စပျစ်သီးကို ဘာကြောင့်အစေ့ပါ ဝါးစားသင့်တာလဲ

စပျစ်သီးကို ဘာကြောင့်အစေ့ပါ ဝါးစားသင့်တာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
27 Oct 2020 2:12 pm တွင် တင်ခဲ့သည်
5363 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကျွန်မတို့ စပျစ်သီးစားတဲ့အခါ အထဲမှာပါတဲ့ အစေ့ကို ထွေးထုတ်တတ်ကြပါတယ်။ ဒါပေမယ့် စပျစ်သီးအစေ့ကို ထွေးမပစ်ဘဲ စားသုံးသင့်တဲ့အချက်တွေ ရှိနေပါတယ်။

စိတ်ကျရောဂါသက်သာစေတယ်

၂၀၁၀ ပြည့်နှစ်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းက ဦးနှောက်ထဲက ဆီရိုတိုနင်နဲ့ ဒိုပါမင်းပမာဏကို မြင့်မားစေပါတယ်။ ဒီဓာတ်တွေက စိတ်ကျရောဂါခံစားနေရသူတွေကို ဆရာဝန်တွေ ညွှန်းလေ့ရှိပါတယ်။

ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်တယ်

စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်မှာ အဆီတွေ စုပ်ယူမှုနဲ့ သိုလှောင်မှုကို တားဆီးပေးတာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေ စပျစ်သီးစားတဲ့အခါ အစေ့ပါဝါးစားသင့်ပါတယ်။

ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်

စပျစ်သီးအစေ့ထဲက ပရိုအန်သိုစိုင်ရာနဒင်နဲ့ တခြားဒြပ်ပေါင်းတွေက ကင်ဆာရောဂါမဖြစ်ပွားအောင် တားဆီးပေးပါတယ်။ စပျစ်သီးစားသုံးတဲ့အခါ အစေ့ပါဝါးစားတာကြောင့် ကင်ဆာဆဲလ်တွေကို သေစေတယ်လို့ တချို့လေ့လာမှုတွေမှာ တွေ့ရှိရပေမယ့် နောက်ထပ် လေ့လာမှုတွေများစွာပြုလုပ်ဖို့ လိုသေးတယ်လို့ သိရပါတယ်။

သွေးပြန်ကြောထုံးတာ သက်သာစေတယ်

ခြေထောက်မှာ သွေးပြန်ကြောတွေထုံးပြီး အထင်းသားပေါ်နေပါက စပျစ်သီးစားသုံးတဲ့အခါ အစေ့ပါ ဝါးစားပေးပါ။ စပျစ်သီးအစေ့ထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက သွေးကြောတွေကို သန်မာစေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတချို့က စပျစ်သီးအစေ့ပါ ဝါးစားတာက အမျိုးသမီးတွေ ခြေထောက်ရောင်တာကိုလည်း သက်သာစေတယ်လို့ သိရပါတယ်။

နှလုံးကျန်းမာစေတယ်

ခြေထောက်သွေးကြောထုံးတာ သက်သာသွားတာကြောင့် နှလုံးဆီ သွေးတွေပြန်ရောက်ဖို့ အားကောင်းသွားပါတယ်။ လေ့လာမှုတွေအရ သွေးတွင်းအဆီဓာတ်များတာကို လျှော့ချပေးတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နှလုံးခုန်နှုန်းပုံမှန်ဖြစ်စေပြီး ရုတ်တရက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

အရွယ်အိုမင်းမှု နှေးကွေးစေတယ်

စပျစ်သီးထဲမှာ အရွယ်အိုမင်းမှုကို နှေးကွေးစေပြီး နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။ အရေပြားကို အိုမင်းအောင်တိုက်ခိုက်တဲ့ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်တိုက်ထုတ်ပေးပါတယ်။ လေ့လာမှုတွေအရ စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဗီတာမင်စီနဲ့ အီးတို့ အဆများစွာ ပိုမိုအစွမ်းထက်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ရောင်ရမ်းမှုတွေ လျော့နည်းစေတယ်

စပျစ်သီးအစေ့ထဲမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က အဝလွန်တာ၊ အရိုးအဆစ်ရောင်ရမ်းနာကျင်တာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါစတာတွေကြောင့် ဆက်စပ်ပြီးဖြစ်လာတဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

 

[Zawgyi]

 

စပ်စ္သီးကို ဘာေၾကာင့္အေစ့ပါ ဝါးစားသင့္တာလဲ

ကြၽန္မတို႔ စပ်စ္သီးစားတဲ့အခါ အထဲမွာပါတဲ့ အေစ့ကို ေထြးထုတ္တတ္ၾကပါတယ္။ ဒါေပမယ့္ စပ်စ္သီးအေစ့ကို ေထြးမပစ္ဘဲ စားသုံးသင့္တဲ့အခ်က္ေတြ ႐ွိေနပါတယ္။

စိတ္က်ေရာဂါသက္သာေစတယ္

၂၀၁၀ ျပည့္ႏွစ္ကျပဳလုပ္ခဲ့တဲ့ ေလ့လာမႈအရ စပ်စ္သီးအေစ့ထဲမွာပါဝင္တဲ့ ျဒပ္ေပါင္းက ဦးေႏွာက္ထဲက ဆီ႐ိုတိုနင္နဲ႔ ဒိုပါမင္းပမာဏကို ျမင့္မားေစပါတယ္။ ဒီဓာတ္ေတြက စိတ္က်ေရာဂါခံစားေနရသူေတြကို ဆရာဝန္ေတြ ၫႊန္းေလ့႐ွိပါတယ္။

ကိုယ္အေလးခ်ိန္ထိန္းသိမ္းႏိုင္တယ္

စပ်စ္သီးအေစ့ထဲမွာပါဝင္တဲ့ ျဒပ္ေပါင္းေတြက ခႏၶာကိုယ္မွာ အဆီေတြ စုပ္ယူမႈနဲ႔ သိုေလွာင္မႈကို တားဆီးေပးတာေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်လိုသူေတြ စပ်စ္သီးစားတဲ့အခါ အေစ့ပါဝါးစားသင့္ပါတယ္။

ကင္ဆာေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးတယ္

စပ်စ္သီးအေစ့ထဲက ပ႐ိုအန္သိုစိုင္ရာနဒင္နဲ႔ တျခားျဒပ္ေပါင္းေတြက ကင္ဆာေရာဂါမျဖစ္ပြားေအာင္ တားဆီးေပးပါတယ္။ စပ်စ္သီးစားသုံးတဲ့အခါ အေစ့ပါဝါးစားတာေၾကာင့္ ကင္ဆာဆဲလ္ေတြကို ေသေစတယ္လို႔ တခ်ိဳ႕ေလ့လာမႈေတြမွာ ေတြ႕႐ွိရေပမယ့္ ေနာက္ထပ္ ေလ့လာမႈေတြမ်ားစြာျပဳလုပ္ဖို႔ လိုေသးတယ္လို႔ သိရပါတယ္။

ေသြးျပန္ေၾကာထုံးတာ သက္သာေစတယ္

ေျခေထာက္မွာ ေသြးျပန္ေၾကာေတြထုံးၿပီး အထင္းသားေပၚေနပါက စပ်စ္သီးစားသုံးတဲ့အခါ အေစ့ပါ ဝါးစားေပးပါ။ စပ်စ္သီးအေစ့ထဲမွာ ပါဝင္တဲ့ ျဒပ္ေပါင္းေတြက ေသြးေၾကာေတြကို သန္မာေစၿပီး ေသြးလွည့္ပတ္စီးဆင္းမႈကို ေကာင္းမြန္ေစပါတယ္။ ေလ့လာမႈတခ်ိဳ႕က စပ်စ္သီးအေစ့ပါ ဝါးစားတာက အမ်ိဳးသမီးေတြ ေျခေထာက္ေရာင္တာကိုလည္း သက္သာေစတယ္လို႔ သိရပါတယ္။

ႏွလုံးက်န္းမာေစတယ္

ေျခေထာက္ေသြးေၾကာထုံးတာ သက္သာသြားတာေၾကာင့္ ႏွလုံးဆီ ေသြးေတြျပန္ေရာက္ဖို႔ အားေကာင္းသြားပါတယ္။ ေလ့လာမႈေတြအရ ေသြးတြင္းအဆီဓာတ္မ်ားတာကို ေလွ်ာ့ခ်ေပးတယ္လို႔ ေတြ႕႐ွိခဲ့ပါတယ္။ ႏွလုံးခုန္ႏႈန္းပုံမွန္ျဖစ္ေစၿပီး ႐ုတ္တရက္ ႏွလုံးတိုက္ခိုက္ခံရႏိုင္ေျခကိုလည္း ေလ်ာ့နည္းေစပါတယ္။

အ႐ြယ္အိုမင္းမႈ ေႏွးေကြးေစတယ္

စပ်စ္သီးထဲမွာ အ႐ြယ္အိုမင္းမႈကို ေႏွးေကြးေစၿပီး ႏုပ်ိဳေစတဲ့ အင္တီေအာက္ဆီးဒင့္ေတြ မ်ားစြာပါဝင္ပါတယ္။ အေရျပားကို အိုမင္းေအာင္တိုက္ခိုက္တဲ့ ဓာတ္တိုးပစၥည္းေတြကို ဆန္႔က်င္တိုက္ထုတ္ေပးပါတယ္။ ေလ့လာမႈေတြအရ စပ်စ္သီးအေစ့ထဲမွာပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္က ဗီတာမင္စီနဲ႔ အီးတို႔ အဆမ်ားစြာ ပိုမိုအစြမ္းထက္တယ္လို႔ ေတြ႕႐ွိခဲ့ပါတယ္။

ေရာင္ရမ္းမႈေတြ ေလ်ာ့နည္းေစတယ္

စပ်စ္သီးအေစ့ထဲမွာ ပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္က အဝလြန္တာ၊ အ႐ိုးအဆစ္ေရာင္ရမ္းနာက်င္တာ၊ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါနဲ႔ ကင္ဆာေရာဂါစတာေတြေၾကာင့္ ဆက္စပ္ၿပီးျဖစ္လာတဲ့ ေရာင္ရမ္းမႈေတြကို ေလ်ာ့နည္းေစပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : ဇာျခည္ဝင္း (ေဆးဝါးတကၠသိုလ္)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service