ကိုရိုနာဗိုင်းရပ်စ်က ၂၀၂၂ ခုနှစ်အထိ အန္တရာယ်ရှိနိုင်သေးကြောင်း ဘီလ်ဂိတ်ပြောကြား

ကိုရိုနာဗိုင်းရပ်စ်က ၂၀၂၂ ခုနှစ်အထိ အန္တရာယ်ရှိနိုင်သေးကြောင်း ဘီလ်ဂိတ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
16 Dec 2020 12:38 pm တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူ ဘီလျံနာ ဘီလ်ဂိတ်က ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၂၂ အထိ အန္တရာယ်ရှိနိုင်သေးကြောင်း၊ သို့သော်လည်း လာမည့်နွေရာသီသည် နဂိုအခြေအနေနှင့်ဆင်တူရန် စတင်မည်ဟု ထင်နေသည်။

အမေရိကန်တွင် ဒီဇင်ဘာ ၁၄ မှစတင်ကာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများစတင်နေပြီဖြစ်သဖြင့် အမေရိကန်နိုင်ငံသားအများအပြားအနေဖြင့် အမေရိကန်နိုင်ငံသည် COVID-19 ရောဂါကို ခုခံတွန်းလှန်ရာတွင် နောက်ဆုံးတွင် အဆိုးဆုံးအခြေအနေမှ လွန်မြောက်လာပြီဟု ခံစားလာရနိုင်ပါသည်။ သို့သော်လည်း ၎င်း၏ Bill & Melinda Gates ဖောင်ဒေးရှင်းမှတစ်ဆင့် ဆေးပညာဆိုင်ရာ သုတေသနနှင့် ကာကွယ်ဆေးအစီအစဉ်များအတွက် ရန်ပုံငွေမတည်ပေးနေသည့် ဘီလ်ဂိတ်က ထိုဗိုင်းရပ်စ်နှင့်ပတ်သက်၍ သတိထားကြရန် တိုက်တွန်းဆဲဖြစ်သည်။

ထိုဗိုင်းရပ်စ်သည် ၂၀၂၂ ခုနှစ်အထိ သက်ရောက်မှုရှိနိုင်သေးကြောင်း၊ အမေရိကန်နိုင်ငံသည် လာမည့်နွေရာသီကုန်အထိ နဂိုအခြေအနေနှင့် ပိုမိုနီးစပ်လိမ့်မည်မဟုတ်ကြောင်းနှင့် သို့သော်လည်း ‌နွေရာသီရောက်လျှင် ယခုထက်မူပို၍ နဂိုအခြေအနေနှင့် ပိုမိုနီးစပ်လာလိမ့်မည်ဖြစ်ကြောင်း၊ ပွဲလမ်းသဘင်အခမ်းအနားကြီးများကိုမူ နွေရာသီရောက်သည့်တိုင် တားမြစ်ထားနိုင်သေးကြောင်း နှင့် ၂၀၂၁ ခုနှစ်သည် ခက်ခဲကြမ်းတမ်းမည့်ပုံပေါက်ကြောင်း ဘီလ်ဂိတ်က CNN သတင်းဌာနသို့ ဒီဇင်ဘာ ၁၃ တွင် ပြောကြားခဲ့သည်။

“စိတ်မကောင်းစွာပဲ လာမယ့်လေးငါးခြောက်လက ဒီကပ်ရောဂါရဲ့ အဆိုးဆုံးကာလဖြစ်နိုင်ပါတယ်” ဟု ဂိတ်က လာမည့်ဧပြီမတိုင်မီ (သို့) ခုနစ်လအတွင်း အမေရိကန်၌ နောက်ထပ်သေဆုံးသူ ၂၀၀,၀၀၀ ကျော် ရှိမည်ဟု University of Washington’s School of Medicine ဆေးတက္ကသိုလ်၏ ကျန်းမာရေးတိုင်းတာချင့်တွက်အကဲဖြတ်မှုအဖွဲ့ (IHME) ၏ ခန့်မှန်းချက်မှ ညွှန်ပြသည့်အချက်ကို ကိုးကား၍ CNN သတင်းဌာန၏ အစီအစဉ်တင်ဆက်သူ ဂျိတ်ခ်တပ်ပါကို ပြောကြားခဲ့သည်။

နှာခေါင်းစည်းပါးစပ်စည်း mask များ တပ်ဆင်ခြင်းနှင့် အခြားအိမ်ထောင်စုများနှင့် မရောထွေးခြင်းတို့က ထိုသေဆုံးမှုများ၏ ရာခိုင်နှုန်းအများအပြားမဖြစ်ပွားအောင် တားဆီးပေးနိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

“ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ်အစောပိုင်းကာအထိတောင် ကျွန်တော်တို့တွေ ကိုယ့်နိုင်ငံထဲမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မြင့်မားမားမရသေးဘူး၊ အခြားနိုင်ငံတွေကိုလည်း ဒီရောဂါတွန်းလှန်ဖယ်ရှားရေးအတွက် ကူညီမပေးနိုင်သေးဘူးဆိုရင်တော့ ကူးစက်မှုတွေနောက်ထပ်ပြန်ဖြစ်ပွားဖို့အန္တရာယ်က ရှိဦးမှာပါပဲ” ဟု သူက သတိပေးခဲ့သည်။

သိုသော်လည်း အမေရိကန်နိုင်ငံသားများအနေဖြင့် “ကာကွယ်ဆေးထိုးနှံမှုများကို ကောင်းစွာစီမံနိုင်လျှင် နဂိုအခြေအနေသို့ ပြန်ရောက်ရှိရန် အခွင့်အရေးရှိသည်” ဟု မျှော်လင့်နိုင်မည်ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇ ဒသမ ၁ သန်းကျော်ပြီဖြစ်ကာ ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၁,၀၀၀ ကျော်ပြီဖြစ်ကြောင်း ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတိုင်းတာရေး worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bill Gates: Coronavirus could still be a risk into 2022(Cnet)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္က ၂၀၂၂ ခုႏွစ္အထိ အႏၲရာယ္႐ွိႏိုင္ေသးေၾကာင္း ဘီလ္ဂိတ္ေျပာၾကား

မိုက္ခ႐ိုေဆာ့ဖ္ကုမၸဏီ၏ ပူးတြဲတည္ေထာင္သူ ဘီလ်ံနာ ဘီလ္ဂိတ္က ကို႐ိုနာဗိုင္းရပ္စ္သည္ ၂၀၂၂ အထိ အႏၲရာယ္႐ွိႏိုင္ေသးေၾကာင္း၊ သို႔ေသာ္လည္း လာမည့္ေႏြရာသီသည္ နဂိုအေျခအေနႏွင့္ဆင္တူရန္ စတင္မည္ဟု ထင္ေနသည္။

အေမရိကန္တြင္ ဒီဇင္ဘာ ၁၄ မွစတင္ကာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏွံမႈမ်ားစတင္ေနၿပီျဖစ္သျဖင့္ အေမရိကန္ႏိုင္ငံသားအမ်ားအျပားအေနျဖင့္ အေမရိကန္ႏိုင္ငံသည္ COVID-19 ေရာဂါကို ခုခံတြန္းလွန္ရာတြင္ ေနာက္ဆုံးတြင္ အဆိုးဆုံးအေျခအေနမွ လြန္ေျမာက္လာၿပီဟု ခံစားလာရႏိုင္ပါသည္။ သို႔ေသာ္လည္း ၎၏ Bill & Melinda Gates ေဖာင္ေဒး႐ွင္းမွတစ္ဆင့္ ေဆးပညာဆိုင္ရာ သုေတသနႏွင့္ ကာကြယ္ေဆးအစီအစဥ္မ်ားအတြက္ ရန္ပုံေငြမတည္ေပးေနသည့္ ဘီလ္ဂိတ္က ထိုဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ သတိထားၾကရန္ တိုက္တြန္းဆဲျဖစ္သည္။

ထိုဗိုင္းရပ္စ္သည္ ၂၀၂၂ ခုႏွစ္အထိ သက္ေရာက္မႈ႐ွိႏိုင္ေသးေၾကာင္း၊ အေမရိကန္ႏိုင္ငံသည္ လာမည့္ေႏြရာသီကုန္အထိ နဂိုအေျခအေနႏွင့္ ပိုမိုနီးစပ္လိမ့္မည္မဟုတ္ေၾကာင္းႏွင့္ သို႔ေသာ္လည္း ‌ေႏြရာသီေရာက္လွ်င္ ယခုထက္မူပို၍ နဂိုအေျခအေနႏွင့္ ပိုမိုနီးစပ္လာလိမ့္မည္ျဖစ္ေၾကာင္း၊ ပြဲလမ္းသဘင္အခမ္းအနားႀကီးမ်ားကိုမူ ေႏြရာသီေရာက္သည့္တိုင္ တားျမစ္ထားႏိုင္ေသးေၾကာင္း ႏွင့္ ၂၀၂၁ ခုႏွစ္သည္ ခက္ခဲၾကမ္းတမ္းမည့္ပုံေပါက္ေၾကာင္း ဘီလ္ဂိတ္က CNN သတင္းဌာနသို႔ ဒီဇင္ဘာ ၁၃ တြင္ ေျပာၾကားခဲ့သည္။

“စိတ္မေကာင္းစြာပဲ လာမယ့္ေလးငါးေျခာက္လက ဒီကပ္ေရာဂါရဲ႕ အဆိုးဆုံးကာလျဖစ္ႏိုင္ပါတယ္” ဟု ဂိတ္က လာမည့္ဧၿပီမတိုင္မီ (သို႔) ခုနစ္လအတြင္း အေမရိကန္၌ ေနာက္ထပ္ေသဆုံးသူ ၂၀၀,၀၀၀ ေက်ာ္ ႐ွိမည္ဟု University of Washington’s School of Medicine ေဆးတကၠသိုလ္၏ က်န္းမာေရးတိုင္းတာခ်င့္တြက္အကဲျဖတ္မႈအဖြဲ႕ (IHME) ၏ ခန္႔မွန္းခ်က္မွ ၫႊန္ျပသည့္အခ်က္ကို ကိုးကား၍ CNN သတင္းဌာန၏ အစီအစဥ္တင္ဆက္သူ ဂ်ိတ္ခ္တပ္ပါကို ေျပာၾကားခဲ့သည္။

ႏွာေခါင္းစည္းပါးစပ္စည္း mask မ်ား တပ္ဆင္ျခင္းႏွင့္ အျခားအိမ္ေထာင္စုမ်ားႏွင့္ မေရာေထြးျခင္းတို႔က ထိုေသဆုံးမႈမ်ား၏ ရာခိုင္ႏႈန္းအမ်ားအျပားမျဖစ္ပြားေအာင္ တားဆီးေပးႏိုင္ေၾကာင္းလည္း သူက ေျပာၾကားခဲ့သည္။

“ဒါေပမဲ့လည္း ၂၀၂၂ ခုႏွစ္အေစာပိုင္းကာအထိေတာင္ ကြၽန္ေတာ္တို႔ေတြ ကိုယ့္ႏိုင္ငံထဲမွာ ကာကြယ္ေဆးထိုးႏွံမႈႏႈန္းျမင့္ျမင့္မားမားမရေသးဘူး၊ အျခားႏိုင္ငံေတြကိုလည္း ဒီေရာဂါတြန္းလွန္ဖယ္႐ွားေရးအတြက္ ကူညီမေပးႏိုင္ေသးဘူးဆိုရင္ေတာ့ ကူးစက္မႈေတြေနာက္ထပ္ျပန္ျဖစ္ပြားဖို႔အႏၲရာယ္က ႐ွိဦးမွာပါပဲ” ဟု သူက သတိေပးခဲ့သည္။

သိုေသာ္လည္း အေမရိကန္ႏိုင္ငံသားမ်ားအေနျဖင့္ “ကာကြယ္ေဆးထိုးႏွံမႈမ်ားကို ေကာင္းစြာစီမံႏိုင္လွ်င္ နဂိုအေျခအေနသို႔ ျပန္ေရာက္႐ွိရန္ အခြင့္အေရး႐ွိသည္” ဟု ေမွ်ာ္လင့္ႏိုင္မည္ျဖစ္ေၾကာင္းလည္း သူက ေျပာၾကားခဲ့သည္။

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၇ ဒသမ ၁ သန္းေက်ာ္ၿပီျဖစ္ကာ ၎ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃၁,၀၀၀ ေက်ာ္ၿပီျဖစ္ေၾကာင္း ကမ႓ာ့ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈတိုင္းတာေရး worldometers ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bill Gates: Coronavirus could still be a risk into 2022(Cnet)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service