ချင်းမိုင်တွင် မိန်းကလေးအောက်ခံဘောင်းဘီနှင့်ဘော်လီများ ၂ နှစ်ကြာခိုးယူနေခဲ့သည့်အမျိုးသားဖမ်းမိ

ချင်းမိုင်တွင် မိန်းကလေးအောက်ခံဘောင်းဘီနှင့်ဘော်လီများ ၂ နှစ်ကြာခိုးယူနေခဲ့သည့်အမျိုးသားဖမ်းမိ - Property News in Myanmar from iMyanmarHouse.com
16 Dec 2020 11:16 am တွင် တင်ခဲ့သည်
13034 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မိန်းကလေးများ၏ အတွင်းခံများကိုခိုးယူနေခဲ့သည်ဟုစွပ်စွဲခံထားရသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကိုဖမ်းဆီးခဲ့သည်။

“ဖန်း”ဟုသာသိရသောအဆိုပါအမျိုးသားသည် မိန်းကလေးများ၏ ဘရာစီယာနှင့် အတွင်းခံဘောင်းဘီများကိုခိုးယူနေခဲ့သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချင်းမိုင်ရှိဟိုတယ်တစ်ခုတွင် တည်းခိုနေသောအသက် ၂၉ နှစ်အရွယ် အမျိုးသမီးကသူမ၏ လက်ဆွဲအိတ် ခိုးယူခြင်းခံရကြောင်းတိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်ခဲ့သည်။

ရဲတပ်ဖွဲ့သည် စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ကြည့်ရှုပြီးနောက် “ဖန်း” အားခြေရာခံခဲ့သည်။

ယင်းနောက် “ဖန်း”၏ တိုက်ခန်းကိုဝင်ရောက်ရှာဖွေကြရာအခိုးခံရသည့် လက်ဆွဲအိတ်အပြင် အမျိုးသမီးဝတ် အတွင်းခံများရာနှင့်ချီ၍ ရှာဖွေတွေ့ရှိခဲ့ကြသည်။

“ဖန်း” က မိန်းကလေးဝတ် ဘရာစီယာနှင့် အောက်ခံဘောင်းဘီများခိုးယူနေခဲ့သည်ကိုဝန်ခံခဲ့သည်ဟုဆိုသည်။

“ဖန်း”ကရဲတပ်ဖွဲ့ဝင်များကိုထွက်ဆိုရာတွင် အတွင်းခံများခိုးယူနေသည်မှာ ၂ နှစ်ကျော်ရှိခဲ့ပြီဖြစ်ကြောင်း၊ အများအားဖြင့် ကိုယ်တိုင်လျှော်စနစ် အဝတ်လျှော်သည့်နေရာများမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်းဝန်ခံခဲ့သည်။

“ဖန်း”မှာမိန်းကလေးအတွင်းခံများကိုသဘောကျနှစ်သက်ရုံသက်သက်မျှသာ ဖြစ်ဟန်ရကြောင်းရဲတပ်ဖွဲ့ကပြောကြားသည်။ ယခုနှစ်အတွင်းအဆိုပါအမှုမျိုး ဖြစ်ပွားမှုအနည်းငယ်ရှိခဲ့သည်။

ယခုနှစ် ဧပြီလအတွင်းကချင်းမိုင်တွင်ပင် အစားအစာပို့ဆောင်ရေးယာဉ်မောင်းတစ်ဦးသည် အစားအစာများလိုက်လံပို့ဆောင်ရင်းဘရာစီယာနှင့် အတွင်းခံဘောင်းဘီများခိုးယူမှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။

စောင့်ကြည့်ရေးကင်မရာမှတ်တမ်းအရ ဖြန့်ချိပို့ဆောင်ရေးဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် အဝတ်လှန်းစင်မှ အမျိုးသမီးအတွင်းခံများယူကာနမ်းလိုက်ပြီးနောက် သူ၏အပေါ်အင်္ကျီအတွင်းသို့ ထည့်သွင်းလိုက်သည်ကိုတွေ့ရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်းဘန်ကောက်မြို့၊ ဒွန်မောင်းခရိုင်တွင် အမျိုးသမီးအတွင်းခံပေါင်း ၁၄၀၀ ကိုခိုးယူသည့် အမျိုးသားတစ်ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

ခိုးယူသူကရဲတပ်ဖွဲ့ဝင်များထံထွက်ဆိုရာတွင် မိန်းကလေးအတွင်းခံများ၏ ရနံ့သည် ၎င်းအား နှစ်သက်မှုရစေကြောင်းပြောကြားသည်ဟုဆိုသည်။

ယခုနှစ် အောက်တိုဘာလအတွင်းတွင်လည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသောရပ်ချာဘူရီပြည်နယ်တွင် အမျိုးသားတစ်ဦး၏နေအိမ်အတွင်းမှ အမျိုးသမီးအတွင်းခံ ၇၀ နှင့် မီသာဖက်တမင်းဆေးပြားများကိုဖမ်းဆီးရရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chiang Mai man arrested for allegedly stealing women’s underwear (thethaiger)

[Zawgyi]

ခ်င္းမိုင္တြင္ မိန္းကေလးေအာက္ခံေဘာင္းဘီႏွင့္ေဘာ္လီမ်ား ၂ ႏွစ္ၾကာခိုးယူေနခဲ့သည့္အမ်ဳိးသားဖမ္းမိ

ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ျမိဳ႕တြင္ မိန္းကေလးမ်ား၏ အတြင္းခံမ်ားကိုခိုးယူေနခဲ့သည္ဟုစြပ္စြဲခံထားရသည့္ အသက္ ၂၅ ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးကိုဖမ္းဆီးခဲ့သည္။

“ဖန္း”ဟုသာသိရေသာအဆိုပါအမ်ဳိးသားသည္ မိန္းကေလးမ်ား၏ ဘရာစီယာႏွင့္ အတြင္းခံေဘာင္းဘီမ်ားကိုခိုးယူေနခဲ့သည္မွာ ၂ ႏွစ္ခန္႔ရွိျပီျဖစ္ေၾကာင္းရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ခ်င္းမိုင္ရွိဟိုတယ္တစ္ခုတြင္ တည္းခိုေနေသာအသက္ ၂၉ ႏွစ္အရြယ္ အမ်ဳိးသမီးကသူမ၏ လက္ဆြဲအိတ္ ခိုးယူျခင္းခံရေၾကာင္းတိုင္ၾကားခဲ့ျပီးေနာက္ ရဲတပ္ဖြဲ႔ကစံုစမ္းစစ္ေဆးမႈမ်ားစတင္ျပဳလုပ္ခဲ့သည္။

ရဲတပ္ဖြဲ႔သည္ ေစာင့္ၾကည့္ကင္မရာမွတ္တမ္းမ်ားကို ၾကည့္ရႈျပီးေနာက္ “ဖန္း” အားေျခရာခံခဲ့သည္။

ယင္းေနာက္ “ဖန္း”၏ တိုက္ခန္းကိုဝင္ေရာက္ရွာေဖြၾကရာအခိုးခံရသည့္ လက္ဆြဲအိတ္အျပင္ အမ်ဳိးသမီးဝတ္ အတြင္းခံမ်ားရာႏွင့္ခ်ီ၍ ရွာေဖြေတြ႔ရွိခဲ့ၾကသည္။

“ဖန္း” က မိန္းကေလးဝတ္ ဘရာစီယာႏွင့္ ေအာက္ခံေဘာင္းဘီမ်ားခိုးယူေနခဲ့သည္ကိုဝန္ခံခဲ့သည္ဟုဆိုသည္။

“ဖန္း”ကရဲတပ္ဖြဲ႔ဝင္မ်ားကိုထြက္ဆိုရာတြင္ အတြင္းခံမ်ားခိုးယူေနသည္မွာ ၂ ႏွစ္ေက်ာ္ရွိခဲ့ျပီျဖစ္ေၾကာင္း၊ အမ်ားအားျဖင့္ ကိုယ္တိုင္ေလွ်ာ္စနစ္ အဝတ္ေလွ်ာ္သည့္ေနရာမ်ားမွ ခိုးယူခဲ့ျခင္းျဖစ္ေၾကာင္းဝန္ခံခဲ့သည္။

“ဖန္း”မွာမိန္းကေလးအတြင္းခံမ်ားကိုသေဘာက်ႏွစ္သက္ရံုသက္သက္မွ်သာ ျဖစ္ဟန္ရေၾကာင္းရဲတပ္ဖြဲ႔ကေျပာၾကားသည္။ ယခုႏွစ္အတြင္းအဆိုပါအမႈမ်ဳိး ျဖစ္ပြားမႈအနည္းငယ္ရွိခဲ့သည္။

ယခုႏွစ္ ဧျပီလအတြင္းကခ်င္းမိုင္တြင္ပင္ အစားအစာပို႔ေဆာင္ေရးယာဥ္ေမာင္းတစ္ဦးသည္ အစားအစာမ်ားလိုက္လံပို႔ေဆာင္ရင္းဘရာစီယာႏွင့္ အတြင္းခံေဘာင္းဘီမ်ားခိုးယူမႈျဖင့္ ဖမ္းဆီးျခင္းခံခဲ့ရသည္။

ေစာင့္ၾကည့္ေရးကင္မရာမွတ္တမ္းအရ ျဖန္႔ခ်ိပို႔ေဆာင္ေရးဝတ္စံုဝတ္ဆင္ထားသည့္ အမ်ဳိးသားတစ္ဦးသည္ အဝတ္လွန္းစင္မွ အမ်ဳိးသမီးအတြင္းခံမ်ားယူကာနမ္းလိုက္ျပီးေနာက္ သူ၏အေပၚအကၤ် ီအတြင္းသို႔ ထည့္သြင္းလိုက္သည္ကိုေတြ႔ရသည္။

ယခုႏွစ္ ဇန္နဝါရီလအတြင္းကလည္းဘန္ေကာက္ျမိဳ႕၊ ဒြန္ေမာင္းခရိုင္တြင္ အမ်ဳိးသမီးအတြင္းခံေပါင္း ၁၄၀၀ ကိုခိုးယူသည့္ အမ်ဳိးသားတစ္ဦးကိုရဲတပ္ဖြဲ႔ကဖမ္းဆီးခဲ့သည္။

ခိုးယူသူကရဲတပ္ဖြဲ႔ဝင္မ်ားထံထြက္ဆိုရာတြင္ မိန္းကေလးအတြင္းခံမ်ား၏ ရနံ႔သည္ ၎အား ႏွစ္သက္မႈရေစေၾကာင္းေျပာၾကားသည္ဟုဆိုသည္။

ယခုႏွစ္ ေအာက္တိုဘာလအတြင္းတြင္လည္း ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္ထိစပ္ေနေသာရပ္ခ်ာဘူရီျပည္နယ္တြင္ အမ်ဳိးသားတစ္ဦး၏ေနအိမ္အတြင္းမွ အမ်ဳိးသမီးအတြင္းခံ ၇၀ ႏွင့္ မီသာဖက္တမင္းေဆးျပားမ်ားကိုဖမ္းဆီးရရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chiang Mai man arrested for allegedly stealing women’s underwear (thethaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service