အီတလီတွင် covid ကင်းစင်မြို့၌ နေအိမ်တစ်လုံးလျှင် ၁ ယူရို (မြန်မာငွေ ၁၅၈၂ ကျပ်)မျှ ဖြင့်ဝယ်ယူနိုင်ပြီ

အီတလီတွင် covid ကင်းစင်မြို့၌ နေအိမ်တစ်လုံးလျှင် ၁ ယူရို (မြန်မာငွေ ၁၅၈၂ ကျပ်)မျှ ဖြင့်ဝယ်ယူနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
21 Jul 2020 12:26 pm တွင် တင်ခဲ့သည်
947 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သင်သည် ဝေးကွာလှသောဒေသတစ်ခုသို့ ပြောင်းရွှေ့ကာ ဘဝသစ်တစ်ခုကို စတင်ရန် စိတ်ကူးနေသည်ဆိုပါက သင့်အတွက် အခွင့်အရေး ပေါ်လာပြီ ဖြစ်သည်။

အီတလီနိုင်ငံ၊ ကာလာဘရီယာပြည်နယ်တောင်ဘက် Cinquefrondi မြို့ကလေးတွင် နေအိမ်တစ်လုံးလျှင် ၁ ယူရို (မြန်မာငွေ ၁၅၈၂ ကျပ်- ဇူလိုင် ၂၁ ရက်ငွေလဲနှုန်းအရ) မျှဖြင့် အမှန်တကယ် ဝယ်ယူနိုင်တော့မည် ဖြစ်သည်။

(နေအိမ်များ အခမဲ့ပေးခြင်း၊ ၁ ဒေါ်လာဖြင့် ရောင်းချခြင်း အစရှိသည့်သတင်းများကို iMyanmarHouse.com ဝဘ်ဆိုက်ကြီးတွင် မကြာခဏတင်ပြခဲ့ပြီးဖြစ်ရာ ယခုသတင်း၏ အောက်ခြေတွင် ပြန်လည်ဖတ်ရှုနိုင်မည့် အင်တာနက်လင့်ခ်များ ဖော်ပြထားပါသည်) အဆိုပါမြို့ကလေး၏ ကောင်းမွန်သော အားသာချက်မှာ ပင်လယ်ကမ်းခြေနှင့် ၁၅ မိနစ်ခရီးသာဝေးကွာပြီး covid-19 ကူးစက်ခံရသူ တစ်ဦးမျှ မရှိသေးသောမြို့ကလေးဖြစ်သည်။

ရောမနှင့် တပ်စ်ကန်နီတို့ကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ အချက်အခြာနေရာများနည်းတူ ခရီးသွားဖွယ် ကောင်းသည့် ရင်သပ်ရှုမောဖွယ်နေရာတစ်ခု ဖြစ်သည်။

ယခုကဲ့သို့ နေအိမ်များကို ၁ ယူရိုဖြင့် ရောင်းချရန် စီစဉ်သူမှာ မြို့တော်ဝန် Michele Conia ဖြစ်သည်။

ယခုကဲ့သို့ နေအိမ်များ ၁ ယူရိုဖြင့်ရောင်းချမည့် စီမံကိန်းကို မြို့တော်ဝန်က Operation Beauty ဟု အမည်ပေးထားပြီး လူသူနေထိုင်မှု နည်းပါးလာသော မြို့ကလေး၏ ဒေသတစ်နေရာတွင် နေထိုင်သူသစ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

မဝယ်ယူမီ သတိပြုရမည့် အချက်အချို့ကား ရှိသည်။

နေအိမ်ဝယ်ယူသူသည် အိမ်ဖိုး ၁ ယူရိုအပြင် အာမခံကြေးအဖြစ် တစ်နှစ်လျှင် ယူရို ၂၅၀ ပေးသွင်းရမည်ဖြစ်ပြီး လက်ရှိအားဖြင့် လူနေရန် မသင့်လျော်သည့်နေအိမ်များကို အပြည့်အဝပြန်လည်မွမ်းမံမှု ပြုလုပ်မည်ဟု ကတိပြုရမည် ဖြစ်သည်။

ဝယ်ယူပြီးနောက် ၃ နှစ်အတွင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ငွေ ယူရို ၂၀၀၀၀ (ကန်ဒေါ်လာ ၁၈၀၀၀) ခန့် ပေးဆောင်ရမည် ဖြစ်သည်။

ဒဏ်ငွေသတ်မှတ်ထားရခြင်းမှာ ဝယ်လက်များအနေဖြင့် နေအိမ်မွမ်းမံရန် သေချာစေရေးအတွက်ဖြစ်သည်။

နေထိုင်သူကျဆင်းလာသော်လည်း အဆိုပါမြို့ကလေးသည် အလွန်သာယာလှပပြီး လှိုင်းထနေသည့်တောင်ကုန်းများကြား တည်ရှိကာ ပင်လယ် ၂ ခု၊ သဘာဝပတ်ဝန်းကျင်မပျက်စီးသေးသော မြစ်တစ်ခုတို့ဘေးတွင် တည်ရှိသည်။

အီတလီတွင် ယခုကဲ့သို့ နေအိမ်များကို အလွန်နည်းပါးလှသောဈေးနှုန်းဖြင့် အခမဲ့သဖွယ်ပေးအပ်နေမှုများ ရှိရာ အဆိုပါသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြိး ဖြစ်ပါသည်။

နေအိမ်ပြုပြင်မွမ်းမံစရိတ်မှာ နေအိမ်၏ လက်ရှိအနေအထားအပေါ်မူတည်ပြီး ကုန်ကျစရိတ်ကွာခြားနိုင်သည်။ အီတလီရှိ Sambuca တွင် ယခုကဲ့သို့ နေအိမ်များ ပေးအပ်ရောင်းချမှုရှိခဲ့သော်လည်း စပေါ်ငွေအဖြစ် ဒေါ်လာ ၅၀၀၀ ပေးသွင်းရပြီး နေအိမ်များကို ပြုပြင်မွမ်းမံမှု ပြီးစီးချိန်တွင် အဆိုပါငွေကို ပြန်ထုတ်ပေးသည်။ Sambuca တွင် နေအိမ်ပြုပြင်မွမ်းမံစရိတ် အနည်းဆုံး ကန်ဒေါ်လာ ၁၅၀၀၀ ခန့် မဖြစ်မနေသုံးစွဲရမည်ဟုလည်း သတ်မှတ်ထားသည်။

သို့သော် နေအိမ်ပြုပြင်မွမ်းမံပြီးပါက အီတလီ၏ ကျေးလက်ဒေသများသည် လူနေမှုစရိတ်အလွန်နည်းပါးသည့်နေရာများဖြစ်ရာ ကုန်ကျစရိတ် များစွာသက်သာမည် ဖြစ်သည်။

Cinquefrondi နှင့် အီတလီရှိ အခြားသောကျေးလက်ဒေသများသည် နေအိမ်များကို အလွန်နည်းပါးသောဈေးဖြင့် အခမဲ့သဖွယ် ပေးအပ်ခြင်းအားဖြင့် အခြေချနေထိုင်မည့်သူများနှင့် စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာကာ လူသူပြန်လည်စည်ကားလာပြီး အီတလီ၏ တမူထူးခြားသောယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလာလျက်ရှိကြသည်။

(ဆက်စပ်သတင်းများ)

(၁) အီတလီနိုင်ငံ၊ ကမ်မာရာတာမြို့တွင် နေထိုင်လိုသည့် မည်သူကိုမဆို နေအိမ်များ အခမဲ့ပေးမည် https://www.imyanmarhouse.com/news/read/869979

(၂) အီတလီတွင် နေအိမ်ပေါင်း အလုံး ၁၀၀ ကို ၁ ယူရိုငွေ (မြန်မာငွေ ၁၇၀၄ ကျပ်) မျှဖြင့် အရောင်းဈေးကွက်တင်လာ https://www.imyanmarhouse.com/news/read/825648

(၃) အီတလီတွင် နေအိမ်တစ်လုံးလျှင် တစ်ဒေါ်လာဖြင့် ရောင်းချလျက်ရှိ https://www.imyanmarhouse.com/news/read/799268

(၄) အီတလီတွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်ပြီ https://www.imyanmarhouse.com/news/read/770392

(၅) အီတလီတွင် နေအိမ်ပေါင်း အလုံး ၂၀၀ ကို ၁ ဒေါ်လာကျော်ကျော်မျှဖြင့် ရောင်းချပေးနေပြီ https://www.imyanmarhouse.com/news/read/723874

(၆) နေအိမ်များ အခမဲ့ပေးခြင်း၊ ၁ ဒေါ်လာဖြင့် ရောင်းချခြင်းများ အဆက်မပြတ်ပြုလုပ်နေသော အီတလီနိုင်ငံတွင် ယခုအခါ စစ္စလီကျွန်း၊ ဘီဗိုနာမြို့တွင်လည်း နေအိမ်များကို ၁ ဒေါ်လာဖြင့် ရောင်းချပေးနေပြီ https://www.imyanmarhouse.com/news/read/874147

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You Can Buy a House for Just €1 in This Covid-Free Italian Town ( Tripzilla, outdoor revival)

 

[Zawgyi]

အီတလီတြင္ covid ကင္းစင္ၿမိဳ႕၌ ေနအိမ္တစ္လုံးလွ်င္ ၁ ယူ႐ို (ျမန္မာေငြ ၁၅၈၂ က်ပ္)မွ် ျဖင့္ဝယ္ယူႏိုင္ၿပီ

သင္သည္ ေဝးကြာလွေသာေဒသတစ္ခုသို႔ ေျပာင္းေ႐ႊ႕ကာ ဘဝသစ္တစ္ခုကို စတင္ရန္ စိတ္ကူးေနသည္ဆိုပါက သင့္အတြက္ အခြင့္အေရး ေပၚလာၿပီ ျဖစ္သည္။

အီတလီႏိုင္ငံ၊ ကာလာဘရီယာျပည္နယ္ေတာင္ဘက္ Cinquefrondi ၿမိဳ႕ကေလးတြင္ ေနအိမ္တစ္လုံးလွ်င္ ၁ ယူ႐ို (ျမန္မာေငြ ၁၅၈၂ က်ပ္- ဇူလိုင္ ၂၁ ရက္ေငြလဲႏႈန္းအရ) မွ်ျဖင့္ အမွန္တကယ္ ဝယ္ယူႏိုင္ေတာ့မည္ ျဖစ္သည္။

(ေနအိမ္မ်ား အခမဲ့ေပးျခင္း၊ ၁ ေဒၚလာျဖင့္ ေရာင္းခ်ျခင္း အစ႐ွိသည့္သတင္းမ်ားကို iMyanmarHouse.com ဝဘ္ဆိုက္ႀကီးတြင္ မၾကာခဏတင္ျပခဲ့ၿပီးျဖစ္ရာ ယခုသတင္း၏ ေအာက္ေျခတြင္ ျပန္လည္ဖတ္႐ႈႏိုင္မည့္ အင္တာနက္လင့္ခ္မ်ား ေဖာ္ျပထားပါသည္) အဆိုပါၿမိဳ႕ကေလး၏ ေကာင္းမြန္ေသာ အားသာခ်က္မွာ ပင္လယ္ကမ္းေျခႏွင့္ ၁၅ မိနစ္ခရီးသာေဝးကြာၿပီး covid-19 ကူးစက္ခံရသူ တစ္ဦးမွ် မ႐ွိေသးေသာၿမိဳ႕ကေလးျဖစ္သည္။

ေရာမႏွင့္ တပ္စ္ကန္နီတို႔ကဲ့သို႔ ကမ႓ာလွည့္ခရီးသြားမ်ားလာေရာက္ရာ အခ်က္အျခာေနရာမ်ားနည္းတူ ခရီးသြားဖြယ္ ေကာင္းသည့္ ရင္သပ္႐ႈေမာဖြယ္ေနရာတစ္ခု ျဖစ္သည္။

ယခုကဲ့သို႔ ေနအိမ္မ်ားကို ၁ ယူ႐ိုျဖင့္ ေရာင္းခ်ရန္ စီစဥ္သူမွာ ၿမိဳ႕ေတာ္ဝန္ Michele Conia ျဖစ္သည္။

ယခုကဲ့သို႔ ေနအိမ္မ်ား ၁ ယူ႐ိုျဖင့္ေရာင္းခ်မည့္ စီမံကိန္းကို ၿမိဳ႕ေတာ္ဝန္က Operation Beauty ဟု အမည္ေပးထားၿပီး လူသူေနထိုင္မႈ နည္းပါးလာေသာ ၿမိဳ႕ကေလး၏ ေဒသတစ္ေနရာတြင္ ေနထိုင္သူသစ္မ်ား ေပၚေပါက္လာေစရန္ ရည္႐ြယ္ျခင္း ျဖစ္သည္။

မဝယ္ယူမီ သတိျပဳရမည့္ အခ်က္အခ်ိဳ႕ကား ႐ွိသည္။

ေနအိမ္ဝယ္ယူသူသည္ အိမ္ဖိုး ၁ ယူ႐ိုအျပင္ အာမခံေၾကးအျဖစ္ တစ္ႏွစ္လွ်င္ ယူ႐ို ၂၅၀ ေပးသြင္းရမည္ျဖစ္ၿပီး လက္႐ွိအားျဖင့္ လူေနရန္ မသင့္ေလ်ာ္သည့္ေနအိမ္မ်ားကို အျပည့္အဝျပန္လည္မြမ္းမံမႈ ျပဳလုပ္မည္ဟု ကတိျပဳရမည္ ျဖစ္သည္။ ဝယ္ယူၿပီးေနာက္ ၃ ႏွစ္အတြင္း ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရမည္ျဖစ္ၿပီး လိုက္နာရန္ ပ်က္ကြက္ပါက ဒဏ္ေငြ ယူ႐ို ၂၀၀၀၀ (ကန္ေဒၚလာ ၁၈၀၀၀) ခန္႔ ေပးေဆာင္ရမည္ ျဖစ္သည္။

ဒဏ္ေငြသတ္မွတ္ထားရျခင္းမွာ ဝယ္လက္မ်ားအေနျဖင့္ ေနအိမ္မြမ္းမံရန္ ေသခ်ာေစေရးအတြက္ျဖစ္သည္။

ေနထိုင္သူက်ဆင္းလာေသာ္လည္း အဆိုပါၿမိဳ႕ကေလးသည္ အလြန္သာယာလွပၿပီး လိႈင္းထေနသည့္ေတာင္ကုန္းမ်ားၾကား တည္႐ွိကာ ပင္လယ္ ၂ ခု၊ သဘာဝပတ္ဝန္းက်င္မပ်က္စီးေသးေသာ ျမစ္တစ္ခုတို႔ေဘးတြင္ တည္႐ွိသည္။

အီတလီတြင္ ယခုကဲ့သို႔ ေနအိမ္မ်ားကို အလြန္နည္းပါးလွေသာေဈးႏႈန္းျဖင့္ အခမဲ့သဖြယ္ေပးအပ္ေနမႈမ်ား ႐ွိရာ အဆိုပါသတင္းမ်ားကို iMyanmarHouse.com ဝက္ဘ္ဆိုက္ႀကီးတြင္ ေဖာ္ျပခဲ့ၿပိး ျဖစ္ပါသည္။

ေနအိမ္ျပဳျပင္မြမ္းမံစရိတ္မွာ ေနအိမ္၏ လက္႐ွိအေနအထားအေပၚမူတည္ၿပီး ကုန္က်စရိတ္ကြာျခားႏိုင္သည္။ အီတလီ႐ွိ Sambuca တြင္ ယခုကဲ့သို႔ ေနအိမ္မ်ား ေပးအပ္ေရာင္းခ်မႈ႐ွိခဲ့ေသာ္လည္း စေပၚေငြအျဖစ္ ေဒၚလာ ၅၀၀၀ ေပးသြင္းရၿပီး ေနအိမ္မ်ားကို ျပဳျပင္မြမ္းမံမႈ ၿပီးစီးခ်ိန္တြင္ အဆိုပါေငြကို ျပန္ထုတ္ေပးသည္။ Sambuca တြင္ ေနအိမ္ျပဳျပင္မြမ္းမံစရိတ္ အနည္းဆုံး ကန္ေဒၚလာ ၁၅၀၀၀ ခန္႔ မျဖစ္မေနသုံးစြဲရမည္ဟုလည္း သတ္မွတ္ထားသည္။

သို႔ေသာ္ ေနအိမ္ျပဳျပင္မြမ္းမံၿပီးပါက အီတလီ၏ ေက်းလက္ေဒသမ်ားသည္ လူေနမႈစရိတ္အလြန္နည္းပါးသည့္ေနရာမ်ားျဖစ္ရာ ကုန္က်စရိတ္ မ်ားစြာသက္သာမည္ ျဖစ္သည္။

Cinquefrondi ႏွင့္ အီတလီ႐ွိ အျခားေသာေက်းလက္ေဒသမ်ားသည္ ေနအိမ္မ်ားကို အလြန္နည္းပါးေသာေဈးျဖင့္ အခမဲ့သဖြယ္ ေပးအပ္ျခင္းအားျဖင့္ အေျခခ်ေနထိုင္မည့္သူမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ေပၚေပါက္လာကာ လူသူျပန္လည္စည္ကားလာၿပီး အီတလီ၏ တမူထူးျခားေသာယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိန္းသိမ္းႏိုင္ရန္ ႀကိဳးပမ္းလာလ်က္႐ွိၾကသည္။

(ဆက္စပ္သတင္းမ်ား)

(၁) အီတလီႏိုင္ငံ၊ ကမ္မာရာတာၿမိဳ႕တြင္ ေနထိုင္လိုသည့္ မည္သူကိုမဆို ေနအိမ္မ်ား အခမဲ့ေပးမည္ https://www.imyanmarhouse.com/news/read/869979

(၂) အီတလီတြင္ ေနအိမ္ေပါင္း အလုံး ၁၀၀ ကို ၁ ယူ႐ိုေငြ (ျမန္မာေငြ ၁၇၀၄ က်ပ္) မွ်ျဖင့္ အေရာင္းေဈးကြက္တင္လာ https://www.imyanmarhouse.com/news/read/825648

(၃) အီတလီတြင္ ေနအိမ္တစ္လုံးလွ်င္ တစ္ေဒၚလာျဖင့္ ေရာင္းခ်လ်က္႐ွိ https://www.imyanmarhouse.com/news/read/799268

(၄) အီတလီတြင္ ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ဝယ္ယူရ႐ွိႏိုင္ၿပီ https://www.imyanmarhouse.com/news/read/770392

(၅) အီတလီတြင္ ေနအိမ္ေပါင္း အလုံး ၂၀၀ ကို ၁ ေဒၚလာေက်ာ္ေက်ာ္မွ်ျဖင့္ ေရာင္းခ်ေပးေနၿပီ https://www.imyanmarhouse.com/news/read/723874

(၆) ေနအိမ္မ်ား အခမဲ့ေပးျခင္း၊ ၁ ေဒၚလာျဖင့္ ေရာင္းခ်ျခင္းမ်ား အဆက္မျပတ္ျပဳလုပ္ေနေသာ အီတလီႏိုင္ငံတြင္ ယခုအခါ စစၥလီကြၽန္း၊ ဘီဗိုနာၿမိဳ႕တြင္လည္း ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးေနၿပီ https://www.imyanmarhouse.com/news/read/874147

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You Can Buy a House for Just €1 in This Covid-Free Italian Town ( Tripzilla, outdoor revival)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service