ဆောက်လုပ်ရေးဈေးကွက် ယခုနှစ်ကုန်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်မည်

ဆောက်လုပ်ရေးဈေးကွက် ယခုနှစ်ကုန်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်မည် - Property News in Myanmar from iMyanmarHouse.com
6 Jul 2020 1:01 pm တွင် တင်ခဲ့သည်
980 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးဈေးကွက်သည် Covid-19 ကြောင့် ပုံမှန်အခြေအနေအောက် ၄၀ ရာခိုင်နှုန်းလျော့နည်းခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင်ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းတွေက မတ်လ၊ ဧပြီလတွေမှာ လုပ်ငန်းအများစု ရပ်ဆိုင်းသွားပေမဲ့ မေလကစပြီး ပြန်လည် ဆောင်ရွက်နေကြပြီ ဒါပေမဲ့ ပုံမှန်အခြေအနေအောက် ၄ဝ ရာခိုင်နှုန်းလောက် လျော့နည်းနေသေးတယ်။ အဓိကအထိနာတဲ့ အပိုင်းတွေက Developer တွေကရင်းနှီးမြှုပ်နှံတဲ့ အပိုင်းဖြစ်တယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းကပြောသည်။

လက်ရှိ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် တည်ဆောက်ခြင်း၊ သာသနာရေးဆိုင်ရာ အဆောက်အဦ တည်ဆောက်ခြင်းနှင့် Developer များဟူ၍ ၃ ပိုင်း ရှိပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် တည်ဆောက်သူများနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦတည်ဆောက်သူများသည် ကိုဗစ်-၁၉ စတင်သည့် မတ်လ၊ ဧပြီလများတွင် လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

“ အစိုးရလုပ်ငန်းတွေက ပြန်စနေပြီဖြစ်ပေမဲ့ PAE လုပ်ငန်းတွေနဲ့ စပ်ကန်ထရိုက်လုပ်ငန်းတွေက မစနိုင်သေးဘူး။ လုပ်ငန်းလည်ပတ်ဖို့တော့ နှစ်ကုန်ပိုင်းလောက်အထိ စောင့်ကြည့်ရအုန်းမယ်”ဟု UK ဆောက်လုပ်ရေးလုပ်ငန်းမှာ မန်နေဂျာ ကိုထက်ဝေကပြောသည်။

အိမ်ရာအရောင်းအဝယ်သည် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် စတင်အေးစက်နေပြီး ၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်-၁၉ ကာလအတွင်း ရပ်ဆိုင်းသလိုဖြစ်သွားသည့်အတွက် ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် Developer များအတွက် သက်ရောက်မှု ကြီးမားခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

အင်ဂျင်နီယာများနှင့် ဗိသုကာများကဏ္ဍတွင် ကိုဗစ်-၁၉ ကြောင့် Stay Home ကာလအတွင်း လစာငွေ လျှော့ကျမှုများရှိသော်လည်း ယခုအခါ ပုံမှန်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။

နိုင်ငံခြားသွင်းကုန်များအနေဖြင့် သံချောင်း၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် ဝယ်လိုအားများမှာ ပုံမှန်၏ ၃ဝ ရာခိုင်နှုန်း လျော့ကျနေသော်လည်း ပစ္စည်းဈေးနှုန်းများမှာ ပုံမှန်ဈေးပြန်လည်ဖြစ်ပေါ်နေပြီး ဝယ်ယူမှုများမှာ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဈေးကွက်များမှ သိရသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 










 



နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service