစဉ်ကျင်းပသူ iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
iMyanmarHouse.com