မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက် (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ကနဦး ၅၀% ပေးချေပြီး အသင့်နေထိုင်နိုင်မယ့် တောင်ဥက္ကလာပမြို့ရဲ့ အချက်အချာနေရာရှိ INNO CITY Serviced Apartment အရောင်းပြပွဲကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် အမှတ်(၄)၊ ပါရမီလမ်းမကြီးနှင့် ဝေဇယန္တာလမ်းမကြီးထောင့်၊ တောင်ဥက္ကလာပမြို့နယ်ရှိ INNO CITY Sales Gallery တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
ပြပွဲ(၂)ရက်အတွင်း ပထမဆုံး(၃)ခန်းအတွက်
- အထူး Discount များ
- ဘဏ်ချိတ် (၁၅)နှစ်အရစ်ကျစနစ်တို့ဖြင့်ရောင်းချခဲ့သည်။
INNO CITY Serviced Apartment သည် တောင်ဥက္ကလာပမြို့ပါရမီလမ်းမကြီးနှင့် ဝေဇယန္တာလမ်းမကြီးထောင့်မှာတည်ရှိပါသည်။
Fully Decoration အခန်းများကို Net Area နဲ့ အခန်းအကျယ်အပြည့်အဝရရှိမှာဖြစ်ပါပြီး ဂေါက်ကွင်း View, City View များကို စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။
ကွန်ဒိုအခန်းတိုင်းအတွက် ကားပါကင် တစ်နေရာစာရရှိမှာဖြစ်ပါသည်။
Luxury Facilities များကိုလည်း Quality ကောင်းများအသုံးပြုပေးထားပြီး စီမံကိန်းအတွင်းပါဝင်မယ့် Hotel Facilities များကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါသည်။
မြေ (၈) ဧကနီးပါးပေါ်တွင် ခေတ်မှီကိုရီးယား နည်းပညာများဖြင့် တည်ဆောက်ထားပြီး Residence ၊ Shopping Mall ၊ Hotel ၊ Convention Center ၊ High Way Bus Terminal တို့ ပါဝင်မှာဖြစ်ပါသည်။
GYM ၊ ကားပါကင် ၊ မွေးနေ့ပါတီပွဲများကျင်းပရန်နေရာ ၊ ကလေးကစားကွင်း ၊ ၂၄ နာရီ လုံခြုံရေး ၊ ဓာတ်လှေကား ၊ CCTV ကင်မရာ ၊ ဘုံရေပေးဝေရေးစနစ််၊ Tennis & Basket Ball ကွင်းများပါရှိပြီး ရေကူးကန်ကိုလည်း ကလေးနှင့် လူကြီး Outdoor Swimming Pool နှစ်ကန်များထားရှိပေးပြီး Facilities ပြည့်စုံကောင်းမွန်ပါသည်။
"စီမံကိန်းထဲဝင်လိုက်တာနဲ့ ပြန်မထွက်ချင်အောင်အကြိုက်ဖြစ်စေပြီး ပေးရတဲ့ဈေးနှုန်းနှင့် အခန်းတန်ဖိုး တန်တာကြောင့် လူစိတ်ဝင်စားမှုအများဆုံးဖြစ်နေတဲ့ INNO CITY Serviced Apartment များကို (အထူး)Discount များရတုန်း ဝယ်ထားသင့်ပါတယ်"ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်