ဆေးဖက်ဝင် ဖန်ခါးသီးအကြောင်း

ဆေးဖက်ဝင် ဖန်ခါးသီးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2021 11:48 am တွင် တင်ခဲ့သည်
6296 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဟူသောစကားပုံအတိုင်း သစ်ပင်/သီးများသည် သူ့နေရာနှင့်သူအသုံးဝင်ပြီး အစွမ်းအာနိသင်များ ရှိကြပါတယ်။ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ ဖန်ခါးသီးအကြောင်း ရေးသားလိုက်ပါတယ်။ ဖန်ခါးပင်ဟာ မြန်မာနိုင်ငံတွင် ပေါများစွာပေါက်ရောက်ပြီး အညာဒေသတွင် သဘာဝအတိုင်း ပေါက်လေ့ရှိပါတယ်။ ဖန်ခါးသီးဆိုသည့်အတိုင်းပဲ ဖန်ပြီးခါးသောအရသာရှိပါတယ်။ သူ့နောက်မှ ချိုတဲ့အရသာ ကပ်လိုက်တတ်ပါတယ်။ ဖန်ခါးခါးအရသာကြောင့် လူကြိုက်နည်းပါတယ်။

ဖန်ခါးပင်ရဲ့ အသီး၊ အမြစ်နှင့် အခေါက်တို့ကိုအသုံးပြုခြင်းအားဖြင့် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

၁။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ဖန်ခါးသီးကို ပုံမှန်စားသုံးခြင်းအားဖြင့် အစာချေမှုကို မြှင့်တင်ပေးခြင်း၊ အူနှင့်ဆိုင်သောရောဂါများ မဖြစ်အောင်ကာကွယ်ပေးခြင်းနှင့် ကျွန်တော်တို့ စားသုံးသောအစာ၏အာဟာရစုပ်ယူမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ သွေးအတွင်း အဆီဓာတ်ကိုကျစေနိုင်ခြင်း၊ အစာအိမ်ရောင်တဲ့အခါမှာဖြစ်တဲ့ အစာမကြေမှုနဲ့ ရင်ခေါင်းပူလောင်မှုကို သက်သာစေနိုင်ပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်တာကိုသက်သာစေပြီး ဝမ်းမှန်စေပါတယ်။

၂။ ဘက်တီးရီးယားပိုးများကို သေစေနိုင်ခြင်း

ဖန်ခါးသီးထဲတွင် antioxidants ဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။ ellagic acid, gallic acid, chebulic acid, flavonol glycosides, selenium နှင့် ဗီတာမင်စီ တို့ပါဝင်ခြင်းကြောင့်ခန္ဓာကိုယ်အတွင်း ရောဂါဖြစ်ပွားမှုနှင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။ ဗိုင်းရပ်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ အစာအိမ်အချဉ်ပေါက်မှုကို လျော့နည်းစေခြင်း

ဖန်ခါးသီးကိုစားသုံးခြင်းဖြင့် အစာအိမ်အချဉ်ပေါက်မှုကို လျော့နည်းစေခြင်း၊ အစာအိမ်တွင် အနာဖြစ်မှုကိုကာကွယ်ပေးခြင်း၊ အစာအိမ်ရောင်ရမ်းမှုကိုကာကွယ်ပေးနိုင်သောအကျည့်အချွဲများကို ထုတ်လုပ်ပေးနိုင်သောကြောင့် အစာအိမ်ရောဂါများကိုကာကွယ်ပေးနိုင်ပါသည်။

၄။ ဆီးချိုရောဂါကိုကာကွယ်ပေးခြင်း

သွေးအတွင်း glucose levels မြှင့်တင်ပေးခြင်းနှင့် သကြားဓာတ်သွေးထဲဝင်မှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးတွင် chedulic ပါဝင်ခြင်းကြောင့် သွေးအတွင်းသကြားဓာတ်ပါဝင်မှုကိုလျော့နည်းစေခြင်းဖြစ်ပါတယ်။

၅။ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း

ဖန်ခါးသီးကိုပုံမှန်စားသုံးခြင်းဖြင့် အဝလွန်သူများအတွက် ဝိတ်ချရာတွင် အလွန်အသုံးဝင်ပါတယ်။

၆။ အမြင်အာရုံကို ကောင်းမွန်စေခြင်း

ဖန်ခါးသီးကိုစားသုံးခြင်းအားဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဖန်ခါးသီးကိုထု၍ ၁ ညရေစိမ်ပြီး ထိုရေကြည်ဖြင့်မျက်စိကိုဆေးပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ဖန်ခါးရေဟာ အကိုက်အခဲပျောက်စေခြင်း၊ ရောင်ရမ်းနာကျင်ခြင်းနှင့် မျက်စိအမြှေးရောင်ခြင်း တို့ကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။

ကျန်းမာရေးအတွက်များစွာအထောက်အကူပြုတဲ့ဖန်ခါးသီးကို အလှအပအတွက်လည်းအသုံးပြုနိုင်ပါတယ်။ ဝက်ခြံအမြစ်မထွက်သော် ဖန်ခါးသီးအစေ့ကို ဆန်ဆေးရည်နှင့်သွေးလိမ်းပေးပါ။ အရေပြားရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဖန်ခါးသီးကိုပြုလုပ်၍ ခေါင်းလိမ်းဆီအဖြစ်အသုံးပြုနိုင်ပါတယ်။ ဖန်ခါးသီးအခြောက်မှုန့်ကိုပျားရည်ဖြင့် ရောသောက်ပါက အဆုတ်ရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေးများဖော်စပ်ရာတွင် ဖန်ခါးရွက်ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။

ဖန်ခါးသီးကိုတို့စရာအဖြစ်သာစားသုံးနေကြပါတယ်။ ကျန်းမာရေးကိုများစွာအထောက်အကူပြုပေးတဲ့ ဖန်ခါးသီးရဲ့အကျိုးအာနိသင်များကို သိရှိစေရန်ရည်ရွယ်၍ ရေးသားလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: အစိမ်းရောင်လမ်း

 

[Zawgyi]

ေဆးဖက္ဝင္ ဖန္ခါးသီးအေၾကာင္း

ႏြယ္ျမက္သစ္ပင္ေဆးဖက္ဝင္ ဟူေသာစကားပုံအတိုင္း သစ္ပင္/သီးမ်ားသည္ သူ႕ေနရာႏွင့္သူအသုံးဝင္ၿပီး အစြမ္းအာနိသင္မ်ား ႐ွိၾကပါတယ္။ က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳတဲ့ ဖန္ခါးသီးအေၾကာင္း ေရးသားလိုက္ပါတယ္။ ဖန္ခါးပင္ဟာ ျမန္မာႏိုင္ငံတြင္ ေပါမ်ားစြာေပါက္ေရာက္ၿပီး အညာေဒသတြင္ သဘာဝအတိုင္း ေပါက္ေလ့႐ွိပါတယ္။ ဖန္ခါးသီးဆိုသည့္အတိုင္းပဲ ဖန္ၿပီးခါးေသာအရသာ႐ွိပါတယ္။ သူ႕ေနာက္မွ ခ်ိဳတဲ့အရသာ ကပ္လိုက္တတ္ပါတယ္။ ဖန္ခါးခါးအရသာေၾကာင့္ လူႀကိဳက္နည္းပါတယ္။

ဖန္ခါးပင္ရဲ႕ အသီး၊ အျမစ္ႏွင့္ အေခါက္တို႔ကိုအသုံးျပဳျခင္းအားျဖင့္ က်န္းမာေရးအတြက္မ်ားစြာအေထာက္အကူျပဳေပးႏိုင္ပါတယ္။

၁။ အစာေခ်စနစ္ကို ေကာင္းမြန္ေစျခင္း

ဖန္ခါးသီးကို ပုံမွန္စားသုံးျခင္းအားျဖင့္ အစာေခ်မႈကို ျမႇင့္တင္ေပးျခင္း၊ အူႏွင့္ဆိုင္ေသာေရာဂါမ်ား မျဖစ္ေအာင္ကာကြယ္ေပးျခင္းႏွင့္ ကြၽန္ေတာ္တို႔ စားသုံးေသာအစာ၏အာဟာရစုပ္ယူမႈကို တိုးျမႇင့္ေပးႏိုင္ပါတယ္။ ေသြးအတြင္း အဆီဓာတ္ကိုက်ေစႏိုင္ျခင္း၊ အစာအိမ္ေရာင္တဲ့အခါမွာျဖစ္တဲ့ အစာမေၾကမႈနဲ႔ ရင္ေခါင္းပူေလာင္မႈကို သက္သာေစႏိုင္ပါတယ္။ ဝမ္းပ်က္၊ ဝမ္းေလွ်ာ၊ ဝမ္းကိုက္တာကိုသက္သာေစၿပီး ဝမ္းမွန္ေစပါတယ္။

၂။ ဘက္တီးရီးယားပိုးမ်ားကို ေသေစႏိုင္ျခင္း

ဖန္ခါးသီးထဲတြင္ antioxidants ဓာတ္မ်ားႂကြယ္ဝစြာပါဝင္ပါတယ္။ ellagic acid, gallic acid, chebulic acid, flavonol glycosides, selenium ႏွင့္ ဗီတာမင္စီ တို႔ပါဝင္ျခင္းေၾကာင့္ခႏၶာကိုယ္အတြင္း ေရာဂါျဖစ္ပြားမႈႏွင့္ ကင္ဆာေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္ပါသည္။ ဗိုင္းရပ္ေရာဂါမ်ားကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

၃။ အစာအိမ္အခ်ဥ္ေပါက္မႈကို ေလ်ာ့နည္းေစျခင္း

ဖန္ခါးသီးကိုစားသုံးျခင္းျဖင့္ အစာအိမ္အခ်ဥ္ေပါက္မႈကို ေလ်ာ့နည္းေစျခင္း၊ အစာအိမ္တြင္ အနာျဖစ္မႈကိုကာကြယ္ေပးျခင္း၊ အစာအိမ္ေရာင္ရမ္းမႈကိုကာကြယ္ေပးႏိုင္ေသာအက်ည့္အခြၽဲမ်ားကို ထုတ္လုပ္ေပးႏိုင္ေသာေၾကာင့္ အစာအိမ္ေရာဂါမ်ားကိုကာကြယ္ေပးႏိုင္ပါသည္။

၄။ ဆီးခ်ိဳေရာဂါကိုကာကြယ္ေပးျခင္း

ေသြးအတြင္း glucose levels ျမႇင့္တင္ေပးျခင္းႏွင့္ သၾကားဓာတ္ေသြးထဲဝင္မႈကို ထိန္းညႇိေပးႏိုင္ပါတယ္။ ဖန္ခါးသီးတြင္ chedulic ပါဝင္ျခင္းေၾကာင့္ ေသြးအတြင္းသၾကားဓာတ္ပါဝင္မႈကိုေလ်ာ့နည္းေစျခင္းျဖစ္ပါတယ္။

၅။ကိုယ္အေလးခ်ိန္ထိန္းညႇိေပးျခင္း

ဖန္ခါးသီးကိုပုံမွန္စားသုံးျခင္းျဖင့္ အဝလြန္သူမ်ားအတြက္ ဝိတ္ခ်ရာတြင္ အလြန္အသုံးဝင္ပါတယ္။

၆။ အျမင္အာ႐ုံကို ေကာင္းမြန္ေစျခင္း

ဖန္ခါးသီးကိုစားသုံးျခင္းအားျဖင့္ အျမင္အာ႐ုံကိုေကာင္းမြန္ေစပါတယ္။ ဖန္ခါးသီးကိုထု၍ ၁ ညေရစိမ္ၿပီး ထိုေရၾကည္ျဖင့္မ်က္စိကိုေဆးေပးပါက မ်က္စိနာက်င္ကိုက္ခဲျခင္းကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ဖန္ခါးေရဟာ အကိုက္အခဲေပ်ာက္ေစျခင္း၊ ေရာင္ရမ္းနာက်င္ျခင္းႏွင့္ မ်က္စိအေျမႇးေရာင္ျခင္း တို႔ကိုသက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

က်န္းမာေရးအတြက္မ်ားစြာအေထာက္အကူျပဳတဲ့ဖန္ခါးသီးကို အလွအပအတြက္လည္းအသုံးျပဳႏိုင္ပါတယ္။ ဝက္ျခံအျမစ္မထြက္ေသာ္ ဖန္ခါးသီးအေစ့ကို ဆန္ေဆးရည္ႏွင့္ေသြးလိမ္းေပးပါ။ အေရျပားေရာဂါမ်ားကိုလည္း သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဖန္ခါးသီးကိုျပဳလုပ္၍ ေခါင္းလိမ္းဆီအျဖစ္အသုံးျပဳႏိုင္ပါတယ္။ ဖန္ခါးသီးအေျခာက္မႈန္႔ကိုပ်ားရည္ျဖင့္ ေရာေသာက္ပါက အဆုတ္ေရာဂါကိုကာကြယ္ေပးႏိုင္ပါတယ္။ မီးယပ္ေဆး၊ ဒူလာေဆး၊ လိပ္ေခါင္းေဆးမ်ားေဖာ္စပ္ရာတြင္ ဖန္ခါး႐ြက္ကိုထည့္သြင္းအသုံးျပဳႏိုင္ပါတယ္။

ဖန္ခါးသီးကိုတို႔စရာအျဖစ္သာစားသုံးေနၾကပါတယ္။ က်န္းမာေရးကိုမ်ားစြာအေထာက္အကူျပဳေပးတဲ့ ဖန္ခါးသီးရဲ႕အက်ိဳးအာနိသင္မ်ားကို သိ႐ွိေစရန္ရည္႐ြယ္၍ ေရးသားလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: အစိမ္းေရာင္လမ္း

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service