ရွေးကောက်ပွဲအလွန်မြို့စွန်မြေကွက်အနည်းငယ် အရောင်းအဝယ်ရှိနေ

ရွေးကောက်ပွဲအလွန်မြို့စွန်မြေကွက်အနည်းငယ် အရောင်းအဝယ်ရှိနေ - Property News in Myanmar from iMyanmarHouse.com
16 Nov 2020 1:32 pm တွင် တင်ခဲ့သည်
1141 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရွေးကောက်ပွဲအပြီး ရန်ကုန်မြို့ရဲ့မြို့စွန်ပိုင်းအချို့မှာမြေကွက်အချို့အရောင်းအဝယ်လိုက်လာသလို မြို့တွင်းပိုင်းတိုက်ခန်းအဌားတွေလည်းအနည်းငယ်အလုပ်ပြန်ဖြစ်လာတယ်လို့ အကျိူးဆောင်တွေထံက သိရပါတယ်။

စက်ရုံအလုပ်ရုံတွေပြန်လည်ဖွင့်လှစ်လာခြင်းနဲ့အတူ စီးပွားရေးလုပ်ငန်းတချို့ပြန်လည်စတင်လာမှုကြောင့် တုံ့ဆိုင်းနေတဲ့ရန်ကုန်အိမ်ခြံမြေအတွက်အနည်းငယ်အသက်ရှူပေါက်တစ်ခုဖြစ်လာတယ်လို့ အိမ်ခြံမြေအကျိူးဆောင်တစ်ချို့ကပြောပါတယ်။ သန်လျင်၊မှော်ဘီနဲ့ရန်ကုန်မြို့စွန်လိုနေရာမျိူးတွေမှာတန်ဖိုးနည်းမြေကွက်အချို့အခုရက်ပိုင်းအတွင်းအရောင်းအဝယ်ပြန်လည်ဖြစ်ပေါ်နေတာပါ။

ပမာဏများပြားစွာအရောင်းအဝယ်ဖြစ်နေတာတော့မဟုတ်ဘဲငွေပေါ်လိုသူအချို့ကဈေးလျှော့ရောင်းချမှုတွေကြောင့် အရောင်းအဝယ်အနည်းငယ်ဖြစ်ပေါ်နေတာလို့ သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲပြီးကာစကရန်ကုန်မှာအိမ်ခြံမြေအရောင်းအဝယ်တချို့တော်တော်အလုပ်ဖြစ်ခဲ့ပြီးအခု၂၀၂၀ရွေးကောက်ပွဲအပြီးမှာတော့ကိုဗစ်ကြောင့် အရောင်းအဝယ်ကထင်သလောက်အလုပ်မဖြစ်ခဲ့တာပါ။

ကိုဗစ်ကာလအတွင်း အွန်လိုင်းအိမ်ခြံမြေအရောင်းအဝယ်ပြပွဲတွေလည်းပြုလုပ်တာတွေလည်းရှိနေတာပါ။

ကပ်ရောဂါကူးစက်မှုမြင့်တက်လာချိန်တွင် ရန်ကုန်တိုင်းမြို့နယ် ၄၄ခု၌ စက်တင်ဘာ၂၁ရက်ကစ၍ Stay at Home အစီအစဉ်သတ်မှတ်ခဲ့ရာရန်ကုန်မြို့တွင်းခြောက်မြို့နယ်အပါအဝင်အခြားသောမြို့နယ်များမှစီးပွားရေးလုပ်ငန်းများရပ်ဆိုင်းသွားပြီး စားသောက်ကုန်ထုတ်လုပ်ရောင်းချခြင်းအပါအဝင် လုပ်ငန်းအချို့သာ ဆက်လက်ဖွင့်လှစ်လုပ်ဆောင်နိုင်သည်။

ထို့နောက်အောက်တိုဘာ ၁၂ရက်ကစ၍လက်ခစားအထည်ချုပ်လုပ်ငန်းများအပါအဝင်ထုတ်ကုန်လုပ်ငန်းများပြန်လည်လည်ပတ်ခွင့်ပြုပေးခဲ့သည်။ Stay at Homeသတ်မှတ်ချက်အသက်ဝင်နေသဖြင့်အခြားသောစီးပွားရေးလုပ်ငန်းများဖွင့်လှစ်လုပ်ကိုင်နိုင်ခြင်းမရှိသေးသော်လည်း အောက်တိုဘာလကုန်ပိုင်းကစတင်ကာလုပ်ငန်းအချို့ပြန်လည်လည်ပတ်ရန်ပြင်ဆင်ခဲ့သည်။

ကပ်ရောဂါအတားအဆီးများကြားပြုလုပ်ခဲ့သည့် နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲနှင့်နိုင်ငံရေးလှုပ်ရှားမှုများမြင့်တက်နေချိန်တွင် လုပ်ငန်းများပြန်လည်စတင်ရေးကိုစီးပွားရေးသမားများကစောင့်ကြည့်နေသည်။

မြန်မာနိုင်ငံကဲ့သို့ဖွံ့ဖြိုးဆဲနိုင်ငံအတွက်ကပ်ရောဂါ၏ထိုးနှက်ချက်ကခရီးသွားလုပ်ငန်းများ၊လက်ခစားကုန်ထုတ်လုပ်ငန်းများကဲ့သို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပါဝင်သောစီးပွားရေးလုပ်ငန်းကြီးများသာမက ရန်ကုန်မြို့တွင်းအရောင်းဆိုင်ဖွင့်လှစ်ပြီးရောင်းချသူများအထိခံစားနေရသည်။

မြန်မာနိုင်ငံတွင်ပြီးခဲ့သည့်မတ်လကုန်ပိုင်းကစ၍ COVID-19 ကပ်ရောဂါကူးစက်ခံရပြီးနောက်အချိန်ရှစ်လအတွင်းနိုင်ငံစီးပွားရေးလည်ပတ်မှုတွင်အခက်အခဲများဖြစ်ခဲ့သည်။ကုန်ထုတ်လုပ်မှုလျော့နည်းသွားခြင်းနှင့်အတူ အလုပ်သမား၏ဝင်ငွေအပိုင်းကိုသိသာစွာ ထိခိုက်ခဲ့သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


ရွေးကောက်ပွဲအပြီး ရန်ကုန်မြို့ရဲ့မြို့စွန်ပိုင်းအချို့မှာမြေကွက်အချို့အရောင်းအဝယ်လိုက်လာသလို မြို့တွင်းပိုင်းတိုက်ခန်းအဌားတွေလည်းအနည်းငယ်အလုပ်ပြန်ဖြစ်လာတယ်လို့ အကျိုးဆောင်တွေထံက သိရပါတယ်။

စက်ရုံအလုပ်ရုံတွေပြန်လည်ဖွင့်လှစ်လာခြင်းနဲ့အတူ စီးပွားရေးလုပ်ငန်းတချို့ပြန်လည်စတင်လာမှုကြောင့် တုံ့ဆိုင်းနေတဲ့ရန်ကုန်အိမ်ခြံမြေအတွက်အနည်းငယ်အသက်ရှူပေါက်တစ်ခုဖြစ်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ချို့ကပြောပါတယ်။ သန်လျင်၊မှော်ဘီနဲ့ရန်ကုန်မြို့စွန်လိုနေရာမျိုးတွေမှာတန်ဖိုးနည်းမြေကွက်အချို့အခုရက်ပိုင်းအတွင်းအရောင်းအဝယ်ပြန်လည်ဖြစ်ပေါ်နေတာပါ။











 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service