အိန္ဒိယအမျိုးသားတစ်ဦးက covid-19 ကို ကာကွယ်နိုင်ရန် ကိုရိုနာနတ်ဘုရားမ ရုပ်တုထုကာ ကိုးကွယ်
အိန္ဒိယအမျိုးသားတစ်ဦးက covid-19 ကို ကာကွယ်နိုင်ရန် ကိုရိုနာနတ်ဘုရားမ ရုပ်တုထုကာ ကိုးကွယ် - Property News in Myanmar from iMyanmarHouse.com
21 Jul 2020 11:47 am တွင် တင်ခဲ့သည်
1768 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ kadakkal မြို့သားတစ်ဦးဖြစ်သော အနီးလန် (Anila) ဆိုသူသည် ကိုရိုနာဗိုင်းရပ်စ်နှင့် ပုံသဏ္ဍာန်ခြင်း အလွန်တူသော နတ်ဘုရားရုပ်တုတစ်ခုကို နေအိမ်ဘေးတွင် ယာယီကျောင်းဆောင်ဆောက်လုပ်ထားရှိကာ ကိုးကွယ်ထားရှိလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ရန် ရည်ရွယ်ကာ ကိုရိုနာဒေဝီကို ကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကမ္ဘာ့ခေါင်းဆောင်တွေ သောကပွေနေအောင် နတ်ဘုရားက ဗိုင်းရပ်စ်အသွင်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဟိန္ဒူဒဏ္ဍာရီအရ ဘုရားဟာ နေရာတိုင်းမှာရှိပြီး ဗိုင်းရပ်စ်မှာတောင် ရှိနေပါတယ်” ဟု အနီးလန်က ပြောကြားသည်။
အနီးလန်သည် မူဟာသမ်ပရဟိတအဖွဲ့ (Muhurtham Charitable Trust) ၏ လူကြီးတစ်ဦးအဖြစ်လည်း ပါဝင်နေသူ ဖြစ်သည်။
အနီးလန်၏ ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဝတ်ပြုကိုးကွယ်မှုများ မလုပ်ရန် တားမြစ်ခြင်းအားဖြင့် ပြည်သူတို့ကို ဖိနှိပ်နေသော နိုင်ငံရေးအဖွဲ့များကို ကန့်ကွက်သည့်အားဖြင့် ယခုဘုရားကျောင်းဆောင်ကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အနီးလန်သည် thermocol ဖြင့် ပြုလုပ်ထားသော နတ်ဘုရားမရုပ်တုကို နေ့စဉ်နေ့တိုင်း ဝတ်ပြုပူဇော်လေ့ရှိသည်။
သို့သော် အနီးလန်က သူ၏ ဘုရားကျောင်းဆောင်သို့ အခြားသူများ လာရောက်ခြင်း ခွင့်မပြုသေးချေ။ ထိတွေ့ကူးစက်မှု သံသရာကို ဖြတ်တောက်ရမည်ဟူသော သိပ္ပံပညာကိုလည်း ၎င်းက ယုံကြည်မှုရှိနေသည်။
၎င်းထံ စာဖြင့် ဆက်သွယ်တောင်းဆိုသူများကိုမူ နတ်ဘုရားမအား ဆက်ကပ်ထားသည့် စားသောက်ဖွယ်ရာများ ပြန်လည်မျှဝေ ပေးသွားရန် အသင့်ရှိကြောင်း ပြောကြားသည်။
အဆိုပါ ဆက်ကပ်ပူဇော်ထားသည့် စားသောက်ဖွယ်ရာများကို ပြန်လည်စွန့်ယူစားသောက်ပါက ရောဂါဘယကင်းစေသည်ဟု ယုံကြည်ကြသည်။
အနီးလန်က သူ၏ ဘုရားကျောင်းသည် ကိုရိုနာဗိုင်းရပ်စ် ရှေ့တန်းစစ်သည်တော်များဖြစ်သော ကျန်းမာရေးဝန်ထမ်းများ၊ ကာကွယ်ဆေး ရှာဖွေတွေ့ရှိရန် ကြိုးစားနေသည့် သိပ္ပံပညာရှင်များ၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကယ်ဆယ်ရေးဝန်ထမ်းများ၊ သတင်းထောက်များကို ရည်ရွယ်ကြောင်းလည်း ပြောကြားသည်။
ဟိန္ဒူယုံကြည်မှုအရ နတ်ဘုရားမတို့သည် ဖျားနာခြင်းများကို ကာကွယ်ပေးပြီး နာမကျန်းဖြစ်ခြင်းများကို ကုသပေးသည်ဟု ယုံကြည်ကြသည်။
အမ်မန်ဟုခေါ်သော လက်ပေါင်းများစွာပါသည့် နတ်ဘုရားမသည် ကူးစက်ရောဂါများဆိုင်ရာ နတ်ဘုရားမဖြစ်ပြီး အိန္ဒိယတွင် ရှေးယခင်ကူးစက်ရောဂါများ ပေါ်ပေါက်ခဲ့ချိန်မှသည် မျက်မှောက်ခေတ်အထိ နိုင်ငံတစ်ဝန်းနေရာများစွာတွင် ကိုးကွယ်မှုများရှိသည်။
နတ်ဘုရားမများသည် ရောဂါဘယများကို ကုသပေးသည်ဆိုသော်လည်း ၎င်းတို့အမျက်ရှပါက ကျောက်ရောဂါ၊ ပလိပ်၊ သွေးစုနာ၊ ဖျားနာခြင်း၊ အဆုပ်ရောဂါနှင့် ငှက်ဖျားရောဂါတို့ကို ဖြစ်ပွားစေသည်ဟုဆိုရာ နတ်ဘုရားမတို့သည် ရောဂါကူးစက်စေသူနှင့် ရောဂါကုသသူ ၂ မျိုးလုံးဖြစ်နေသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kerala man builds a shrine for 'Corona Devi' to ward off COVID-19 pandemic (newindiaexpress)
[Zawgyi]
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service