ကျန်းမာရေးနှင့်အလှအပအတွက် ပန်းသီးစိမ်း၏ အံ့ဖွယ်အကျိုးကျေးဇူး (၅) ခု

ကျန်းမာရေးနှင့်အလှအပအတွက် ပန်းသီးစိမ်း၏ အံ့ဖွယ်အကျိုးကျေးဇူး (၅) ခု - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2020 11:02 am တွင် တင်ခဲ့သည်
2168 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode] သူ့အရသာက နည်းနည်းချဉ်ချဉ်တင်တင်လေး ဆိုပေမဲ့ အနီရောင်ပန်းသီးတွေလိုပဲ အစိမ်းရောင်ပန်းသီးတွေဟာလည်း ကျန်းမာရေးအတွက် ကောင်းမွန်တာပါပဲနော်။

ပန်းသီးစိမ်းတွေက‌ ပေးနိုင်တဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေ တစ်လှေကြီး ရှိပါတယ်။

ပန်းသီးစိမ်းတွေမှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အာဟာရဓာတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။

ပိုပြီးတော့ သိရှိစေဖို့ အောက်မှာဖော်ပြပေးထားတဲ့ ပန်းသီးစိမ်းရဲ့ အံ့ဖွယ်အကျိုးကျေးဇူး ၅ ခုကို ဖတ်ကြည့်လိုက်ပါဦးနော်။

၁။ ဇီဝတွင်းဖြစ်ပျက်မှု (အဓိပ္ပာယ်ဖွင့်ဆိုချက်အား အောက်တွင်ရှုရန်) အား ပိုမိုကောင်းမွန်တိုးတက်စေခြင်း

- ခန္ဓာကိုယ်တွင်း၌ အစာခြေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော ဓာတုဖြစ်စဉ်အစုစုဖြစ်တဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို ပန်းသီးစိမ်းမှာ မြင့်မားစွာပါဝင်တဲ့ အမျှင်ဓာတ်ပမာဏက ကူညီတိုးပွားကောင်းမွန်စေပါတယ်။ ပန်းသီးစားတဲ့အခါ အခွံတွေပါ စားပါ။ (ဒီနေ့ခေတ်မှာ ဓာတုဓာတ်မြေသြဇာတွေ၊ အသီးအနှံဖျန်းတဲ့ ပိုးသတ်ဆေးတွေကို ကြောက်ရတာကြောင့် ပန်းသီးကို မစားခင် နာရီဝက်အလိုလောက်ကတည်းက ဆားရေစိမ်ထားပြီး ဘေးကင်းအကျိုးရှိစွာ စားနိုင်ပါတယ်နော်။) ပန်းသီးကို အခွံနဲ့တွဲပြီး စားသုံးခြင်းက အလုံးစုံသော ကျန်းမာရေးကို ကောင်းမွန်စေတာကြောင့်ပါ။ သူ့မှာ အမျှင်ဓာတ်မြင့်မားစွာပါဝင်တာကြောင့် ပန်းသီးစိမ်းတွေဟာ တခြားစားသုံးလိုက်တဲ့အထဲကနေ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တွေကိုလည်း ကူညီဖယ်ရှားပေးပါတယ်။ ဒါကြောင့်မို့လို့ အသည်းနဲ့ အစာခြေစနစ်ကို အန္တရာယ်ရှိတဲ့ ဒြပ်စင်တွေရန်ကနေ ကင်းဝေးစေပါတယ်။

၂။ အဆီပါဝင်မှုနည်းခြင်း

- ပန်းသီးစိမ်းတွေမှာ အဆီပါဝင်မှုပမာဏနိမ့်ပါးပြီး ခန္ဓာကိုယ်ထဲ သွေးစီးဆင်းမှုကောင်းမွန်အောင် ထိန်းထားပေးပါတယ်။ သွေးလည်ပတ်မှုကောင်းလျှင် နှလုံးရောဂါတွေနဲ့ လေဖြတ်မယ့်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ပန်းသီးစိမ်းတွေမှာ ဗီတာမင်ကေလည်း ပေါကြွယ်ဝပါတယ်။ လူတွေမှာ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်လျှင် သွေးတိတ်ပြီး သွေးခဲစေဖို့အတွက် ဗီတာမင်ကေ လိုအပ်ပါတယ်။ ဗီတာမင်ကေ ချို့တဲ့လျှင် အသေးအဖွဲ ထိရှတာလေးမှပင် သွေးမတိတ်တော့ဘဲ အသေးစားထိခိုက်မှုလေးကနေ ကြီးကျယ်တဲ့ ဒဏ်ရာဖြစ်သွားစေနိုင်ပါတယ်။

၃။ ဗီတာမင်အေနှင့် စီရင်းမြစ် ‌

- ပန်းသီးစိမ်းတွေဟာ အရေပြားဆဲလ်တွေကို (အိုးမင်းရင့်ရော်မှုဖြစ်စေတဲ့) ဖရီးရယ်ဒီကယ်တွေရဲ့ ရန်ကနေ ကင်းဝေးစေပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးတဲ့ အလွန်‌ကောင်းမွန်တဲ့ဗီတာမင်စီရင်းမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ မျက်စိအားကောင်းမွန်အောင် ထိန်းသိမ်းပေးတဲ့ ဗီတာမင်အေလည်း တစ်ပုံတစ်ခေါင်းကြီး ပါဝင်ပါတယ်နော်။

၄။ အရိုးများအတွက် ကောင်းခြင်း

- ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ အလွန်ကောင်းတဲ့ရင်းမြစ်ဖြစ်တဲ့အပြင် ပန်းသီးစိမ်းတွေမှာ မြန်မာလိုထုံးဓာတ်လို့ခေါ်တဲ့ ကယ်လ်ဆီယံလည်း အတော်လေးများပြားစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပန်းသီးစိမ်းတစ်လုံး နေ့စဉ်စားသုံးပေးမယ်ဆိုရင် အရိုးနဲ့သွားတွေကို ကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။

၅။ အိုးမင်းရင့်ရော်မှုကို တွန်းလှန်ပေးခြင်း

- ပန်းသီးစိမ်းတွေမှာ အခြားအခြားသော အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ သူတို့ဟာ အိုးမင်းရင့်ရော်မှုဖြစ်စဉ်ကို နှေးကွေးစေပြီး အလှတရားကို ကူညီအားဖြည့်ပေးပါတယ်။ အသားရေကို သင့်လျော်တဲ့အာဟာရ ဖြည့်တင်းပေးပြီး မျက်ကွင်းညိုတာတွေကိုလည်း သိသိသာသာကိုပဲ လျော့ပါးစေကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 5 Amazing Benefits Of Green Apples For Skin And Overall Health

[Zawgyi]

က်န္းမာေရးႏွင့္အလွအပအတြက္ ပန္းသီးစိမ္း၏ အံ့ဖြယ္အက်ိဳးေက်းဇူး (၅) ခု

သူ႕အရသာက နည္းနည္းခ်ဥ္ခ်ဥ္တင္တင္ေလး ဆိုေပမဲ့ အနီေရာင္ပန္းသီးေတြလိုပဲ အစိမ္းေရာင္ပန္းသီးေတြဟာလည္း က်န္းမာေရးအတြက္ ေကာင္းမြန္တာပါပဲေနာ္။

ပန္းသီးစိမ္းေတြက‌ ေပးႏိုင္တဲ့ က်န္းမာေရးနဲ႔ အလွအပဆိုင္ရာ အက်ိဳးေက်းဇူးေတြ တစ္ေလွႀကီး ႐ွိပါတယ္။

ပန္းသီးစိမ္းေတြမွာ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ က်န္းမာေရးအတြက္ အာဟာရဓာတ္၊ အမွ်င္ဓာတ္၊ သတၱဳဓာတ္ေတြနဲ႔ ဗီတာမင္ေတြ ပါဝင္ပါတယ္။

ပိုၿပီးေတာ့ သိ႐ွိေစဖို႔ ေအာက္မွာေဖာ္ျပေပးထားတဲ့ ပန္းသီးစိမ္းရဲ႕ အံ့ဖြယ္အက်ိဳးေက်းဇူး ၅ ခုကို ဖတ္ၾကည့္လိုက္ပါဦးေနာ္။

၁။ ဇီဝတြင္းျဖစ္ပ်က္မႈ (အဓိပၸာယ္ဖြင့္ဆိုခ်က္အား ေအာက္တြင္႐ႈရန္) အား ပိုမိုေကာင္းမြန္တိုးတက္ေစျခင္း

- ခႏၶာကိုယ္တြင္း၌ အစာေျခဖ်က္မႈ၊ ႀကီးထြားမႈ၊ စြန္႔ထုတ္မႈ စသည္တို႔ႏွင့္ သက္ဆိုင္ေသာ ဓာတုျဖစ္စဥ္အစုစုျဖစ္တဲ့ ဇီဝတြင္းျဖစ္ပ်က္မႈကို ပန္းသီးစိမ္းမွာ ျမင့္မားစြာပါဝင္တဲ့ အမွ်င္ဓာတ္ပမာဏက ကူညီတိုးပြားေကာင္းမြန္ေစပါတယ္။ ပန္းသီးစားတဲ့အခါ အခြံေတြပါ စားပါ။ (ဒီေန႔ေခတ္မွာ ဓာတုဓာတ္ေျမၾသဇာေတြ၊ အသီးအႏွံဖ်န္းတဲ့ ပိုးသတ္ေဆးေတြကို ေၾကာက္ရတာေၾကာင့္ ပန္းသီးကို မစားခင္ နာရီဝက္အလိုေလာက္ကတည္းက ဆားေရစိမ္ထားၿပီး ေဘးကင္းအက်ိဳး႐ွိစြာ စားႏိုင္ပါတယ္ေနာ္။) ပန္းသီးကို အခြံနဲ႔တြဲၿပီး စားသုံးျခင္းက အလုံးစုံေသာ က်န္းမာေရးကို ေကာင္းမြန္ေစတာေၾကာင့္ပါ။ သူ႕မွာ အမွ်င္ဓာတ္ျမင့္မားစြာပါဝင္တာေၾကာင့္ ပန္းသီးစိမ္းေတြဟာ တျခားစားသုံးလိုက္တဲ့အထဲကေန ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ေတြကိုလည္း ကူညီဖယ္႐ွားေပးပါတယ္။ ဒါေၾကာင့္မို႔လို႔ အသည္းနဲ႔ အစာေျခစနစ္ကို အႏၲရာယ္႐ွိတဲ့ ျဒပ္စင္ေတြရန္ကေန ကင္းေဝးေစပါတယ္။

၂။ အဆီပါဝင္မႈနည္းျခင္း

- ပန္းသီးစိမ္းေတြမွာ အဆီပါဝင္မႈပမာဏနိမ့္ပါးၿပီး ခႏၶာကိုယ္ထဲ ေသြးစီးဆင္းမႈေကာင္းမြန္ေအာင္ ထိန္းထားေပးပါတယ္။ ေသြးလည္ပတ္မႈေကာင္းလွ်င္ ႏွလုံးေရာဂါေတြနဲ႔ ေလျဖတ္မယ့္အႏၲရာယ္ကေန ကာကြယ္ေပးႏိုင္မွာပါ။ ပန္းသီးစိမ္းေတြမွာ ဗီတာမင္ေကလည္း ေပါႂကြယ္ဝပါတယ္။ လူေတြမွာ ထိခိုက္ဒဏ္ရာရၿပီး ေသြးထြက္လွ်င္ ေသြးတိတ္ၿပီး ေသြးခဲေစဖို႔အတြက္ ဗီတာမင္ေက လိုအပ္ပါတယ္။ ဗီတာမင္ေက ခ်ိဳ႕တဲ့လွ်င္ အေသးအဖြဲ ထိ႐ွတာေလးမွပင္ ေသြးမတိတ္ေတာ့ဘဲ အေသးစားထိခိုက္မႈေလးကေန ႀကီးက်ယ္တဲ့ ဒဏ္ရာျဖစ္သြားေစႏိုင္ပါတယ္။

၃။ ဗီတာမင္ေအႏွင့္ စီရင္းျမစ္ ‌

- ပန္းသီးစိမ္းေတြဟာ အေရျပားဆဲလ္ေတြကို (အိုးမင္းရင့္ေရာ္မႈျဖစ္ေစတဲ့) ဖရီးရယ္ဒီကယ္ေတြရဲ႕ ရန္ကေန ကင္းေဝးေစၿပီး အေရျပားကင္ဆာျဖစ္ႏိုင္ေျခကိုလည္း ေလွ်ာ့ခ်ေပးတဲ့ အလြန္‌ေကာင္းမြန္တဲ့ဗီတာမင္စီရင္းျမစ္တစ္ခုပဲ ျဖစ္ပါတယ္။ မ်က္စိအားေကာင္းမြန္ေအာင္ ထိန္းသိမ္းေပးတဲ့ ဗီတာမင္ေအလည္း တစ္ပုံတစ္ေခါင္းႀကီး ပါဝင္ပါတယ္ေနာ္။

၄။ အ႐ိုးမ်ားအတြက္ ေကာင္းျခင္း

- ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြရဲ႕ အလြန္ေကာင္းတဲ့ရင္းျမစ္ျဖစ္တဲ့အျပင္ ပန္းသီးစိမ္းေတြမွာ ျမန္မာလိုထုံးဓာတ္လို႔ေခၚတဲ့ ကယ္လ္ဆီယံလည္း အေတာ္ေလးမ်ားျပားစြာ ပါဝင္ပါတယ္။ ဒါေၾကာင့္ ပန္းသီးစိမ္းတစ္လုံး ေန႔စဥ္စားသုံးေပးမယ္ဆိုရင္ အ႐ိုးနဲ႔သြားေတြကို က်န္းမာၾကံ့ခိုင္ေစႏိုင္ပါတယ္။

၅။ အိုးမင္းရင့္ေရာ္မႈကို တြန္းလွန္ေပးျခင္း

- ပန္းသီးစိမ္းေတြမွာ အျခားအျခားေသာ အက်ိဳးေက်းဇူးေတြလည္း ႐ွိပါေသးတယ္။ သူတို႔ဟာ အိုးမင္းရင့္ေရာ္မႈျဖစ္စဥ္ကို ေႏွးေကြးေစၿပီး အလွတရားကို ကူညီအားျဖည့္ေပးပါတယ္။ အသားေရကို သင့္ေလ်ာ္တဲ့အာဟာရ ျဖည့္တင္းေပးၿပီး မ်က္ကြင္းညိဳတာေတြကိုလည္း သိသိသာသာကိုပဲ ေလ်ာ့ပါးေစေၾကာင္း ေဖာ္ျပေပးလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 5 Amazing Benefits Of Green Apples For Skin And Overall Health

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service