မီးပြတ်တိုင်း ပြောပြောနေကြတဲ့ System Break Down ဆိုတာ ဒီလိုပါ
မီးပြတ်တိုင်း ပြောပြောနေကြတဲ့ System Break Down ဆိုတာ ဒီလိုပါ - Property Knowledge in Myanmar from iMyanmarHouse.com
24 Aug 2020 3:43 pm တွင် တင်ခဲ့သည်
671 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
System Break Down ဖြစ်တယ်ဆိုတဲ့အသံ မကြားရတာကြာနေပြီ ဆိုကာမှ သည်တစ်ပတ်အတွင်းမှာ ၂ ကြိမ်တိတိ ဖြစ်သွားတာကို သတိထားမိလိုက်တယ်။
လူတွေက System break down ဖြစ်တယ်ဆိုတာ ဘာမှန်း သေချာမသိကြသော်လည်း break down ဖြစ်ရင် မီးပြတ်မယ်ဆိုတာကိုတော့ သိကြတာကြောင့် ...
System Break Down ဆိုတာကြီးကို မကြားချင်ကြဘူး၊ အလိုမရှိကြဘူး၊ မနှစ်မြို့ကြဘူး။
ဒါ့ကြောင့် System Break down ဘာကြောင့် ဖြစ်လဲဆိုတာ အများနားလည်အောင် ကျွန်တော်သိသလောက်လေး နည်းနည်းရှင်းပြချင်ပါတယ်။
လျှပ်စစ်မှာ ယျေဘုယျ အားဖြင့် ထုတ်လုပ်ခြင်း ။ပို့လွှတ်သယ်ဆောင်ခြင်း ။ဖြန်ဖြူးပေးခြင်း ။ဆိုတဲ့ လုပ်ငန်းသုံးမျိုးရှိတယ်လို့ အကြမ်းဖျင်း မှတ်နိုင်ပါတယ်။
ထုတ်လုပ်ခြင်းအပိုင်းအတွက် မြန်မာနိုင်ငံမှာ အဓိက အနေနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း၊ သဘာဝဓာတ်ငွေ့(Gas) က လျှပ်စစ်ထုတ်လုပ်ခြင်း ဆိုပြီး နှစ်မျိုးရှိတယ်။ ( ကျန်တဲ့ နည်းလမ်းတွေက မပြောပလောက်တဲ့ ပမာဏမို့ ထည့်မရေးတော့ဘူး )မြန်မာပြည်ရဲ့ ရေအားလျှပ်စစ်စက်ရုံတွေ အများစုက ရေအားအရင်းအမြစ်ပေါများတဲ့နိုင်ငံ မြောက်ပိုင်းမှာ တည်ဆောက်ထားပါတယ်။သဘာဝဓာတ်ငွေ့စက်ရုံ အများစုကိုတော့ ရန်ကုန်ဧရိယာ တစ်ဝိုက်မှာတည်ဆောက်ထားပါတယ်။
စက်ရုံတွေက ထုတ်ပေးလိုက်တဲ့ လျှပ်စစ်ဓာတ်အားတွေကိုပို့လွှတ်သယ်ဆောင်ဖို့အတွက် မဟာဓာတ်အားလိုင်းတွေနဲ့ ပင်မ ဓာတ်အားခွဲရုံကြီးတွေကို တည်ဆောက်ရပါတယ်။မြန်မာပြည်မှာ လက်ရှိသုံးနေတာက၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အား လိုင်းကြီးတွေနဲ့ ဓာတ်အားခွဲရုံကြီးတွေ ဖြစ်ပါတယ်။မြန်မာပြည် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို မဟာဓာတ်အားလိုင်း ကြီးတွေ တည်ဆောက်ပြီး ဓာတ်အားတွေ ပို့လွှတ် ၊ရောက်လာတဲ့ ဓာတ်အားကို ၂၃၀/၁၃၂/ ၆၆/၃၃ /၁၁ ကေဗီအေ Transformer ကြီးတွေနဲ့ လိုသလို ခွဲယူပြီး မှ မီးသုံးသူတွေ ဆီကို အိမ်အရောက် ဖြန့်ဖြူးပေးပါတယ်။
အခု Break Down ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကို ပြောပါမယ်လျှပ်စစ်အသုံးပြုတဲ့အခါ အရေးအကြီးဆုံးကထုတ်လုပ်တဲ့ လျှပ်စစ် ပမာဏနဲ့ သုံးစွဲတဲ့ လျှပ်စစ်ပမာဏ ညီမျှနေဖို့ ဖြစ်ပါတယ် ။
ဥပမာ - လျှပ်စစ် သုံးစွဲမှုဟာ ၁၀၀၀ မဂါ္ဂဝပ်ရှိမယ်ဆိုရင် ထုတ်လုပ်မှုကိုလည်း ၁၀၀၀ မဂါ္ဂဝပ် ထုတ်လုပ်ပေးရပါတယ်။ထုတ်လုပ်မှုနဲ့ သုံးစွဲမှု အချိုးညီမျှမှ လျှပ်စစ်တည်ငြိမ်ပြီး အဆင်ပြေစွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ မဟာဓာတ်အားလိုင်းတွေက ဖြစ်စေ ၊ ပင်မ ခွဲရုံကြီးတွေက ဖြစ်စေ၊ ဓာတ်အားပေး စက်ရုံကြီးတွေက ဖြစ်စေ မျှော်မှန်းမထားတဲ့ ချို့ယွင်းမှု fault တစ်ခုခု ဖြစ်တဲ့အခါထုတ်လုပ်မှုနဲ့ သုံးစွဲမှု အချိုး ရုတ်ချည်း ပြောင်းလဲကွာဟပြီး System Break Down ဖြစ် သွားရပါတော့တယ်။
ဥပမာ - လက်ရှိ သုံးစွဲမှုဟာ ၁၀၀၀ မဂါ္ဂဝပ်ရှိနေချိန်မှာ ၂၀၀ မဂါ္ဂဝပ်ထုပ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုက fault တစ်ခုကြောင့် ရပ်တန့်သွားတယ် ဆိုပါစို့ ~~
အဲ့သည်အခါ ထုတ်လုပ်မှုက ၈၀၀ မဂါ္ဂဝပ်ဘဲ ကျန်ပြီး သုံးစွဲမှုက ၁၀၀၀ မဂါ္ဂဝပ် ဖြစ်နေတဲ့ အတွက် အချိုးမညီတော့ဘဲload နဲ့ generation မမျှတဲ့အတွက် အခြားသောဓာတ်အားပေးစက်များ အားလုံးပါ ရပ်တန့်မှု ဖြစ်ကုန်ပါတော့တယ်။သည်အခါမှာ System Break down ဖြစ်ပါပြီ။break down ဖြစ်ပြီဆိုရင် အလွန်ကြီးမားတဲ့ ဧရိယာကြီးမှာ ဓာတ်အား ပြတ်တောက် ခြင်းဖြစ်တယ်လို့ နားလည်ရမှာပါ။
Break down ဖြစ်ပြီးတဲ့အခါမှာ ရပ်တန့်သွားတဲ့ ဓာတ်အားပေးစက်တွေကို တစ်ဆင့်ချင်း ပြန်လည် စတင်လည်ပတ်စေပြီး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုက်ို ထိန်းညှိလို့ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးရပါတယ်။အကြမ်းဖျင်းအားဖြင့် ပုံမှန်အတိုင်း ဓာတ်အား ပြန်လည်ရရှိဖို့ ဆိုရင် ၂ နာရီ ခန့် ကြာမြင့်တတ်ပါတယ်။
ခုလောက်ဆိုရင်တော့ System Break down ဘာကြောင့် ဖြစ်လဲဆိုတာ အကြမ်းဖျင်း နားလည်လောက်ပြီလို့ ထင်ပါတယ်။
သည်မှာ မေးစရာ တစ်ခုရှိတာက သူများနိုင်ငံတွေမှာကျတော့ System break down ဘာလို့မဖြစ်လဲ ???
အခြားနိုင်ငံတွေမှာက ဓာတ်အားထုတ်လုပ်နိုင်မှု (generation ) ပမာဏဟာ ဟာ သူတို့နိုင်ငံရဲ့ အမြင့်ဆုံး သုံးစွဲနိုင်မှု ပမာဏထက် အဆများစွာ မြင့်မားနေပြီး၊ အရံဓာတ်အားလိုင်းများစွာ ပါဝင်တဲ့ national grid ကိုလည်း တည်ဆောက်ထားလို့ပါ။
ဥပမာ - ထိုင်း နိုင်ငံဆိုရင် တစ်နိုင်ငံလုံး သုံးစွဲတဲ့ ပမာဏထက် ၆ ဆခန့် ပိုမိုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် system break down မဖြစ်ပါဘူး။
ဒါ့ကြောင့် မြန်မာပြည်မှာ System break down မဖြစ်ဖို့ဆိုရင် ရေအား၊ လေအား၊ ကျောက်မီးသွေး ၊ Nuclear စသဖြင့် ရနိုင်သမျှသော နည်းလမ်းပေါင်းစုံနဲ့ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့လိုသလို မဟာဓာတ်အားလိုင်းတွေလည်း အများကြီး တည်ဆောက်ဖို့ လိုအပ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Zaw Htet Aung
[Zawgyi]
ဥပမာ ~ လက်ရှိ သုံးစွဲမှုဟာ ၁၀၀၀ မဂ္ဂါဝပ်ရှိနေချိန်မှာ ၂၀၀ မဂ္ဂါဝပ်ထုပ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုက fault တစ်ခုကြောင့် ရပ်တန့်သွားတယ် ဆိုပါစို့ ~~
Credit: Zaw Htet Aung
မီးပြတ်တိုင်း ပြောပြောနေကြတဲ့ System Break Down ဆိုတာ ဒီလိုပါ - Property Knowledge in Myanmar from iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
119-mdy
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service