1451 ကြိမ် ကြည့်ရှု့ ပြီး


### Zawgyi Version ###












iMyanmarHouse.com


### Unicode Version ###

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) နှင့် Yoma Land တို့ ပူးပေါင်း၍ သီတင်းကျွတ် အထူးအစီအစဉ်များဖြင့် ရောင်းချခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၁၉ ၊ ၂၀ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ အဆိုပါစီမံကိန်းတည်ရှိရာ ရန်ကုန်မြို့ ၊ သံလျင်အမှတ် (၁) တံတားအဆင်း Star City အိမ်ရာဝန်းအတွင်းရှိ Sales Gallery တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြပွဲ (၂) ရက်အတွင်း အထူးပရိုမိုးရှင်းများ ၊ လွယ်ကူရိုးရှင်းသည့် ငွေပေးချေမှုပုံစံများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

City Loft အိမ်ရာစီမံကိန်းသည် သန်လျင်အမှတ် (၁) တံတားဆင်းဆင်းချင်း Star City အိမ်ရာဝန်းအတွင်းတွင် ကမ္ဘာ့အဆင့်မီတည်ဆောက်လျှက်ရှိသည်။ အိမ်ရာဝန်းအတွင်း မျက်စိတဆုံး စိမ်းလန်းသည့် မြက်ခင်းများရှု့မြင်နိုင်ပြီး သန့်ရှင်းလတ်ဆတ်သောလေများ တဝကြီး ရှုရှိုက်နိုင်မည်ဖြစ်၍ ဘဝအမောများပြေစေမည်။ Studio ၊ 1 Bedroom ၊ 2 Bedroom ၊ 3 Bedroom စသဖြင့် အမျိုးအစားစုံလင်စွာရွေးချယ်နိုင်မည်ဖြစ်သည်။

‘‘ City Loft အိမ်ရာဟာဆိုရင် တန်ဖိုးသင့်တင့်၍ ဝင်ငွေအလယ်အလတ်ရှိတဲ့ Working Professional များအတွက် အထူးသင့်လျှော်ပါတယ်။ မိဘဆီမှ ပိုက်ဆံပြန်တောင်းစရာမလိုဘဲ မိမိလစာဖြင့် တနိုင်တပိုင် ဝယ်ယူနိုင်မှာပါ။ သူငယ်ချင်းနှစ်ယောက်ပေါင်း လစာဖြင့်လည်း ဝယ်ယူနိုင်ရန် ငွေပေးချေမှုပုံစံကိုလည်းအကောင်းဆုံး စီစဉ်ပေးထားပါတယ်။ ’’ ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။


iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App