နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
5210 Views

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

Knowledge | Posted by Zarni Kyaw

[Unicode]

ခြင်မရှိတဲ့ အရပ်၊ ခြင်မရှိတဲ့ အိမ်ရယ်လို့ မရှိပါဘူး။ ဒီတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ ခြင်ကို ခြင်ဆေး မလိုဘဲ သဘာဝနည်းလေးတွေနဲ့ ခြင်ပြေးအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။

ခြင် မကိုက်အောင် လုပ်ဆောင်ပေးမယ့် သဘာဝနည်းလမ်းများ

နေအိမ်မှာ ခြင်ပြးစေဖို့ ခြင်ဆေး ထွန်းစရာ မလိုမယ့် နည်းလမ်းက...........

ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့ အနံ့ ခပ်ပြင်းပြင်

းက ခြင်တွေကို အဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ရေနွေးဆူဆူထဲထည့်ပါ။ အအေးခံပြီး စပရေးဗူးထဲ ထည့်လို့ အိမ်ရဲ့ နေရာအနှံ့ကို ဖြန်းပေးရုံပါ။

လေးညှင်းပွင့် နဲ့ သံပရိုသီး

သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး သံပရိုခြမ်းပေါ်မှာ လေးညှင်းပွင့်လေးတွေ စိုက်ထားပေးပါ။ လေးညှင်းပွင့် နဲ့ သံပရိုသီးတို့ရဲ့ ရနံ့ ပေါင်းစပ်မှုက ခြင်တွေကို ဝေးဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်မှာပါ။

ပင်စိမ်း

ပင်စိမ်းက ဟင်းလျာတွေကိုတင် ရနံ့တိုးစေတာ မဟုတ်ဘဲ ခြင်တွေ ပြေးစေဖို့လည်း အကူအညီ ပေးနိုင်မှာပါ။ လတ်လတ်ဆတ်ဆတ် ပင်စိမ်းကို နေအိမ် အခန်းထဲမှာ ထားထားတာကလည်း ခြင်ပြေးစေမယ့် နည်းလမ်းကောင်းပါ။

Tea Tree Oil

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ အရေပြားမှာ Tea Tree Oil က အရေပြား ပြဿနာတွေကိုတင် ကင်းစေတာ မဟုတ်ဘဲ အရေပြားမှာ လိမ်းထားမယ်ဆိုရင်လည်း ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်မှာပါ။ ခြင်ကိုက်ဖုတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို ဖြန်းပေးတာကလည်း သဘာဝ ခြင်ပြေးဆေးတစ်ခုပါ။ စပရေးဗူးထဲမှာ ထည့်လို့ နေအိမ်မှာ ဖြန်းပေးပါ။

တမာဆီ နဲ့ လာဗင်ဒါဆီ

တမာဆီ နဲ့ လာဗင်ဒါဆီကို ဆတူရောပြီး အရေပြားပေါ်မှာ လိမ်းပေးတာက အရေပြားကို ထိခိုက်မှု ကင်းပြီး ခြင်တွေကို အဝေးပြေးစေမှာပါ။

ပူစီနံ အဆီ

ပူစီနံရွက်က ရတဲ့ အဆီကို လိမ်းပေးတာ အစိုဓာတ် ထိန်းစက်ထဲ ထည့်ပြီး ဖွင့်ပေးတာ၊ ရေနွေးနဲ့ ရောစပ်ပြီး ဖြန်ပေးတာကလည်း ခြင်ပြေးစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

Rosemary ရိုးတံ

Rosemary ရိုးတံကလည်း ဖြင်ပြေးစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင် ပါတယ်။ နေအိမ်ထဲမှာ မီးဖို သေးသေးလေးနဲ့ Rosemary ရိုးတံ ကို မီးရှို့ပေးရုံပါ။ ဒီအငွေ့က ခြင်တွေကို မောင်းထုတ်ပေးမှာပါ။

ကော်ဖီမှုန့်

နှပ်ကော်ဖီ လုပ်သောက်တဲ့ ကော်ဖီ အကြမ်းမှုန့်ကို ဖြူးပေးထားတာကလည်း ခြင်တွေကို အဝေးပြေးစေမှာပါ။ နေအိမ် အခန်းတွေထဲမှာ ကော်ဖီမှုန့်ကို ဖြူးထားပေးတာ၊ ရေဝပ်နိုင်တဲ့ နေရာတွေကို ကော်ဖီမှုန့် ဖြူးပေးတာက ခြင်တွေ ပြေးစေဖို့ရော ခြင်တွေ မပေါက်ဖွားစေဖို့ပါ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကဲ…. အိမ်သုံးပစ္စည်းလေးတွေ သုံးလို့ ကျန်းမာရေး ထိခိုက်မှု မရှိစေဘဲ ခြင်တွေကိူ အဝေးမောင်းထုတ်လိုက်ရအောင်လား………………

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]





ကြက်သွန်ဖြူ




ပင်စိမ်း


Tea Tree Oil


ပန်းသီးရှာလကာရည်


တမာဆီ နဲ့ လာဗင်ဒါဆီ


ပူစီနံ အဆီ


Rosemary ရိုးတံ


ကော်ဖီမှုန့်


ကဲ…. အိမ်သုံးပစ္စည်းလေးတွေ သုံးလို့ ကျန်းမာရေး ထိခိုက်မှု မရှိစေဘဲ ခြင်တွေကို အဝေးမောင်းထုတ်လိုက်ရအောင်လား………………




Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service