တရုတ်နိုင်ငံက မူဆယ်-မန္တလေး ရထားလမ်းကို ကျောက်ဖြူအထိဖောက်လုပ်ချင်သော်လည်း နိုင်ငံရေးအရမဖြစ်နိုင်ဟုဆို

တရုတ်နိုင်ငံက မူဆယ်-မန္တလေး ရထားလမ်းကို ကျောက်ဖြူအထိဖောက်လုပ်ချင်သော်လည်း နိုင်ငံရေးအရမဖြစ်နိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
12 Jun 2020 10:39 am တွင် တင်ခဲ့သည်
1462 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံက မူဆယ်-မန္တ လေး မီးရထားလမ်းစီမံကိန်းအပြင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ ရထားလမ်းဖောက်လုပ်ရန်ဆန္ဒရှိသော်လည်း နိုင်ငံရေး အရမဖြစ်နိုင်၍ ခွင့်မပြုပေးခဲ့ဟု မီးရထားလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။

ဇွန်လ ၁၀ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် အစိုးရ၏ လေးနှစ်တာကာလ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘ဒီဟာကို ကျောက်ဖြူထိ ပေးလိုက်ရင် မြန်မာပြည်ကြီးကို ပတ်မိသလိုဖြစ်သွားမှာစိုးလို့ စစ ချင်းကတည်းက စဉ်းစားတယ်။ ရန်ကုန်ထိလည်း သူတို့ကလိုချင်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ချက်ချင်းပေးဖို့ ဘာမှမစဉ်းစားဘူး။ တိုင်းပြည်ရဲ့လိုအပ်ချက်အရ သေချာကြည့်ပြီးတော့မှပဲတိုင်ပင် ပြီးတော့လုပ်သွားမှာဖြစ်တယ်’’ ဟု ဦးဘမြင့်က ပြောသည်။

လက်ရှိတွင် အစိုးရက တရုတ်ကုမ္ပဏီကို မူဆယ်-မန္တလေး ရထားလမ်းအတွက် စီမံကိန်းဖြစ်နိုင်ချေလေ့လာခွင့်ပြုထားသည်။

လက်ရှိတွင် လုပ်ငန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှုများအရ တင်ပြလာသော အချက်အလက်များကို တတိယအဖွဲ့အစည်းတစ်ခုနှင့် စိစစ်နေသည်ဟု ဦးဘမြင့်ကဆိုသည်။

ထိုစီမံကိန်းကိုလည်း တိုင်းပြည်အတွက်အကျိုးရှိမှသာ တာဝန်ရှိသူအဖွဲ့အစည်းအဆင့်ဆင့်ထံ တင်ပြဆွေးနွေးဆုံး ဖြတ်သွားမည်ဟု ဦးဘမြင့်ကဆို သည်။

မူလက အဆိုပါမီးရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံမှ အလုံးစုံ အကုန်အကျခံတည် ဆောက်ပေးမည်ဟုဆိုထားသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ပျက်သွားခဲ့ပြီးယခုညှိနှိုင်းမှုသည် ဒုတိယအကြိမ်ဖြစ်သည် ဟု ၎င်းကဆိုသည်။

စီမံကိန်း ဆောင်ရွက်ရန် စကားပြောစဉ်ကာလအတွင်း အတိုး ၇ ရာခိုင်နှုန်းဖြင့် ထုတ်ချေး မည့်ကမ်းလှမ်းမှုအပေါ် နိုင်ငံတော်ကတွက်ချက်ရာ ၃၅ နှစ် ကြာမှသာ အရင်းကျေမည်ဖြစ်၍ တိုင်းပြည်နစ်နာနိုင်မှုကြောင့် ပြန်လည်ညှိနှိုင်းခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ရထားလမ်းဖောက်လုပ်ရန်အတွက် မြေပြင်တိုင်းတာမှုလုပ်ငန်းများအတွက် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု မြန်မာ့ မီးရထား လုပ်ငန်းမှ သိရသည်။

ထိုသို့ ရထားလမ်းဖောက်လုပ်ရန်အတွက် လမ်းကို ရွေးချယ်ရန်အတွက် ပြည်တွင်း ၊ ပြည်ပ ပညာရှင်များနှင့် စီစစ်နေဆဲ ဖြစ်ကြောင်း ၊ တစ်နာရီကို ၁၆၀ ကီလိုမီတာမှ ၂၀၀ ကီလိုမီတာ အထိ ပြေးဆွဲနိုင်သည့် ရထားလမ်း ဖြစ်ရန် ဆောင်ရွက်နေကြောင်း၊ အဆိုပါ မြန်နှုန်းဖြင့် တွက်ချက်ပါက အချိန် ၃ နာရီသာ ကြာမြင့်ပြီ ဖြစ်ပြီး လတ်တလောတွင် တစ်လမ်းသွား စနစ်ကိုသာရွေးချယ်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တ႐ုတ္ႏိုင္ငံက မူဆယ္-မႏၲ​ေလး ရထားလမ္းကို ​ေက်ာက္ျဖဴအထိ​ေဖာက္လုပ္ခ်င္ေသာ္လည္း ႏိုင္ငံ​ေရးအရမျဖစ္ႏိုင္ဟုဆို

တ႐ုတ္ႏိုင္ငံက မူဆယ္-မႏၲ ေလး မီးရထားလမ္းစီမံကိန္းအျပင္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕အထိ ရထားလမ္းေဖာက္လုပ္ရန္ဆႏၵရွိေသာ္လည္း ႏိုင္ငံေရး အရမျဖစ္ႏိုင္၍ ခြင့္မျပဳ​ေပးခဲ့ဟု မီးရထားလုပ္ငန္း၊ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးဘျမင့္က ​ေျပာသည္။

ဇြန္လ ၁၀ ရက္က ျပန္ၾကားေရးဝန္ႀကီးဌာန၌ ျပဳလုပ္သည့္ အစိုးရ၏ ေလးႏွစ္တာကာလ သတင္းစာရွင္းလင္းပြဲတြင္ ​ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

‘‘ဒီဟာကို ေက်ာက္ျဖဴထိ ေပးလိုက္ရင္ ျမန္မာျပည္ႀကီးကို ပတ္မိသလိုျဖစ္သြားမွာစိုးလို႔ စစ ခ်င္းကတည္းက စဥ္းစားတယ္။ ရန္ကုန္ထိလည္း သူတို႔ကလိုခ်င္တာပဲ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က ခ်က္ခ်င္းေပးဖို႔ ဘာမွမစဥ္းစားဘူး။ တိုင္းျပည္ရဲ႕လိုအပ္ခ်က္အရ ေသခ်ာၾကည့္ၿပီးေတာ့မွပဲတိုင္ပင္ ၿပီးေတာ့လုပ္သြားမွာျဖစ္တယ္’’ ဟု ဦးဘျမင့္က ေျပာသည္။

လက္ရွိတြင္ အစိုးရက တ႐ုတ္ကုမၸဏီကို မူဆယ္-မႏၲ​ေလး ရထားလမ္းအတြက္ စီမံကိန္းျဖစ္ႏိုင္​ေခ်​ေလ့လာခြင့္ျပဳထားသည္။

လက္ရွိတြင္ လုပ္ငန္းျဖစ္ေျမာက္ႏိုင္ေျခ ေလ့လာမႈမ်ားအရ တင္ျပလာေသာ အခ်က္အလက္မ်ားကို တတိယအဖြဲ႕အစည္းတစ္ခုႏွင့္ စိစစ္​ေနသည္ဟု ဦးဘျမင့္ကဆိုသည္။

ထိုစီမံကိန္းကိုလည္း တိုင္းျပည္အတြက္အက်ိဳးရွိမွသာ တာဝန္ရွိသူအဖြဲ႕အစည္းအဆင့္ဆင့္ထံ တင္ျပေဆြးေႏြးဆုံး ျဖတ္သြားမည္ဟု ဦးဘျမင့္ကဆို သည္။

မူလက အဆိုပါမီးရထားလမ္းစီမံကိန္းကို တ႐ုတ္ႏိုင္ငံမွ အလုံးစုံ အကုန္အက်ခံတည္ ေဆာက္ေပးမည္ဟုဆိုထားေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ပ်က္သြားခဲ့ၿပီးယခုညႇိႏႈိင္းမႈသည္ ဒုတိယအႀကိမ္ျဖစ္သည္ ဟု ၎ကဆိုသည္။

စီမံကိန္း ေဆာင္႐ြက္ရန္ စကားေျပာစဥ္ကာလအတြင္း အတိုး ၇ ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်း မည့္ကမ္းလွမ္းမႈအေပၚ ႏိုင္ငံေတာ္ကတြက္ခ်က္ရာ ၃၅ ႏွစ္ ၾကာမွသာ အရင္းေက်မည္ျဖစ္၍ တိုင္းျပည္နစ္နာႏိုင္မႈေၾကာင့္ ျပန္လည္ညႇိႏႈိင္းခဲ့ရေၾကာင္း ၎က ျဖည့္စြက္ေျပာသည္။

ရထားလမ္းေဖာက္လုပ္ရန္အတြက္ ေျမျပင္တိုင္းတာမႈလုပ္ငန္းမ်ားအတြက္ ပို႔ေဆာင္ ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့မီးရထားႏွင့္ တ႐ုတ္ႏိုင္ငံ China Railway Eryuan Engineering Group တို႔ နားလည္မႈ စာခြၽန္လႊာကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာ ၂၂ ရက္ေန႔က လက္မွတ္ေရးထိုးခဲ့သည္ဟု ျမန္မာ့ မီးရထား လုပ္ငန္းမွ သိရသည္။

ထိုသို႔ ရထားလမ္းေဖာက္လုပ္ရန္အတြက္ လမ္းကို ေ႐ြးခ်ယ္ရန္အတြက္ ျပည္တြင္း ၊ ျပည္ပ ပညာရွင္မ်ားႏွင့္ စီစစ္ေနဆဲ ျဖစ္ေၾကာင္း ၊ တစ္နာရီကို ၁၆၀ ကီလိုမီတာမွ ၂၀၀ ကီလိုမီတာ အထိ ေျပးဆြဲႏိုင္သည့္ ရထားလမ္း ျဖစ္ရန္ ေဆာင္႐ြက္ေနေၾကာင္း၊ အဆိုပါ ျမန္ႏႈန္းျဖင့္ တြက္ခ်က္ပါက အခ်ိန္ ၃ နာရီသာ ၾကာျမင့္ၿပီ ျဖစ္ၿပီး လတ္တေလာတြင္ တစ္လမ္းသြား စနစ္ကိုသာ​ေ႐ြးခ်ယ္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service