[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ NEIGHBOURHOOD ဂရန်မြေကွက် များအရောင်းပြပွဲကို စက်တင်ဘာလ (၂၁) ရက် နှင့် (၂၂) ရက်နေ့များတွင် Neighbourhood ၊ ရွှေပေါက်ကံ(၁၁)ရပ်ကွက် ၊ မြို့ပတ်လမ်း ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ဝယ်ယူသူများကို အရောင်းပြပွဲ ပရိုမိုးရှင်းအဖြစ် ပထမဆုံး (၁၀) ကွက်ကို 20 % discount ၊ (၉) လအတိုးမဲ့အရစ်ကျ ၊ 100% Bank Transfer စသည့် အထူးသက်သာခွင့်များဖြင့် ရောင်းချပေးခဲ့သည်။
မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ NEIGHBOURHOOD ဂရန်မြေကွက် များသည် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက်ကံ(၁၁)ရပ်ကွက်အတွင်းရှိ ဧက ၂၀ ကျယ်ဝန်းသည့် River Hill စီမံကိန်းအတွင်းဖော်ဆောင်နေသည့် အိမ်ရာစီမံကိန်းဖြစ်သည်။
ရန်ကုန်မြို့တွင်း ဝေဇယန္တာလမ်းမှလာလျှင် မဟာကျိန်သစ္စာရှင်ဘုရားရှိသော သုနန္ဒာလမ်းမှသော်လည်းကောင်း ၊ မြောက်ဥက္ကလာ(၆)ကွေ့မီးပွိုင့်မှသော်လည်းကောင်း ၊ ပုဂံလမ်းမကြီးအတိုင်း တစ်ဖြောင့်တည်းအဆုံးထိ မောင်းလာလျှင်သော်လည်းကောင်းစီမံကိန်းတည်ရှိရာ မြို့ပတ်လမ်းသို့ ရောက်ရှိမှာဖြစ်သောကြောင့်လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသည်။
စီမံကိန်းတည်နေရာ၏ ဘေးဘီဝဲယာတွင် ပုဇွန်တောင်ချောင်းနှင့် စိမ်းစိုနေသော ကုက္ကို ၊ လမု၊ ဗာဒံအစရှိသော သစ်ပင်ကြီးများ ဝန်းရံလျက်ရှိသောကြောင့် သဘာဝနှင့် နီးစပ်ရင်းနှီးမှုကို အပြည့်အဝခံစားရရှိနိုင်မည်။
ဝယ်ယူသူအမည်ပေါက်ဂရန်လျှောက်ထားနိုင်မည်ဖြစ်၍ပိုင်ဆိုင်မှုခိုင်မာသည်။
ပြင်ဦးလွင်ရှိ လက်ရာပြောင်မြောက်လှသော The 9th Avenue စီမံကိန်းကို ဖော်ဆောင်ခဲ့သည့် နာမည်ကောင်းရှိပြီး အတွေ့အကြုံရှိသည့် Hillman Land Co., Ltd ကဖော်ဆောင်ပေးမည်ဖြစ်၍ ပိုင်ဆိုင်မှုအရကော ၊ Maintenance အပိုင်းပါ ယုံကြည်စိတ်ချရသည်။
Facilities များအနေနဲ့ buffer zone များတွင် စိမ်းလန်းသော ဝန်းကျင်တစ်ခု ဖန်တီးသွားမည်ဖြစ်ပြီး လုံခြုံရေးအတွက်လည်း သံပန်းနှင့် Chain link ခြံစည်းရိုး တစ်ထပ်ထားရှိပေးမည်ဖြစ်သည့်အပြင် 24/7 CCTV နှင့် security gate များလည်းထားရှိပေးသွားမည်ဖြစ်သည်။
Infrastructure များအဖြစ် မြေကွက်တစ်ကွက်ချင်းစီကို မြေဖို့ပေးခြင်းနှင့် မြေပြင်ပေးခြင်း ၊ အုတ်တံတိုင်း များဖြင့်ခြံစည်းရိုးခတ်ပေးခြင်းနှင်သံပန်းဂိတ်တံခါးတပ်ဆင်ပေးခြင်း ၊ ရေမြောင်းစနစ်ထည့်သွင်းခြင်း ၊ ခြံပေါက်ဝနှင့် လမ်းမကြားကားအဝင်လမ်းခင်းပေးခြင်း၊
အိမ်ရှေ့အရောက် လျှပ်စစ်ကြိုးသွယ်တန်းပေးထားခြင်း၊ သုံးရေ ရရှိအောင် ဆောင်ရွက်ပေးခြင်း ၊ ဂရန်အမည်ပြောင်းရန် အရောင်းမြေပုံထုတ်ပေးခြင်း ၊ လမ်းမီးတိုင်များတပ်ဆင်ပေးခြင်း၊ ခြံဝန်းရှေ့လမ်းမနှင့် ခြံစည်းရိုးကြား မြက်စိုက်ပျိုးခြင်းနှင့် အရိပ်ရပင်များ စိုက်ပျိုးပေးခြင်း တို့ပြုလုပ်ပေးမည်ဖြစ်သည်။
" NEIGHBOURHOOD ဂရန်မြေကွက် ဟာ အတိုးမဲ့အရစ်ကျအပြင် 20 % Discount နဲ့လည်း ဝယ်ယူနိုင်လို့ အခွင့်အရေးရတုန်း ဝယ်ယူထားလိုက်ဖို့ အကြံပြုချင်ပါတယ် ။ နောက်ပြီးရွှေထက်ရှားတဲ့ ဂရန်မြေကွက်တွေဖြစ်တာမို့ ပိုင်ဆိုင်မှုကလည်းခိုင်မာပါတယ် "ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ ဂရန်မြေကွက်များ အထူးအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အတိုးမဲ့အရစ်ကျရမယ့် မြောက်ဥက္ကလာက ရွှေထက်ရှားတဲ့ ဂရန်မြေကွက်များအရောင်းပြပွဲကို စက်တင်ဘာလ (၂၁) ရက် နှင့် (၂၂) ရက်နေ့များတွင် Neighbourhood ၊ ရွှေပေါက်ကံ(၁၁)ရပ်ကွက် ၊ မြို့ပတ်လမ်း ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
iMyanmarHouse.com