COVID-19 ကြောင့် အရှုုံးပေါ်ခဲ့သည့် စင်္ကာပူလေကြောင်းလိုင်း၏ မြေပြင်ဝန်ဆောင်မှုအစီအစဉ်

COVID-19 ကြောင့် အရှုုံးပေါ်ခဲ့သည့် စင်္ကာပူလေကြောင်းလိုင်း၏ မြေပြင်ဝန်ဆောင်မှုအစီအစဉ် - Property News in Myanmar from iMyanmarHouse.com
1 Oct 2020 12:37 pm တွင် တင်ခဲ့သည်
970 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူလေကြောင်းလိုင်း (SIA) က အများပြည်သူတို့ မြေပြင်ပေါ်မှနေ၍ လေကြောင်းလိုင်းဝန်ဆောင်မှုများကို ခံစားရနိုင်မည့်အစီအစဉ်တစ်ရပ်ကိုစက်တင်ဘာ ၂၉ စက်တင်ဘာ ၂၉ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ချပြလိုက်ပြီဖြစ်သည်၊

ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ်ဖြစ်သည့် Airbus 380 (A380) လေယာဉ်ပေါ်တွင် ထိုအစီအစဉ်အရ အစားအသောက်ဝန်ဆောင်ပေးခြင်း၊ လေယာဉ်အတွင်းလေ့လာရေးခရီးစဉ်နှင့် ပထမတန်းစားနှင့် စီးပွားရေးတန်းစား အစားအသောက်များကို နေအိမ်အရောက်ပို့ဝန်ဆောင်မှုတို့ကို SIA က ဝန်ဆောင်ပေးမည်ဖြစ်သည်။

အစိုးရရင်းနှီးမြှုပ်နှံမှုအများစုပါဝင်သည့် ၎င်းစင်္ကာပူပင်မလေကြောင်းလိုင်းအတွက် COVID-19 ကြောင့် မကြုံစဖူးစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရစဉ် ထိုကြေညာချက်ထွက်ရှိလာခြင်းဖြစ်သည်။

SIA Group သည် မေလတုန်းကလည်း ၎င်း၏ ၄၈ နှစ်တာသမိုင်းတစ်လျှောက် ပထမဆုံးတစ်နှစ်တာအသားတင်အရှုံးစာရင်းကို ထုတ်ပြန်ခဲ့ပြီး အလုပ်အကိုင်နေရာပေါင်း ၄,၃၀၀ ခန့် လျှော့ချမည်ဟု ကြေညာထားသည်။

စက်တင်ဘာ ၂၉ က သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ကြေညာချက်အရ ၎င်းတို့တွင် အများပြည်သူသို့ ချပြမည့် နောက်ထပ်ဆွဲဆောင်မှုအစီအစဉ်နှစ်ရပ်လည်း ကျန်ရှိသေးသည်ဟု သိရသည်။

ယခုအစီအစဉ်အရ အောက်တိုဘာ၏ နှစ်ရက်တာ (အောက်တိုဘာ ၂၄ နှင့် အောက်တိုဘာ ၂၅) အတွက် SIA သည် A380 ပေါ်တွင် နေ့လည်စာနှင့် ညစာအစားအသောက်စားသုံးနိုင်ခြင်းဝန်ဆောင်မှုကို ပေးမည်ဖြစ်သည်။

လာရောက်စားသုံးသူများသည် SIA နိုင်ငံတကာဟင်းလျာစာရင်းမှ သို့မဟုတ် စာဖိုမှူး ရှာမေလီ၏ Peranakan စားသောက်ဖွယ်ရာစာရင်းမှ ရွေးချယ်မှာယူနိုင်မည်ဖြစ်သည်။

မစားသုံးမီ လေယာဉ်အတွင်းလေ့လာရေးခရီးစဉ်ကိုလည်း အရေအတွက်အကန့်အသတ်ဖြင့် ဝန်ဆောင်ပေးမည်ဖြစ်သည်။

လာရောက်စားသုံးသူများသည် စားသုံးနေစဉ် နှစ်သက်ရာရုပ်ရှင်ကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်ကာ ရိုးရာဝတ်စုံဖြင့် လာရောက်သုံးဆောင်ပါက KrisShop discount များ၊ limited edition goodie bag နှင့် အခြားအပိုဆောင်းလက်ဆောင်များကိုလည်း ရရှိမှာဖြစ်ကြောင်း SIA ၏ ထုတ်ပြန်ချက်အရ သိရသည်။

Discover Your Singapore Airlines ဟု အမည်ပေးထားသည့် အဆိုပါဝန်ဆောင်မှုများအတွက် ကြိုတင်စာရင်းသွင်းမှုများကို SIA ဝဘ်ဆိုက်မှတစ်ဆင့် အောက်တိုဘာ ၁၂ မှ စတင်လက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: SIA scraps 'flight to nowhere' plan, launches limited plane dining service, tours and home food delivery (CNA)

 

[Zawgyi]

COVID-19 ေၾကာင့္ အ႐ႈုံးေပၚခဲ့သည့္ စကၤာပူေလေၾကာင္းလိုင္း၏ ေျမျပင္ဝန္ေဆာင္မႈအစီအစဥ္

စကၤာပူေလေၾကာင္းလိုင္း (SIA) က အမ်ားျပည္သူတို႔ ေျမျပင္ေပၚမွေန၍ ေလေၾကာင္းလိုင္းဝန္ေဆာင္မႈမ်ားကို ခံစားရႏိုင္မည့္အစီအစဥ္တစ္ရပ္ကိုစက္တင္ဘာ ၂၉ စက္တင္ဘာ ၂၉ က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ခ်ျပလိုက္ၿပီျဖစ္သည္၊

ကမ႓ာ့အႀကီးဆံုးခရီးသည္တင္ေလယာဥ္ျဖစ္သည့္ Airbus 380 (A380) ေလယာဥ္ေပၚတြင္ ထိုအစီအစဥ္အရ အစားအေသာက္ဝန္ေဆာင္ေပးျခင္း၊ ေလယာဥ္အတြင္းေလ့လာေရးခရီးစဥ္ႏွင့္ ပထမတန္းစားႏွင့္ စီးပြားေရးတန္းစား အစားအေသာက္မ်ားကို ေနအိမ္အေရာက္ပို႔ဝန္ေဆာင္မႈတို႔ကို SIA က ဝန္ေဆာင္ေပးမည္ျဖစ္သည္။

အစိုးရရင္းႏွီးႁမွဳပ္ႏွံမႈအမ်ားစုပါဝင္သည့္ ၎စကၤာပူပင္မေလေၾကာင္းလိုင္းအတြက္ COVID-19 ေၾကာင့္ မၾကံဳစဖူးစိန္ေခၚမႈမ်ားႏွင့္ရင္ဆိုင္ေနရစဥ္ ထိုေၾကညာခ်က္ထြက္ရွိလာျခင္းျဖစ္သည္။

SIA Group သည္ ေမလတုန္းကလည္း ၎၏ ၄၈ ႏွစ္တာသမိုင္းတစ္ေလွ်ာက္ ပထမဆံုးတစ္ႏွစ္တာအသားတင္အရႈံးစာရင္းကို ထုတ္ျပန္ခဲ့ၿပီး အလုပ္အကိုင္ေနရာေပါင္း ၄,၃၀၀ ခန္႔ ေလွ်ာ့ခ်မည္ဟု ေၾကညာထားသည္။

စက္တင္ဘာ ၂၉ က သတင္းစာရွင္းလင္းပြဲတြင္ ၎တို႔ေၾကညာခ်က္အရ ၎တို႔တြင္ အမ်ားျပည္သူသို႔ ခ်ျပမည့္ ေနာက္ထပ္ဆြဲေဆာင္မႈအစီအစဥ္ႏွစ္ရပ္လည္း က်န္ရွိေသးသည္ဟု သိရသည္။

ယခုအစီအစဥ္အရ ေအာက္တိုဘာ၏ ႏွစ္ရက္တာ (ေအာက္တိုဘာ ၂၄ ႏွင့္ ေအာက္တိုဘာ ၂၅) အတြက္ SIA သည္ A380 ေပၚတြင္ ေန႔လည္စာႏွင့္ ညစာအစားအေသာက္စားသံုးႏိုင္ျခင္းဝန္ေဆာင္မႈကို ေပးမည္ျဖစ္သည္။

လာေရာက္စားသံုးသူမ်ားသည္ SIA ႏိုင္ငံတကာဟင္းလ်ာစာရင္းမွ သို႔မဟုတ္ စာဖိုမွဴး ရွာေမလီ၏ Peranakan စားေသာက္ဖြယ္ရာစာရင္းမွ ေရြးခ်ယ္မွာယူႏိုင္မည္ျဖစ္သည္။

မစားသံုးမီ ေလယာဥ္အတြင္းေလ့လာေရးခရီးစဥ္ကိုလည္း အေရအတြက္အကန္႔အသတ္ျဖင့္ ဝန္ေဆာင္ေပးမည္ျဖစ္သည္။

လာေရာက္စားသံုးသူမ်ားသည္ စားသံုးေနစဥ္ ႏွစ္သက္ရာ႐ုပ္ရွင္ကိုလည္း ၾကည့္ရႈႏိုင္မည္ျဖစ္ကာ ႐ိုးရာဝတ္စံုျဖင့္ လာေရာက္သံုးေဆာင္ပါက KrisShop discount မ်ား၊ limited edition goodie bag ႏွင့္ အျခားအပိုေဆာင္းလက္ေဆာင္မ်ားကိုလည္း ရရွိမွာျဖစ္ေၾကာင္း SIA ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Discover Your Singapore Airlines ဟု အမည္ေပးထားသည့္ အဆိုပါဝန္ေဆာင္မႈမ်ားအတြက္ ႀကိဳတင္စာရင္းသြင္းမႈမ်ားကို SIA ဝဘ္ဆိုက္မွတစ္ဆင့္ ေအာက္တိုဘာ ၁၂ မွ စတင္လက္ခံမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: SIA scraps 'flight to nowhere' plan, launches limited plane dining service, tours and home food delivery (CNA)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service