လက်ရှိအစိုးရ သက်တမ်းအတွင်း အိမ်ယာတည်ဆောက်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဘီလီယံခွဲကျော်ဝင်ရောက်ထား

လက်ရှိအစိုးရ သက်တမ်းအတွင်း အိမ်ယာတည်ဆောက်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဘီလီယံခွဲကျော်ဝင်ရောက်ထား - Property News in Myanmar from iMyanmarHouse.com
23 Sep 2020 11:21 am တွင် တင်ခဲ့သည်
648 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လက်ရှိအစိုးရ သက်တမ်းတွင် အိမ်ယာတည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဘီလီယံခွဲခန့်ဖြင့် တတိယအများဆုံးဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်လာသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

လက်ရှိအစိုးရလက်ထက် လေးနှစ်ခွဲကာလတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆ ဘီလီယံဖိုး ဝင်ရောက် ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြသည်။

ထိုထဲတွင် အများဆုံးဝင်ရောက်ထားသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းမှာ တယ်လီကွန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၆ဒသမ၁ ဘီလီယံကျော်ဖိုးဝင်ရောက်ထားသည်ဟုဆိုသည်။ စုစုပေါင်းလုပ်ငန်း ၂၉ ခုရှိသည်ဟုဆိုသည်။

ဒုတိယအများဆုံးလုပ်ငန်းမှာ ကုန်ထုတ်လုပ်မှုဖြစ်ပြီး ဒေါ်လာ ၅ ဒသမ ၉ ရာခိုင်နှုန်းဝင်ရောက်ထားသည်။ စုစုပေါင်းလုပ်ငန်း ၇၀၀ခန့်ရှိသည်။

တတိယအများဆုံးမှာ အိမ်ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ပြီး ဒေါ်လာ ၃ဘီလီယံခွဲခန့်ရှိပြီး လုပ်ငန်းပေါင်း ၂၇ ခုဝင်ရောက်ထားသည်ဟု ကော်မရှင်ကဆိုသည်။ ထိုပြင် စက်မှုဇုန်အိမ်ယာတည်ဆောက်ရေးလုပ်ငန်းများကလည်း ဒေါ်လာသန်း ၄၀၀ ခန့်ဖိုးဝင်ရောက်ထားသည်ဟုဆိုသည်။

တယ်လီကွန်းလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ ၂၆ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မူသည် ၂၅ ရာခိုင်နှုန်းနှင့် အိမ်ယာကဏ္ဍသည် ၁၄ ရာခိုင်နှုန်းကျော်ရှိသည်ဟု ကော်မရှင်ကထုတ်ပြန်ထားသည်။

စတုတ္ထမြောက်အများဆုံးလုပ်ငန်းမှာ လျှပ်စစ်လုပ်ငန်းဖြစ်ပြီး ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံဖိုးဝင်ရောက်ထားပြီး စုစုပေါင်းလုပ်ငန်း ၁၉ခုရှိသည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တွင် အများဆုံးခွင့်ပြုခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် လက်ရှိအစိုးရက လုပ်ငန်းအသစ်များ ခွင့်ပြုခဲ့ခြင်းမရှိပေ။

သို့သော်လည်း လက်ရှိအချိန်ထိ အများဆုံး ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ လျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ နှင့် ကုန်ထုတ်လုပ်မှုတို့ဖြစ်သည်။ယင်း ၁၉၈၈ မှ ယနေ့အထိတွက်ချက်ထားသော ရင်းနှီးမြှပ်နှံမှုများဖြစ်သည်။ အများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံသည် စင်ကာပူဖြစ်ပြီး တရုတ်နှင့်ထိုင်းက အစဉ်လိုက်ရှိနေသည်။

ယခုဘဏ္ဍာနှစ် ၁၁ လ ကျော်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံဖိုး ဝင်ရောက်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လက္႐ွိအစိုးရ သက္တမ္းအတြင္း အိမ္ယာတည္ေဆာက္ေရးတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၃ ဘီလီယံခြဲေက်ာ္ဝင္ေရာက္ထား

လက္႐ွိအစိုးရ သက္တမ္းတြင္ အိမ္ယာတည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၃ ဘီလီယံခြဲခန္႔ျဖင့္ တတိယအမ်ားဆုံးဝင္ေရာက္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းျဖစ္လာသည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနကထုတ္ျပန္သည္။

လက္႐ွိအစိုးရလက္ထက္ ေလးႏွစ္ခြဲကာလတြင္ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၂၄ ဒသမ ၆ ဘီလီယံဖိုး ဝင္ေရာက္ ထားၿပီးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ (MIC)က ထုတ္ျပန္ေသာ စာရင္းမ်ားတြင္ ေဖာ္ျပသည္။

ထိုထဲတြင္ အမ်ားဆုံးဝင္ေရာက္ထားသည့္ ရင္းႏွီးျမႇပ္ႏွံမႈလုပ္ငန္းမွာ တယ္လီကြန္းႏွင့္ ဆက္သြယ္ေရးလုပ္ငန္း ျဖစ္ၿပီး စုစုေပါင္း ေဒၚလာ ၆ဒသမ၁ ဘီလီယံေက်ာ္ဖိုးဝင္ေရာက္ထားသည္ဟုဆိုသည္။ စုစုေပါင္းလုပ္ငန္း ၂၉ ခု႐ွိသည္ဟုဆိုသည္။

ဒုတိယအမ်ားဆုံးလုပ္ငန္းမွာ ကုန္ထုတ္လုပ္မႈျဖစ္ၿပီး ေဒၚလာ ၅ ဒသမ ၉ ရာခိုင္ႏႈန္းဝင္ေရာက္ထားသည္။ စုစုေပါင္းလုပ္ငန္း ၇၀၀ခန္႔႐ွိသည္။

တတိယအမ်ားဆုံးမွာ အိမ္ေဆာက္လုပ္ေရးလုပ္ငန္းျဖစ္ၿပီး ေဒၚလာ ၃ဘီလီယံခြဲခန္႔႐ွိၿပီး လုပ္ငန္းေပါင္း ၂၇ ခုဝင္ေရာက္ထားသည္ဟု ေကာ္မ႐ွင္ကဆိုသည္။ ထိုျပင္ စက္မႈဇုန္အိမ္ယာတည္ေဆာက္ေရးလုပ္ငန္းမ်ားကလည္း ေဒၚလာသန္း ၄၀၀ ခန္႔ဖိုးဝင္ေရာက္ထားသည္ဟုဆိုသည္။

တယ္လီကြန္းလုပ္ငန္းသည္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏအားလုံး၏ ၂၆ ရာခိုင္ႏႈန္း၊ ကုန္ထုတ္လုပ္မူသည္ ၂၅ ရာခိုင္ႏႈန္းႏွင့္ အိမ္ယာက႑သည္ ၁၄ ရာခိုင္ႏႈန္းေက်ာ္႐ွိသည္ဟု ေကာ္မ႐ွင္ကထုတ္ျပန္ထားသည္။

စတုတၳေျမာက္အမ်ားဆုံးလုပ္ငန္းမွာ လွ်ပ္စစ္လုပ္ငန္းျဖစ္ၿပီး ေဒၚလာ ၃ ဒသမ ၁ ဘီလီယံဖိုးဝင္ေရာက္ထားၿပီး စုစုေပါင္းလုပ္ငန္း ၁၉ခု႐ွိသည္။

ယခင္ဦးသိန္းစိန္အစိုးရလက္ထက္တြင္ အမ်ားဆုံးခြင့္ျပဳခဲ့သည့္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ ၊ သတၱဳတူးေဖာ္ေရး လုပ္ငန္းမ်ားတြင္ လက္႐ွိအစိုးရက လုပ္ငန္းအသစ္မ်ား ခြင့္ျပဳခဲ့ျခင္းမ႐ွိေပ။

သို႔ေသာ္လည္း လက္႐ွိအခ်ိန္ထိ အမ်ားဆုံး ဝင္ေရာက္ထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားမွာ လွ်ပ္စစ္က႑၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑ ႏွင့္ ကုန္ထုတ္လုပ္မႈတို႔ျဖစ္သည္။ယင္း ၁၉၈၈ မွ ယေန႔အထိတြက္ခ်က္ထားေသာ ရင္းႏွီးျမႇပ္ႏွံမႈမ်ားျဖစ္သည္။ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံသည့္ ႏိုင္ငံသည္ စင္ကာပူျဖစ္ၿပီး တ႐ုတ္ႏွင့္ထိုင္းက အစဥ္လိုက္႐ွိေနသည္။

ယခုဘ႑ာႏွစ္ ၁၁ လ ေက်ာ္အတြင္း ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၅ ဒသမ ၂ ဘီလီယံဖိုး ဝင္ေရာက္ထားၿပီးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ (MIC) က ထုတ္ျပန္ေသာစာရင္းမ်ားတြင္ ေဖာ္ျပသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service