အဆောက်အဦးဆောက်ဖို့ “ဘိလပ်မြေနှင့် သံချောင်း တွက်နည်း”

အဆောက်အဦးဆောက်ဖို့ “ဘိလပ်မြေနှင့် သံချောင်း တွက်နည်း” - Property Knowledge in Myanmar from iMyanmarHouse.com
24 Jun 2020 3:48 pm တွင် တင်ခဲ့သည်
8344 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲမေးတတ်လို့ အကြမ်းတွက်လို့ ရအောင်ပါ။ မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီး ရှိပါတယ်။

"ကုဗကျင်း"

- ကုဗကျင်းက အလျား၊ အနံ၊ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

- ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်း တို့ မြေကြီးတူးခြင်းတို့မှာ အများဆုံး သုံးပါတယ်။

- ရှိသမျှ အလျား၊ အနံ၊ အမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်း ထွက်လာပါပြီ။

- မြေကြီး၁ ကျင်းဆို ၁၀ ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

- 1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

- 1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

- 1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

- အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ် ကျင်းဆို ၁၃၅၀ လုံး၊ ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာ မူတည်ပါတယ်။

- အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်း တစ်မတ် သာသာလောက်။

"စကွဲယားကျင်း"

- စကွဲယားကျင်း အလျားနဲ့ အနံ ပဲ မြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။

- ၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိုးမိုးခြင်းတို့ ကြွေပြား ကပ်ခြင်းတို့မှာ သုံးပါတယ်။

- နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး

- 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ 11 ကျင်း

"သံချောင်း"

- သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။ သို့ပေမယ့် ၃၉ ပေ ၆ လက်မ လောက်ဆို မှန်တယ် ပြောရပါမယ်။ ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေ

- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း

- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း

- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း

- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း

- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။

"ဘိလပ်မြေ"

- ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။

- သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိေ နစေ ရပါမယ်။

- ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ ဆ လောက် ဆိုရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ ဆက်သွယ်ချက်က ၁ မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူး ရှိပါတယ်။ လက်သမားနဲ့ ယှဉ်ပြောလို့ ရတဲ့ အခေါ်ပါ။

1 M မီတာ= 3.281 ပေ

1 လက်မ= 25.4 mm မီလီမီတာ

1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေ စကွဲယား

ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cute

Credit : Htin Kyaw

 

[Zawgyi]

အေဆာက္အဦးေဆာက္ဖို႔ “ဘိလပ္ေျမႏွင့္ သံေခ်ာင္း တြက္နည္း”

ဘိလပ္ေျမ အုတ္သဲေက်ာက္ ဘယ္ေလာက္ကုန္မလဲေမးတတ္လို႔ အႀကမ္းတြက္လို႔ ရေအာင္ပါ။ ၿမန္မာျပည္ ေဆာက္လုပ္ေရးမွာ က်င္းနဲ႔ ေျပာႀကပါတယ္။ ကုဗက်င္းနဲ စကဲြယားက်င္း ဆိုျပီး ရွိပါတယ္။

"ကုဗက်င္း"

- ကုဗက်င္းက အလ်ား၊ အနံ၊ အျမင့္ ၃ ခု ေျမွာက္တာပါ။ ၃ ခုေျမွာက္လို႔ ၁၀၀ ရရင္ ၁ က်င္းပါ။ ၅၀ ဆို က်င္းဝက္၊ ၂၅ ဆို က်င္းတစ္မတ္ စသျဖင့္ပါ။

- ကုဗက်င္းကို ၉ လက္မနဲ ့အထက္ အုတ္စီျခင္းတို႔ ကြန္ကရစ္ေလာင္းျခင္း တို႔ ေျမႀကီးတူးျခင္းတို႔မွာ အမ်ားဆံုး သံုးပါတယ္။

- ရွိသမွ် အလ်ား၊ အနံ၊ အျမင့္ေတြ လိုက္ေျမွာက္ ေပါင္းလိုက္ရင္ ကုဗက်င္း ထြက္လာပါျပီ။

- ေျမႀကီး၁ က်င္းဆို ၁၀ ေပပတ္လည္ ၁ ေပ အနက္ ရွိရပါမယ္။

- 1:3:6 အခ်ဳိး ကြန္ကရစ္ ဘိလပ္ေျမ ၁၃ အိတ္ခန္႔ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း

- 1:2:4 အခ်ဳိး ကြန္ကရစ္ ဘိလပ္ေျမ ၁၈ အိတ္ေက်ာ္ခန္႔ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း

- 1: 1-1/2 အခ်ဳိး ကြန္ကရစ္ ဘိလပ္ေျမ ၂၅ အိတ္ခန္႔ သဲက်င္းဝက္ ေက်ာက္ ၁ က်င္း

- အုတ္ဖိနပ္ေတြမွာ အသံုးမ်ားတဲ့ ၉ လက္မအထက္ အုတ္စီျခင္း ကုဗတစ္ က်င္းဆို ၁၃၅၀ လံုး၊ ဘိလပ္ေျမကေတာ့ သံုးတဲ့အခ်ဳိးမွာ မူတည္ပါတယ္။

- အမ်ားသံုးတဲ့ 1:4 အခ်ဳိးဆို ဘိလပ္ေျမ ၆ အိတ္နီးပါး၊ သဲ .၂၈ က်င္း တစ္မတ္ သာသာေလာက္။

"စကဲြယားက်င္း"

- စကဲြယားက်င္း အလ်ားနဲ ့ အနံ ပဲ ေျမွာက္ျပီး ၁၀၀ ဆို ၁ က်င္း။

- ၄လက္မခဲြ အုတ္စီျခင္း ေဆးသုတ္ျခင္းတို႔ အမိုးမိုးျခင္းတို႔ ေႀကြျပား ကပ္ျခင္းတို႔မွာ သံုးပါတယ္။

- နံရံေတြမွာ အသံုးမ်ားတဲ့ ၄.၅ လက္မ အုတ္စီျခင္း မွာ အုတ္ ၅၅၀ လံုး

- 1:4 အခ်ဳိး ဘိလပ္ေျမ 2.7 အိတ္ သဲ 11 က်င္း

"သံေခ်ာင္း"

- သံေခ်ာင္းတစ္ေခ်ာင္းဟာ ဆိုက္မွန္ပါက ေပ ၄၀/ ၁၂ မီတာရွိရပါတယ္။ သို႔ေပမယ့္ ၃၉ ေပ ၆ လက္မ ေလာက္ဆို မွန္တယ္ ေျပာရပါမယ္။ ဘာမားျဖစ္ကေတာ့ အတိအက်ေျပာလို႔ မရပါဘူး။

တစ္တန္မွာရွိရမယ့္ အေခ်ာင္းေရ

- 10 မီလီ ၃မူး ( ၃/၈) မွာ ေပ၄၀ အရွည္ ၁၃၅ ေခ်ာင္း

- ၁၂ မီလီ ၅မူး ( 1/2) မွာ ၈၈ ေခ်ာင္း

- ၁၆ မီလီ ၆မူး ( 5/8) မွာ ၅၃ ေခ်ာင္း

- ၂၀ မီလီ ၃မတ္ (3/4) မွာ ၃၃ ေခ်ာင္း

- ၂၅ မီလီ က်ပ္လံုးမွာ (1) မွာ ၂၁ ေခ်ာင္း ရွိပါတယ္။

"ဘိလပ္ေျမ"

- ဘိလပ္ေျမ ၁ အိတ္ဟာ ၅၀ ကီလိုေလးျပီး အိတ္၂၀ ဟာ ၁ တန္ပါ။

- သံေခ်ာင္းေတြဆက္ဖို ့လိုရင္ တိုင္ေတြမွာ အနည္းဆံုး အဆ ၄၀ ထပ္မိေ နေစ ရပါမယ္။

- ထုပ္ေတြ ယက္မေတြမွာေတာ့ အဆ ၆၂ ေလာက္ထိ သံုးတတ္ပါတယ္။ ခိုခ်င္ရင္ေတာ့ ၅၀ ဆ ေလာက္ ဆိုရေလာက္ပါတယ္။ အခုေနာက္ပိုင္း မီတာနဲ ့သံုးလာပါတယ္။ ဆက္သြယ္ခ်က္က ၁ မီတာ 1M မွာ ၃ ေပ ၃ လက္မ ၃ မူး ရွိပါတယ္။ လက္သမားနဲ ့ ယွဥ္ေျပာလို႔ ရတဲ့ အေခၚပါ။

1 M မီတာ= 3.281 ေပ

1 လက္မ= 25.4 mm မီလီမီတာ

1 ( 1m X 1m) မီတာ စကဲြယား= 10.78 ေပ စကဲြယား

ကြန္ကရစ္ 1 (1mX 1mX 1m) မီတာက်ဳ = 35.32 ကုဗေပ Cute

Credit : Htin Kyaw

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service