အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည်

အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီး ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
11 Aug 2020 1:00 pm တွင် တင်ခဲ့သည်
1046 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိုင်ယာလန်နိုင်ငံ အရှေ့တောင်ပိုင်း ဝက်စ်ဖို့ဒ်ခရိုင် (County Wexford)၊ ဟုခ်ကျွန်းဆွယ်တွင် တည်ရှိသော Loftus Hall အမည်ရှိ စံအိမ်ကြီးသည် အိုင်ယာလန်၏ သရဲအခြောက်ဆုံးနေအိမ်ကြီးအဖြစ် နာမည်ကြီးသည်။

Loftus Hall ကို ၁၁၇၀ ပြည့်နှစ်တွင် ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ပြီး ယခုအခါ ကန်ဒေါ်လာ ၂ ဒသမ ၈၇ သန်းဖြင့် ရောင်းချရန် ဈေးခေါ်ထားသည်။

The Smithsonian ၏ ဖော်ပြချက်တစ်ရပ်အရ အဆိုပါနေအိမ်ကြီးအတွင်း ၁၈ ရာစုနှစ် ဖဲကစားနည်းတစ်မျိုးကစားခဲ့ရာတွင် ကစားသမားများမှတစ်ဦးသည် သူ၏ မြင်းခွာသဏ္ဍာန်ခြေထောက်များအား အိမ်ရှင်၏ သမီးကို လှစ်ဟပြသခဲ့သည်ဟု ဆိုသည်။ ထိုသို့ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း အဆိုပါမိန်းကလေးမှာ ဘဝတစ်လျှောက် စိတ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး သေဆုံးသွားချိန်တွင်လည်း သူ၏ဝိဉာဉ်မှာ Loftus Hall တွင် လှည့်လည်သွားလာနေခဲ့သည်ဟု ဆို၏။

Loftus Hall ၏ နောက်ဆုံးပိုင်ရှင်များက စံအိမ်ကြီးအတွင်း ပရလောကလေ့လာရေးများနှင့် ညအိပ်နေထိုင်တည်းခိုလေ့လာခွင့် အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။

အကယ်၍ သင့်တွင် ဒေါ်လာ ၃ သန်းခန့်ရှိပါက သရဲခြောက်သော Loftus Hall စံအိမ်ကြီးကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေပြီ ဖြစ်သည်။

သို့ရာတွင် သတိပြုရမည့်အချက်မှာ အများသူငါပြောနေကြသည့် တစ္ဆေ သရဲဇာတ်လမ်းတို့မှာ မှန်ကန်နေနိုင်ပါသည်။ အကာလ ညအခါများတွင် ပြတင်းပေါက်တို့၌ ခြောက်ခြားဖွယ် အရိပ်မည်းကြီးများ တွေ့ရနိုင်သည်။

(စံအိမ်ကြီး၏ ဒဏ္ဍာရီဇာတ်လမ်း)

အေးစိမ့်လှသော လေအေးများ တရွှီရွှီ တိုက်ခတ်နေ၏။ လျှပ်စီး တဝင်းဝင်းပြက်နေသော ကောင်းကင်ဆီမှ မိုးက တဝုန်းဝုန်း ရွာချနေသည်။

အချိန်ကား ၁၈ ရာစုအတွင်း။ အိုင်ယာလန်၏ မှိုင်းမှုန်နေသော ညနေခင်းတစ်ခု။

ထိုသို့ မိုးအလွန်သည်းနေချိန်တွင် Loftus Hall စံအိမ်ကြီး၏ တံခါးမကြီးကို တစုံတယောက်က လာခေါက်လေသည်။

ထိုစဉ်က စံအိမ်တွင် နေထိုင်ခဲ့ကြသည့် တော့တမ်ဟမ်မြို့သားမိသားစုက တံခါးခေါက်သံကို အထူးအဆန်းဟု မယူဆ။

စံအိမ်၏ ကမ်းခြေတွင် မုန်တိုင်းထန်သော အချိန်မျိုးတွင် သင်္ဘောသားများ ဆိုက်ကပ်လာလေ့ရှိသည် မဟုတ်လော။

သူတို့မိသားစုလည်း တံခါးလာခေါက်သူကို နေအိမ်တွင် ရက်ပေါင်းများစွာ ခိုလှုံနားခိုခွင့် ပြုခဲ့ကြသည်။

ထိုသူက အိမ်ရှင်တို့နှင့် ခင်မင်ရင်းနှီးခဲ့ပြီး အထူးသဖြင့် အိမ်ရှင်၏ သမီးဖြစ်သူ အင်နီနှင့် အလွန်ခင်မင်ခဲ့၏။

နေအိမ်အတွင်း အပျော်သဘောဖြင့် စားပွဲတစ်ခုတွင် ဝိုင်းထိုင်ကာ ဖဲကစားကြ၏။

ထိုသို့ ဖဲကစားနေစဉ် အင်နီ၏ လက်စွပ်ပြုတ်ကျသွားရာ လက်စွပ်ကို ကုန်းကောက်လိုက်စဉ် တွေ့မြင်လိုက်ရသော အရာတစ်ခုက အင်နီ၏ ဘဝကို ပြောင်းလဲသွားစေခဲ့သည်။ (အချို့ ရေးသားဖော်ပြချက်များအရမူ ဖဲချပ်တစ်ချပ် ပြုတ်ကျသွားခြင်းဖြစ်သည်ဟု ဆိုသည်)

အောက်သို့ ကုန်းကောက်လိုက်စဉ် အင်နီတွေ့လိုက်ရသည်မှာ ဧည့်သည်အမျိုးသား၏ ခြေထောက်မှာ လူခြေထောက်မဟုတ်ဘဲ မြင်းခြေထောက်ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

အင်နီလည်း ခြောက်ခြားစွာဖြင့် စူးစူးရွားရွား အော်ဟစ်မိလိုက်သည်။ မြင်းခြေထောက်ရှိသော ထိုသူစိမ်းကား နေအိမ်မျက်နှာကြက်မှ ဖောက်ထွင်း ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။

ယင်းနောက် မိုးခြိမ်းသံကဲ့သို့ အသံကြီးကြားလိုက်ရပြီး မီးခိုးထုတစ်ခုပေါ်လာကာ အင်နီတို့ မိသားစုမှာ ဆာလ်ဖာနံ့ မီးခိုးထုထဲတွင် ပိတ်မိနေခဲ့သည်။

အင်နီသည် ထိုဖြစ်ရပ်ကြုံတွေ့ပြီးနောက်ပိုင်း ပုံမှန်ကျန်းမာရေးအခြေအနေကို မည်သည့်အခါမျှ ပြန်မရတော့ချေ။

စိတ်ကစဉ့်ကလျားဖြစ်ကာ အခန်းငယ်တစ်ခုအတွင်း သီးခြားပိတ်လှောင်နေထိုင်ခဲ့ရပြီး မကြာမီတွင်ပင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားခဲ့သည်။

ထိုအချိန်မှစတင်ပြီး ထောင်စုနှစ်တစ်ခုစာနီးပါး သက်တမ်းရှိသော စံအိမ်ကြီးအတွင်း အင်နီ၏ ဝိဉာဉ်မှာ လှည့်လည်သွားလာနေတော့သည်။

လက်ရှိပိုင်ရှင်များဖြစ်သော ရှိန်းနှင့် အိုင်ဒန် ကွီဂလေတို့က Loftus Hall စံအိမ်ကို ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၈၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၂၀ ရာစုအတွင်း အိပ်ခန်း ၂၂ ခန်းပါ စံအိမ်ကြီးကို ကွန်ဗင့်ကျောင်း၊ ဟိုတယ်တို့အဖြစ် အသုံးပြုခဲ့၏။ ကွီဂလေတို့ ဝယ်ယူခဲ့ချိန်တွင်မူ စံအိမ်ကြီးမှာ လွန်စွာယိုယွင်းပျက်စီးနေပြီ ဖြစ်သည်။

ကြီးမားသည့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရရာ အီတလီလှေကားကြီး၊ ရောင်စုံဆေးရေး အလင်းပေးမှန်များအား ပြုပြင်မွမ်းမံခြင်းနှင့် ဧည့်ခန်းနေရာ၊ ကော်ဖီသောက်ရန်နေရာတို့ ထပ်မံဖြည့်စွက်ဆောက်လုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်း ပရလောကဖြစ်ရပ်လေ့လာလိုသူများကို တည်းခိုခွင့်ပြုခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ မွမ်းမံမှုများ ပြုလုပ်ထားသည့်တိုင် စတုရန်းပေ ၂၇၁၂၄ အထိ ကျယ်ဝန်းသည့် စံအိမ်ကြီးမှာ မွမ်းမံမှုများ များစွာပြုလုပ်ရန် လိုအပ်နေဆဲ ဖြစ်သည်။

ပြတင်းပေါက်ပေါင်း ၉၇ ခုကို ပြန်လည်အစားထိုးတပ်ဆင်ရေး လုပ်ငန်းတစ်ခုတည်းပင်လျှင် ကန်ဒေါ်လာ ၄၀၀၀၀၀ ခန့် ကုန်ကျဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

သို့အတွက် ကွီးဂလေတို့က နေအိမ်ကို မွမ်းမံမည့်အစား ပြန်လည်ရောင်းချရန်လမ်းကြောင်းကိုသာ ရွေးချယ်လိုက်ကြသည်။

ဤစံအိမ်ကြီးအကြောင်းကို မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်တွင် The Legend of Loftus Hall အမည်ဖြင့် ထုတ်လုပ်ပြသခဲ့ဖူးသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်တွင် အင်နီ၏ အဖြစ်အပျက်ကို ရိုက်ကူးထားပြီး ဖဲရိုက်သည့်အဖြစ်အပျက်လည်း ပါဝင်သည်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင်လည်း Loftus Hall စံအိမ်ကို အမေရိကန်ပရလောက ရုပ်သံအစီအစဉ်တစ်ခုဖြစ်သော Ghost Adventures က လေ့လာမှုများပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် 'Celtic Demons' ရုပ်သံအစီအစဉ်တွင် ပြသခဲ့သည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Loftus Hall, Ireland’s Most Haunted Mansion, Just Went On The Market (allthatsinteresting, Wikipedia)

 

[Zawgyi]

အိုင္ယာလန္၏ သရဲအေျခာက္ဆံုးေနအိမ္ၾကီး ေရာင္းခ်မည္

အိုင္ယာလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဝက္စ္ဖို႔ဒ္ခရိုင္ (County Wexford)၊ ဟုခ္ကၽြန္းဆြယ္တြင္ တည္ရွိေသာ Loftus Hall အမည္ရွိ စံအိမ္ၾကီးသည္ အိုင္ယာလန္၏ သရဲအေျခာက္ဆံုးေနအိမ္ၾကီးအျဖစ္ နာမည္ၾကီးသည္။

Loftus Hall ကို ၁၁၇၀ ျပည့္ႏွစ္တြင္ ေဂ်ာ္ဂ်ီယာဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ခဲ့ျပီး ယခုအခါ ကန္ေဒၚလာ ၂ ဒသမ ၈၇ သန္းျဖင့္ ေရာင္းခ်ရန္ ေစ်းေခၚထားသည္။

The Smithsonian ၏ ေဖာ္ျပခ်က္တစ္ရပ္အရ အဆိုပါေနအိမ္ၾကီးအတြင္း ၁၈ ရာစုႏွစ္ ဖဲကစားနည္းတစ္မ်ဳိးကစားခဲ့ရာတြင္ ကစားသမားမ်ားမွတစ္ဦးသည္ သူ၏ ျမင္းခြာသ႑ာန္ေျခေထာက္မ်ားအား အိမ္ရွင္၏ သမီးကို လွစ္ဟျပသခဲ့သည္ဟု ဆိုသည္။ ထိုသို႔ၾကံဳေတြ႔ခဲ့ရျပီးေနာက္ပိုင္း အဆိုပါမိန္းကေလးမွာ ဘဝတစ္ေလွ်ာက္ စိတ္ကစဥ့္ကလ်ားျဖစ္သြားခဲ့ျပီး ေသဆံုးသြားခ်ိန္တြင္လည္း သူ၏ဝိဥာဥ္မွာ Loftus Hall တြင္ လွည့္လည္သြားလာေနခဲ့သည္ဟု ဆို၏။

Loftus Hall ၏ ေနာက္ဆံုးပိုင္ရွင္မ်ားက စံအိမ္ၾကီးအတြင္း ပရေလာကေလ့လာေရးမ်ားႏွင့္ ညအိပ္ေနထိုင္တည္းခိုေလ့လာခြင့္ အစီအစဥ္မ်ား ျပဳလုပ္ေပးခဲ့သည္။

အကယ္၍ သင့္တြင္ ေဒၚလာ ၃ သန္းခန္႔ရွိပါက သရဲေျခာက္ေသာ Loftus Hall စံအိမ္ၾကီးကို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အလမ္းေပၚေပါက္ေနျပီ ျဖစ္သည္။

သို႔ရာတြင္ သတိျပဳရမည့္အခ်က္မွာ အမ်ားသူငါေျပာေနၾကသည့္ တေစၦ သရဲဇာတ္လမ္းတို႔မွာ မွန္ကန္ေနႏိုင္ပါသည္။ အကာလ ညအခါမ်ားတြင္ ျပတင္းေပါက္တို႔၌ ေျခာက္ျခားဖြယ္ အရိပ္မည္းၾကီးမ်ား ေတြ႔ရႏိုင္သည္။

(စံအိမ္ၾကီး၏ ဒ႑ာရီဇာတ္လမ္း)

ေအးစိမ့္လွေသာ ေလေအးမ်ား တရႊီရႊီ တိုက္ခတ္ေန၏။ လွ်ပ္စီး တဝင္းဝင္းျပက္ေနေသာ ေကာင္းကင္ဆီမွ မိုးက တဝုန္းဝုန္း ရြာခ်ေနသည္။

အခ်ိန္ကား ၁၈ ရာစုအတြင္း။ အိုင္ယာလန္၏ မႈိင္းမႈန္ေနေသာ ညေနခင္းတစ္ခု။

ထိုသို႔ မိုးအလြန္သည္းေနခ်ိန္တြင္ Loftus Hall စံအိမ္ၾကီး၏ တံခါးမၾကီးကို တစံုတေယာက္က လာေခါက္ေလသည္။

ထိုစဥ္က စံအိမ္တြင္ ေနထိုင္ခဲ့ၾကသည့္ ေတာ့တမ္ဟမ္ျမိဳ႕သားမိသားစုက တံခါးေခါက္သံကို အထူးအဆန္းဟု မယူဆ။

စံအိမ္၏ ကမ္းေျခတြင္ မုန္တိုင္းထန္ေသာ အခ်ိန္မ်ဳိးတြင္ သေဘၤာသားမ်ား ဆိုက္ကပ္လာေလ့ရွိသည္ မဟုတ္ေလာ။

သူတို႔မိသားစုလည္း တံခါးလာေခါက္သူကို ေနအိမ္တြင္ ရက္ေပါင္းမ်ားစြာ ခိုလံႈနားခိုခြင့္ ျပဳခဲ့ၾကသည္။

ထိုသူက အိမ္ရွင္တို႔ႏွင့္ ခင္မင္ရင္းႏွီးခဲ့ျပီး အထူးသျဖင့္ အိမ္ရွင္၏ သမီးျဖစ္သူ အင္နီႏွင့္ အလြန္ခင္မင္ခဲ့၏။

ေနအိမ္အတြင္း အေပ်ာ္သေဘာျဖင့္ စားပြဲတစ္ခုတြင္ ဝိုင္းထိုင္ကာ ဖဲကစားၾက၏။

ထိုသို႔ ဖဲကစားေနစဥ္ အင္နီ၏ လက္စြပ္ျပဳတ္က်သြားရာ လက္စြပ္ကို ကုန္းေကာက္လိုက္စဥ္ ေတြ႔ျမင္လိုက္ရေသာ အရာတစ္ခုက အင္နီ၏ ဘဝကို ေျပာင္းလဲသြားေစခဲ့သည္။ (အခ်ဳိ႕ ေရးသားေဖာ္ျပခ်က္မ်ားအရမူ ဖဲခ်ပ္တစ္ခ်ပ္ ျပဳတ္က်သြားျခင္းျဖစ္သည္ဟု ဆိုသည္)

ေအာက္သို႔ ကုန္းေကာက္လိုက္စဥ္ အင္နီေတြ႔လိုက္ရသည္မွာ ဧည့္သည္အမ်ဳိးသား၏ ေျခေထာက္မွာ လူေျခေထာက္မဟုတ္ဘဲ ျမင္းေျခေထာက္ျဖစ္ေနသည္ကို ေတြ႔ခဲ့ရသည္။

အင္နီလည္း ေျခာက္ျခားစြာျဖင့္ စူးစူးရြားရြား ေအာ္ဟစ္မိလိုက္သည္။ ျမင္းေျခေထာက္ရွိေသာ ထိုသူစိမ္းကား ေနအိမ္မ်က္ႏွာၾကက္မွ ေဖာက္ထြင္း ေပ်ာက္ကြယ္သြားခဲ့သည္ဟု ဆိုသည္။

ယင္းေနာက္ မိုးျခိမ္းသံကဲ့သို႔ အသံၾကီးၾကားလိုက္ရျပီး မီးခိုးထုတစ္ခုေပၚလာကာ အင္နီတို႔ မိသားစုမွာ ဆာလ္ဖာနံ႔ မီးခိုးထုထဲတြင္ ပိတ္မိေနခဲ့သည္။

အင္နီသည္ ထိုျဖစ္ရပ္ၾကံဳေတြ႔ျပီးေနာက္ပိုင္း ပံုမွန္က်န္းမာေရးအေျခအေနကို မည္သည့္အခါမွ် ျပန္မရေတာ့ေခ်။

စိတ္ကစဥ့္ကလ်ားျဖစ္ကာ အခန္းငယ္တစ္ခုအတြင္း သီးျခားပိတ္ေလွာင္ေနထိုင္ခဲ့ရျပီး မၾကာမီတြင္ပင္ ငယ္ငယ္ရြယ္ရြယ္ျဖင့္ ေသဆံုးသြားခဲ့သည္။

ထိုအခ်ိန္မွစတင္ျပီး ေထာင္စုႏွစ္တစ္ခုစာနီးပါး သက္တမ္းရွိေသာ စံအိမ္ၾကီးအတြင္း အင္နီ၏ ဝိဥာဥ္မွာ လွည့္လည္သြားလာေနေတာ့သည္။

လက္ရွိပိုင္ရွင္မ်ားျဖစ္ေသာ ရွိန္းႏွင့္ အိုင္ဒန္ ကြီဂေလတို႔က Loftus Hall စံအိမ္ကို ၂၀၁၁ ခုႏွစ္တြင္ ကန္ေဒၚလာ ၈၀၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၂၀ ရာစုအတြင္း အိပ္ခန္း ၂၂ ခန္းပါ စံအိမ္ၾကီးကို ကြန္ဗင့္ေက်ာင္း၊ ဟိုတယ္တို႔အျဖစ္ အသံုးျပဳခဲ့၏။ ကြီဂေလတို႔ ဝယ္ယူခဲ့ခ်ိန္တြင္မူ စံအိမ္ၾကီးမွာ လြန္စြာယိုယြင္းပ်က္စီးေနျပီ ျဖစ္သည္။

ၾကီးမားသည့္ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရရာ အီတလီေလွကားၾကီး၊ ေရာင္စံုေဆးေရး အလင္းေပးမွန္မ်ားအား ျပဳျပင္မြမ္းမံျခင္းႏွင့္ ဧည့္ခန္းေနရာ၊ ေကာ္ဖီေသာက္ရန္ေနရာတို႔ ထပ္မံျဖည့္စြက္ေဆာက္လုပ္ျခင္းတို႔ ျပဳလုပ္ခဲ့သည္။

ယင္းေနာက္ပိုင္း ပရေလာကျဖစ္ရပ္ေလ့လာလိုသူမ်ားကို တည္းခိုခြင့္ျပဳျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ထိုသို႔ မြမ္းမံမႈမ်ား ျပဳလုပ္ထားသည့္တိုင္ စတုရန္းေပ ၂၇၁၂၄ အထိ က်ယ္ဝန္းသည့္ စံအိမ္ၾကီးမွာ မြမ္းမံမႈမ်ား မ်ားစြာျပဳလုပ္ရန္ လိုအပ္ေနဆဲ ျဖစ္သည္။

ျပတင္းေပါက္ေပါင္း ၉၇ ခုကို ျပန္လည္အစားထုိးတပ္ဆင္ေရး လုပ္ငန္းတစ္ခုတည္းပင္လွ်င္ ကန္ေဒၚလာ ၄၀၀၀၀၀ ခန္႔ ကုန္က်ဖြယ္ရွိေၾကာင္း ခန္႔မွန္းရသည္။

သို႔အတြက္ ကြီးဂေလတို႔က ေနအိမ္ကို မြမ္းမံမည့္အစား ျပန္လည္ေရာင္းခ်ရန္လမ္းေၾကာင္းကိုသာ ေရြးခ်ယ္လိုက္ၾကသည္။

ဤစံအိမ္ၾကီးအေၾကာင္းကို မွတ္တမ္းရုပ္ရွင္တစ္ခု ရိုက္ကူးခဲ့ဖူးျပီး ၁၉၉၃ ခုႏွစ္တြင္ The Legend of Loftus Hall အမည္ျဖင့္ ထုတ္လုပ္ျပသခဲ့ဖူးသည္။

အဆိုပါ မွတ္တမ္းရုပ္ရွင္တြင္ အင္နီ၏ အျဖစ္အပ်က္ကို ရိုက္ကူးထားျပီး ဖဲရိုက္သည့္အျဖစ္အပ်က္လည္း ပါဝင္သည္။

၂၀၁၄ ခုႏွစ္၊ ၾသဂုတ္လတြင္လည္း Loftus Hall စံအိမ္ကို အေမရိကန္ပရေလာက ရုပ္သံအစီအစဥ္တစ္ခုျဖစ္ေသာ Ghost Adventures က ေလ့လာမႈမ်ားျပဳလုပ္ခဲ့ျပီး ၂၀၁၄ ခုႏွစ္၊ ေအာက္တိုဘာလတြင္ 'Celtic Demons' ရုပ္သံအစီအစဥ္တြင္ ျပသခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Loftus Hall, Ireland’s Most Haunted Mansion, Just Went On The Market (allthatsinteresting, Wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service