လူငယ်များတွင် နှလုံးဖောက်ပြန်မှုများထက် ပြင်းထန်သော COVID-19 အခြေအနေက အသက်အန္တရာယ်ပိုရှိ

လူငယ်များတွင် နှလုံးဖောက်ပြန်မှုများထက် ပြင်းထန်သော COVID-19 အခြေအနေက အသက်အန္တရာယ်ပိုရှိ - Property News in Myanmar from iMyanmarHouse.com
17 Sep 2020 12:20 pm တွင် တင်ခဲ့သည်
1247 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လူငယ်များအကြား ပြင်းထန်သော COVID-19 ရောဂါအခြေအနေက နှလုံးဖောက်ပြန်မှုများထက် ပို၍သေစေနိုင်ကြောင်း လေ့လာမှုသစ်တစ်ရပ်အရ သိရသည်။

အချက်အလက်များအား သုတေသီများက အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Brigham and Women’s Hospital ဆေးရုံမှ ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်ကာ ဆန်းစစ်ခဲ့ရာမှ တွေ့ရှိချက်များအား Jama Internal Medicine လစဉ်ထုတ်ဂျာနယ်တွင် စက်တင်ဘာ ၁၁ က ဖော်ပြခဲ့သည်။

ဧပြီ ၁ မှ ဇွန် ၃၀ အကြား ဆေးရုံမှဆင်းသွားခဲ့ကြသည့် ကိုရိုနာဗိုင်းရပ်စ်လူနာ ၇၈၁,၀၀၀ နီးပါးတွင် ၅ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်မှ ၃၄ နှစ်အကြား လူငယ်များဖြစ်သည်။

ထိုလူနာများ၏ ထက်ဝက်ကျော်မှာ အမျိုးသားများဖြစ်ကာ ၅၇ ရာခိုင်နှုန်းမှာ လူမည်း သို့မဟုတ် မိခင်ဘာသာစကားအဖြစ် စပိန်ဘာသာပြောသော လက်တင်အမေရိကနိုင်ငံသားများ ဖြစ်ကြသည်ဟု ထိုလေ့လာမှုကို ပြလုပ်သူများက ပြောကြားခဲ့သည်မှာ ယင်းလူမျိုးစုများတွင် ရောဂါပြင်းထန်မှု အချိုးမမျှကြောင်း ယခင်တွေ့ရှိချက်များနှင့် ကိုက်ညီခဲ့သည်။

COVID-19 နှင့်အတူ တစ်ချိန်တည်း အတွေ့ရများခဲ့သည့် အခြားအခံရှိသည့် ရောဂါအချို့ကိုလည်း သုတေသီများက ဖော်ပြခဲ့သည်။ လူနာလေးဦးတွင် တစ်ဦးနီးပါးနှုန်းက အဝလွန်နေခဲ့ကြပြီး ၁၆ ရာခိုင်နှုန်းတွင် သွေးတိုးရောဂါ ရှိခဲ့ကြကာ ၁၈ ရာခိုင်နှုန်းက ဆီးချိုရှိနေခဲ့သည်။ နှလုံးရောဂါအခံရှိသူများက ရလဒ်ပိုမိုဆိုးရွားခဲ့သည်။

ထို့အပြင် အခြားရောဂါအခံများ ရှိသည့် လူငယ်များသည် ရောဂါအခံမရှိသည့် သက်လတ်ပိုင်းများနှင့် COVID-19 နှင့်ပတ်သက်၍ အသက်အန္တရာယ်တန်းတူရှိခဲ့ကြောင်း တွေ့ရှိခဲ့ကြသည်။

၂၁ ရာခိုင်နှုန်းက အထူးကြပ်မတ်ကုသမှုခံယူခဲ့ရပြီး ၁၀ ရာခိုင်နှုန်းက အသက်ရှူစက်ဖြင့် အသက်ရှူခဲ့ကြရကာ ၃ ရာခိုင်နှုန်းနီးပါး သေဆုံးသွားခဲ့ကြောင်း အတိအကျတွေ့ရှိရမှုနှင့်အတူ ထိုလူငယ် COVID-19 လူနာများသည် ဆိုးကျိုးများအား အတော်အတန်ကြီးမားသောနှုန်းများဖြင့် ခံစားခဲ့ရသည်ကို လေ့လာမှုက တွေ့ရှိခဲ့သည်။

အသက်ကြီးသော COVID-19 လူနာများတွင် သေဆုံးနှုန်းထက် ယင်းသေဆုံးနှုန်းက နည်းသော်လည်း နှလုံးကြွက်သားပျက်စီးခြင်း သို့မဟုတ် နှလုံးဖောက်ပြန်မှုရောဂါများဖြင့် လူငယ်များ သေဆုံးနှုန်း၏ နှစ်ဆရှိကြောင်း သိရသည်။

“လူငယ်တွေမှာ COVID-19 ရောဂါကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတာကြောင့် အဆိုပါအသက်အရွယ်အုပ်စုမှာ ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်တဲ့အစီအမံတွေဟာ အရေးပါကြောင်းကို ဒီတွေ့ရှိချက်တွေက ထင်ရှားစေပါတယ်။” ဟုလည်း သုတေသီများက ထိုလေ့လာမှုအား ထုတ်ပြန်ချက်တွင် မှတ်ချက်ပြုရေးသားခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Study finds severe COVID-19 more deadly than heart attacks among young adults(nypost)

 

[Zawgyi]

လူငယ္မ်ားတြင္ ႏွလုံးေဖာက္ျပန္မႈမ်ားထက္ ျပင္းထန္ေသာ COVID-19 အေျခအေနက အသက္အႏၲရာယ္ပို႐ွိ

လူငယ္မ်ားအၾကား ျပင္းထန္ေသာ COVID-19 ေရာဂါအေျခအေနက ႏွလုံးေဖာက္ျပန္မႈမ်ားထက္ ပို၍ေသေစႏိုင္ေၾကာင္း ေလ့လာမႈသစ္တစ္ရပ္အရ သိရသည္။

အခ်က္အလက္မ်ားအား သုေတသီမ်ားက အေမရိကန္ႏိုင္ငံ ေဘာ္စတြန္ၿမိဳ႕႐ွိ Brigham and Women’s Hospital ေဆး႐ုံမွ ဆန္းစစ္ေလ့လာခဲ့ျခင္းျဖစ္ကာ ဆန္းစစ္ခဲ့ရာမွ ေတြ႕႐ွိခ်က္မ်ားအား Jama Internal Medicine လစဥ္ထုတ္ဂ်ာနယ္တြင္ စက္တင္ဘာ ၁၁ က ေဖာ္ျပခဲ့သည္။

ဧၿပီ ၁ မွ ဇြန္ ၃၀ အၾကား ေဆး႐ုံမွဆင္းသြားခဲ့ၾကသည့္ ကို႐ိုနာဗိုင္းရပ္စ္လူနာ ၇၈၁,၀၀၀ နီးပါးတြင္ ၅ ရာခိုင္ႏႈန္းမွာ အသက္ ၁၈ ႏွစ္မွ ၃၄ ႏွစ္အၾကား လူငယ္မ်ားျဖစ္သည္။

ထိုလူနာမ်ား၏ ထက္ဝက္ေက်ာ္မွာ အမ်ိဳးသားမ်ားျဖစ္ကာ ၅၇ ရာခိုင္ႏႈန္းမွာ လူမည္း သို႔မဟုတ္ မိခင္ဘာသာစကားအျဖစ္ စပိန္ဘာသာေျပာေသာ လက္တင္အေမရိကႏိုင္ငံသားမ်ား ျဖစ္ၾကသည္ဟု ထိုေလ့လာမႈကို ျပလုပ္သူမ်ားက ေျပာၾကားခဲ့သည္မွာ ယင္းလူမ်ိဳးစုမ်ားတြင္ ေရာဂါျပင္းထန္မႈ အခ်ိဳးမမွ်ေၾကာင္း ယခင္ေတြ႕႐ွိခ်က္မ်ားႏွင့္ ကိုက္ညီခဲ့သည္။

COVID-19 ႏွင့္အတူ တစ္ခ်ိန္တည္း အေတြ႕ရမ်ားခဲ့သည့္ အျခားအခံ႐ွိသည့္ ေရာဂါအခ်ိဳ႕ကိုလည္း သုေတသီမ်ားက ေဖာ္ျပခဲ့သည္။ လူနာေလးဦးတြင္ တစ္ဦးနီးပါးႏႈန္းက အဝလြန္ေနခဲ့ၾကၿပီး ၁၆ ရာခိုင္ႏႈန္းတြင္ ေသြးတိုးေရာဂါ ႐ွိခဲ့ၾကကာ ၁၈ ရာခိုင္ႏႈန္းက ဆီးခ်ိဳ႐ွိေနခဲ့သည္။ ႏွလုံးေရာဂါအခံ႐ွိသူမ်ားက ရလဒ္ပိုမိုဆိုး႐ြားခဲ့သည္။

ထို႔အျပင္ အျခားေရာဂါအခံမ်ား ႐ွိသည့္ လူငယ္မ်ားသည္ ေရာဂါအခံမ႐ွိသည့္ သက္လတ္ပိုင္းမ်ားႏွင့္ COVID-19 ႏွင့္ပတ္သက္၍ အသက္အႏၲရာယ္တန္းတူ႐ွိခဲ့ေၾကာင္း ေတြ႕႐ွိခဲ့ၾကသည္။

၂၁ ရာခိုင္ႏႈန္းက အထူးၾကပ္မတ္ကုသမႈခံယူခဲ့ရၿပီး ၁၀ ရာခိုင္ႏႈန္းက အသက္႐ွဴစက္ျဖင့္ အသက္႐ွဴခဲ့ၾကရကာ ၃ ရာခိုင္ႏႈန္းနီးပါး ေသဆုံးသြားခဲ့ေၾကာင္း အတိအက်ေတြ႕႐ွိရမႈႏွင့္အတူ ထိုလူငယ္ COVID-19 လူနာမ်ားသည္ ဆိုးက်ိဳးမ်ားအား အေတာ္အတန္ႀကီးမားေသာႏႈန္းမ်ားျဖင့္ ခံစားခဲ့ရသည္ကို ေလ့လာမႈက ေတြ႕႐ွိခဲ့သည္။

အသက္ႀကီးေသာ COVID-19 လူနာမ်ားတြင္ ေသဆုံးႏႈန္းထက္ ယင္းေသဆုံးႏႈန္းက နည္းေသာ္လည္း ႏွလုံးႂကြက္သားပ်က္စီးျခင္း သို႔မဟုတ္ ႏွလုံးေဖာက္ျပန္မႈေရာဂါမ်ားျဖင့္ လူငယ္မ်ား ေသဆုံးႏႈန္း၏ ႏွစ္ဆ႐ွိေၾကာင္း သိရသည္။

“လူငယ္ေတြမွာ COVID-19 ေရာဂါကူးစက္မႈႏႈန္း သိသိသာသာျမင့္တက္လာတာေၾကာင့္ အဆိုပါအသက္အ႐ြယ္အုပ္စုမွာ ေရာဂါမကူးစက္ေအာင္ ႀကိဳတင္ကာကြယ္တဲ့အစီအမံေတြဟာ အေရးပါေၾကာင္းကို ဒီေတြ႕႐ွိခ်က္ေတြက ထင္႐ွားေစပါတယ္။” ဟုလည္း သုေတသီမ်ားက ထိုေလ့လာမႈအား ထုတ္ျပန္ခ်က္တြင္ မွတ္ခ်က္ျပဳေရးသားခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Study finds severe COVID-19 more deadly than heart attacks among young adults(nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service