ဘရာဇီးတွင် စမ်းသပ်ခဲ့မှု တွေ့ရှိချက်များအရ တရုတ်ပြည်၏ Sinovac ကာကွယ်ဆေးမှာ ထိရောက်မှု ၆၀ ရာခိုင်နှုန်းအောက် နည်းပါးကြောင်း တွေ့ရှိ

ဘရာဇီးတွင် စမ်းသပ်ခဲ့မှု တွေ့ရှိချက်များအရ တရုတ်ပြည်၏ Sinovac ကာကွယ်ဆေးမှာ ထိရောက်မှု ၆၀ ရာခိုင်နှုန်းအောက် နည်းပါးကြောင်း တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
14 Jan 2021 11:42 am တွင် တင်ခဲ့သည်
1093 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မှ ဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော CoronaVac ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် ဘရာဇီးနိုင်ငံတွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုများ၏ အချက်အလက်များအရ ထိရောက်မှု ၆၀ ရာခိုင်နှုန်းအောက် နည်းပါးကြောင်း တွေ့ရှိခဲ့ကြသည်ဟု အဆိုပါရလဒ်များကို ကြည့်ရှုခွင့် ရခဲ့သည့် သတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး UOL သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

ဘရာဇီးနိုင်ငံ၊ ဆောင် ပေါလို (Sao Paulo) မြို့ရှိ ဘူတန်တန် ဇီဝဆေးဝါးစင်တာ (Butantan biomedical) သည် ဘရာဇီးဆေးဝါးကွပ်ကဲရေးအဖွဲ့ (Anvisa) ထံမှ အရေးပေါ်အသုံးပြုခွင့် အတည်ပြုချက်ရရန်အတွက် တရုတ်ကာကွယ်ဆေး၏ ထိရောက်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ရန် စီစဉ်လျက်ရှိသည်။

ဘူတန်တန် ဇီဝဆေးဝါးစင်တာသည် Sinovac ၏ ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံအတွင်း တရုတ်ပြည်နှင့် ပူးပေါင်းထုတ်လုပ်နေသော အဖွဲ့ဖြစ်သည်။

ဘူတန်တန်၏ ညွှန်ကြားရေးမှူး Dimas Covas က ပြောရာတွင် ပြီးခဲ့သော ရက်သတ္တပတ်က ကြေညာခဲ့သည့် လက်တွေ့စမ်းသပ်မှု ထိရောက်ချက်အပြင် ဆက်လက်ပြုလုပ်နေသော စမ်းစစ်ချက်များအရ အထွေထွေထိရောက်မှုနှုန်းသစ်တစ်ခု ရရှိထားကြောင်း ပြောကြားသည်။

ဘူတန်တန်သည် တရုတ်ပြည်ထုတ်ကာကွယ်ဆေးကို ဘရာဇီးတွင် တတိယဆင့် စမ်းသပ်မှုများ ပြုလုပ်နေသော အဖွဲ့လည်း ဖြစ်သည်။

ဘရာဇီးမှ သုတေသီတို့၏ ပြောကြားချက်အရမူ CoronaVac ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် အပျော့စား Covid-19 ရောဂါအတွက် ၇၈ ရာခိုင်နှုန်းထိရောက်မှုရှိပြီး ပြင်းထန်သော အခြေအနေများအတွက်မူ အပြည့်အဝကာကွယ်နိုင်ကြောင်း ပြောကြားမှုများ ရှိသည်။

ဆေးဘက်ကျွမ်းကျင်ပညာရှင်များနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ကမူ ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ခဲ့မှုအပေါ် စမ်းသပ်မှု ရလဒ်များကို မပြည့်မစုံ ထုတ်ပြန်မှုအဖြစ် ဝေဖန်ခဲ့ကြသည်။

လွတ်လပ်သည့် ကျွမ်းကျင်ပညာရှင်များကမူ CoronaVac ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုများမှ တွေ့ရှိချက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန် တောင်းဆိုကြသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကြားဖြတ်အချက်အလက်များအရ ၆၅ ရာခိုင်နှုန်းထိရောက်မှုရှိသည်ဟူသော အချက်အပေါ် အခြေခံပြီး CoronaVac ကာကွယ်ဆေးကို အရေးပေါ် အခြေအနေအသုံးပြုခွင့် ပေးအပ်ခဲ့သည်။

ဘရာဇီးသတင်းဝက်ဘ်ဆိုက်ဖြစ်သော UOL ၏ ဖော်ပြချက်အရ ဘူတန်တန်သည် ကာကွယ်ဆေး၏ ထိရောက်မှုနှုန်းကို ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကြား ကြေညာရန် စီစဉ်ခဲ့ကြောင်း၊ ထိုသို့ ကြေညာမည်ဆိုသည့် ရာခိုင်နှုန်းပမာဏမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည့်ကိန်းဂဏန်းအောက် များစွာနိမ့်ကျကွဲလွဲနေသည်။

တရုတ်ကာကွယ်ဆေးနှင့် ဗြိတိန်၏ အောက်စဖို့တက္ကသိုလ်နှင့် ဆွီဒင်မှ AstraZeneca Plc တို့ ပူးပေါင်းထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ဘရာဇီးတွင် အရေးပေါ်အခြေအနေအသုံးပြုခွင့် လျှောက်ထားဆဲ အခြေအနေဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် တရုတ်ပြည်ထုတ် CoronaVac ကာကွယ်ဆေးစမ်းသပ်မှုရလဒ်များကို အနည်းငယ်စီ ထုတ်ပြန်နေမှုအပေါ် ရတက်မအေးဖြစ်မှုများ ပေါ်ပေါက်လာစေသည်။ တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် အမေရိကန်နှင့် အနောက်နိုင်ငံများကဲ့သို့ ရလဒ်များကို အများမြင်သာစွာ ချပြခြင်း မရှိချေ။

ဘရာဇီးဆေးဝါးကွပ်ကဲရေးအဖွဲ့ Anvisa က ပြောကြားသည်မှာ CoronaVac ကာကွယ်ဆေးအတွက် အရေးပေါ်အခြေအနေ အသုံးပြုခွင့် ပေးရန် ဘူတန်တန်က လျှောက်ထားလာမှုတွင် လက်တွေ့စမ်းသပ်မှုများ၏ သက်ဆိုင်ရာ စမ်းစစ်ချက် အချက်အလက်များ မပါဝင်ကြောင်း၊ ဥပမာအားဖြင့် မိမိဆန္ဒအလျောက် ကာကွယ်ဆေးစမ်းသပ်ခံသူတို့၏ အသက်အရွယ်၊ လိင် အစရှိသည်တို့ ဖြစ်ကြောင်း ပြောကြားသည်။

(မှတ်ချက်- ရိုက်တာသတင်းဌာနမှ ဖော်ပြသော နောက်ဆုံးသတင်းတစ်ရပ်အရ CoronaVac ကာကွယ်ဆေး၏ ထိရောက်မှုမှာ ၅၀ ဒသမ ၄ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်)

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sinovac's vaccine general efficacy less than 60% in Brazil trial – report (Reuters, straitstimes)

 

[Zawgyi]

ဘရာဇီးတြင္ စမ္းသပ္ခဲ့မႈ ေတြ႔ရွိခ်က္မ်ားအရ တရုတ္ျပည္၏ Sinovac ကာကြယ္ေဆးမွာ ထိေရာက္မႈ ၆၀ ရာခိုင္ႏႈန္းေအာက္ နည္းပါးေၾကာင္း ေတြ႔ရွိ

တရုတ္ျပည္မွ ေဆးဝါးကုမၸဏီ Sinovac Biotech မွ ထုတ္လုပ္ေသာ CoronaVac ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးသည္ ဘရာဇီးႏိုင္ငံတြင္ ျပဳလုပ္ခဲ့ေသာ စမ္းသပ္မႈမ်ား၏ အခ်က္အလက္မ်ားအရ ထိေရာက္မႈ ၆၀ ရာခိုင္ႏႈန္းေအာက္ နည္းပါးေၾကာင္း ေတြ႔ရွိခဲ့ၾကသည္ဟု အဆိုပါရလဒ္မ်ားကို ၾကည့္ရႈခြင့္ ရခဲ့သည့္ သတင္းရင္းျမစ္ ၂ ခုကို ကိုးကားျပီး UOL သတင္းဝက္ဘ္ဆိုက္က ေဖာ္ျပသည္။

ဘရာဇီးႏိုင္ငံ၊ ေဆာင္ ေပါလို (Sao Paulo) ျမိဳ႕ရွိ ဘူတန္တန္ ဇီဝေဆးဝါးစင္တာ (Butantan biomedical) သည္ ဘရာဇီးေဆးဝါးကြပ္ကဲေရးအဖြဲ႔ (Anvisa) ထံမွ အေရးေပၚအသံုးျပဳခြင့္ အတည္ျပဳခ်က္ရရန္အတြက္ တရုတ္ကာကြယ္ေဆး၏ ထိေရာက္မႈဆိုင္ရာ အခ်က္အလက္မ်ားကို ထုတ္ျပန္ရန္ စီစဥ္လ်က္ရွိသည္။

ဘူတန္တန္ ဇီဝေဆးဝါးစင္တာသည္ Sinovac ၏ ကာကြယ္ေဆးကို ဘရာဇီးႏိုင္ငံအတြင္း တရုတ္ျပည္ႏွင့္ ပူးေပါင္းထုတ္လုပ္ေနေသာ အဖြဲ႔ျဖစ္သည္။

ဘူတန္တန္၏ ညႊန္ၾကားေရးမွဴး Dimas Covas က ေျပာရာတြင္ ျပီးခဲ့ေသာ ရက္သတၱပတ္က ေၾကညာခဲ့သည့္ လက္ေတြ႔စမ္းသပ္မႈ ထိေရာက္ခ်က္အျပင္ ဆက္လက္ျပဳလုပ္ေနေသာ စမ္းစစ္ခ်က္မ်ားအရ အေထြေထြထိိေရာက္မႈႏႈန္းသစ္တစ္ခု ရရွိထားေၾကာင္း ေျပာၾကားသည္။

ဘူတန္တန္သည္ တရုတ္ျပည္ထုတ္ကာကြယ္ေဆးကို ဘရာဇီးတြင္ တတိယဆင့္ စမ္းသပ္မႈမ်ား ျပဳလုပ္ေနေသာ အဖြဲ႔လည္း ျဖစ္သည္။

ဘရာဇီးမွ သုေတသီတို႔၏ ေျပာၾကားခ်က္အရမူ CoronaVac ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးသည္ အေပ်ာ့စား Covid-19 ေရာဂါအတြက္ ၇၈ ရာခိုင္ႏႈန္းထိေရာက္မႈရွိျပီး ျပင္းထန္ေသာ အေျခအေနမ်ားအတြက္မူ အျပည့္အဝကာကြယ္ႏိုင္ေၾကာင္း ေျပာၾကားမႈမ်ား ရွိသည္။

ေဆးဘက္ကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ ေဆးဝါးကြပ္ကဲေရးအဖြဲ႔ကမူ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းက ထုတ္ျပန္ခဲ့မႈအေပၚ စမ္းသပ္မႈ ရလဒ္မ်ားကို မျပည့္မစံု ထုတ္ျပန္မႈအျဖစ္ ေဝဖန္ခဲ့ၾကသည္။

လြတ္လပ္သည့္ ကၽြမ္းက်င္ပညာရွင္မ်ားကမူ CoronaVac ကာကြယ္ေဆး အဆင့္ ၃ စမ္းသပ္မႈမ်ားမွ ေတြ႔ရွိခ်က္မ်ားကို ပြင့္လင္းျမင္သာမႈရွိစြာ ခ်ျပရန္ ေတာင္းဆိုၾကသည္။

အင္ဒိုနီးရွားႏိုင္ငံတြင္ ၾကားျဖတ္အခ်က္အလက္မ်ားအရ ၆၅ ရာခိုင္ႏႈန္းထိေရာက္မႈရွိသည္ဟူေသာ အခ်က္အေပၚ အေျခခံျပီး CoronaVac ကာကြယ္ေဆးကို အေရးေပၚ အေျခအေနအသံုးျပဳခြင့္ ေပးအပ္ခဲ့သည္။

ဘရာဇီးသတင္းဝက္ဘ္ဆိုက္ျဖစ္ေသာ UOL ၏ ေဖာ္ျပခ်က္အရ ဘူတန္တန္သည္ ကာကြယ္ေဆး၏ ထိေရာက္မႈႏႈန္းကို ၅၀ ရာခိုင္ႏႈန္းမွ ၆၀ ရာခိုင္ႏႈန္းၾကား ေၾကညာရန္ စီစဥ္ခဲ့ေၾကာင္း၊ ထိုသို႔ ေၾကညာမည္ဆိုသည့္ ရာခိုင္ႏႈန္းပမာဏမွာ ျပီးခဲ့သည့္ ရက္သတၱပတ္က ထုတ္ျပန္ခဲ့သည့္ကိန္းဂဏန္းေအာက္ မ်ားစြာနိမ့္က်ကြဲလြဲေနသည္။

တရုတ္ကာကြယ္ေဆးႏွင့္ ျဗိတိန္၏ ေအာက္စဖို႔တကၠသိုလ္ႏွင့္ ဆြီဒင္မွ AstraZeneca Plc တို႔ ပူးေပါင္းထုတ္လုပ္သည့္ ကာကြယ္ေဆးမ်ားသည္ ဘရာဇီးတြင္ အေရးေပၚအေျခအေနအသံုးျပဳခြင့္ ေလွ်ာက္ထားဆဲ အေျခအေနျဖစ္သည္။ ကမၻာတစ္ဝန္းတြင္ တရုတ္ျပည္ထုတ္ CoronaVac ကာကြယ္ေဆးစမ္းသပ္မႈရလဒ္မ်ားကို အနည္းငယ္စီ ထုတ္ျပန္ေနမႈအေပၚ ရတက္မေအးျဖစ္မႈမ်ား ေပၚေပါက္လာေစသည္။ တရုတ္ကုမၸဏီမ်ားမွ ထုတ္လုပ္သည့္ ကာကြယ္ေဆးမ်ားသည္ အေမရိကန္ႏွင့္ အေနာက္ႏိုင္ငံမ်ားကဲ့သို႔ ရလဒ္မ်ားကို အမ်ားျမင္သာစြာ ခ်ျပျခင္း မရွိေခ်။

ဘရာဇီးေဆးဝါးကြပ္ကဲေရးအဖြဲ႔ Anvisa က ေျပာၾကားသည္မွာ CoronaVac ကာကြယ္ေဆးအတြက္ အေရးေပၚအေျခအေန အသံုးျပဳခြင့္ ေပးရန္ ဘူတန္တန္က ေလွ်ာက္ထားလာမႈတြင္ လက္ေတြ႔စမ္းသပ္မႈမ်ား၏ သက္ဆိုင္ရာ စမ္းစစ္ခ်က္ အခ်က္အလက္မ်ား မပါဝင္ေၾကာင္း၊ ဥပမာအားျဖင့္ မိမိဆႏၵအေလ်ာက္ ကာကြယ္ေဆးစမ္းသပ္ခံသူတို႔၏ အသက္အရြယ္၊ လိင္ အစရွိသည္တို႔ ျဖစ္ေၾကာင္း ေျပာၾကားသည္။

(မွတ္ခ်က္- ရိုက္တာသတင္းဌာနမွ ေဖာ္ျပေသာ ေနာက္ဆံုးသတင္းတစ္ရပ္အရ CoronaVac ကာကြယ္ေဆး၏ ထိေရာက္မႈမွာ ၅၀ ဒသမ ၄ ရာခိုင္ႏႈန္းသာရွိသည္ဟု ဆိုသည္)

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sinovac's vaccine general efficacy less than 60% in Brazil trial – report (Reuters, straitstimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service