အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းရှိ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ အလွန်များပြားနေသောကြောင့် ကုတင်တစ်လုံးလျှင် လူနာ ၂ ဦး ထားရှိ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းရှိ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ အလွန်များပြားနေသောကြောင့် ကုတင်တစ်လုံးလျှင် လူနာ ၂ ဦး ထားရှိ - Property News in Myanmar from iMyanmarHouse.com
30 May 2020 3:07 pm တွင် တင်ခဲ့သည်
1114 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းရှိ ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ အလွန်များပြားနေသောကြောင့် လူနာကုတင်တစ်လုံးလျှင် လူနာ ၂ ဦး ထားရှိ ထားရလျက်ရှိသည်။

မွမ်ဘိုင်းမြို့ရှိ Sion ဆေးရုံ၊ အရေးပေါ်ဌာနတွင် လူနာ ၂ ဦးလျှင် ကုတင်တစ်လုံးဖြင့် ဆေးရုံတက်နေထိုင်ရလျှက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများခံစားနေရသော လူနာများစွာမှာ အောက်ဆီဂျင်အိုးတစ်ခုကို ၂ ဦးမျှဝေသုံးစွဲနေရသည်။

အဆိုပါဆေးရုံအတွင်း အခြေအနေကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်တစ်ခုတွင် လူနာတို့သည် တစ်ဦးအပေါ်တစ်ဦး ထပ်လုနီးပါး ဖြစ်နေကြပြီး လူနာသယ်ကပ်ပြားကို ပြုလုပ်ထားသည့် ကုတင်တစ်ခုတည်းတွင် နှစ်ဦးနေထိုင်ရကာ ခေါင်းပြန်ခြေပြန် လဲလျောင်းနေကြသည်ကို တွေ့ရသည်။

အချို့မှာမူ ကုတင်နေရာပင်မရဘဲ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြသည်ကိုလည်း တွေ့ရသည်။

လူဦးရေ သန်း ၂၀ ကျော်ရှိသည့် မွမ်ဘိုင်းမြို့ကြီးသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနှင့် ရင်ဆိုင်ရသည်မှာ ရက်သတ္တအတန်ကြာပြီဖြစ်ပြီး မူလကတည်းက အားနည်းနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးမှာ လူနာသစ်များ ဆက်လက်ပေါ်ထွက်လာနေမှုကြောင့် ပြိုလဲသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ပုံမှန်အချိန်များတွင်ပင် လူနာများပြည့်နှက်နေလေ့ရှိသော Sion ကဲ့သို့ အစိုးရဆေးရုံများသည် ယခုအခါ ထမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်ခဲ့ပြီ ဖြစ်သည်။

ကုသရေးရှေ့တန်းမှ ဆရာဝန်များနှင့် သူနာပြုများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများရှိလာရာ ဆေးဘက်ဝန်ထမ်းမလုံလောက်မှု အရေးနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိလာနေသည်။

“မွမ်ဘိုင်းလူဦးရေနဲ့ လူနေသိပ်သည်းမှုကြောင့် ဒီလိုအခြေအနေကနေ ရုန်းထွက်နိုင်တာတွေ့ရဖို့ သိပ်ကိုခက်နေပါတယ်။ ရှေ့တန်းမှာ ကုသနေရတဲ့ ဝန်ထမ်းတွေမှာလည်း ပင်ပန်းမှုတွေဖြစ်လာနေပြီ။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံရဖို့ အလားအလာက အရမ်းမြင့်မားလို့ပဲ ဖြစ်ပါတယ်” ဟု မွမ်ဘိုင်းမြို့၊ ဂုရုနာနက်ခ်ဆေးရုံ (Guru Nanak Hospital) ၊ covid-19 လူနာဌာနမှ ဆရာဝန်တစ်ဦးဖြစ်သူ မာနစ်ရှ် ရှက်တီက ပြောကြားသည်။

ပြီးခဲ့သော ရက်သတ္တပတ်အနည်းငယ်ကလည်း Sion ဆေးရုံမှ အခြေအနေကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်ခဲ့သေးရာ ဆေးရုံရင်ခွဲရုံတွင် နေရာမရှိတော့သောကြောင့် သေဆုံးသူများကို ပလတ်စတစ်အိတ်အမည်းများဖြင့် ထုတ်ပိုးထားကာ လူနာခန်းများတွင်ပင် ထားရှိပြီး အဆိုပါအလောင်းများဘေးတွင် အခြားသူတို့က ဆေးကုသမှု ခံယူနေကြရသည်ကို တွေ့ရသည်။

အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်တရာပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၉၅၄၆ ဦးရှိပြီး ၁၆၉၅ ဦး သေဆုံးခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၄ ပုံ ၁ ပုံနီးပါးရှိသည်။

အဆိုပါပမာဏအနက် ပြည်နယ်မြို့တော်ဖြစ်သော မွမ်ဘိုင်းတွင် လူနာပမာဏအများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားရာ ဗဟိုချက်ဖြစ်လာသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Patients share beds as coronavirus cases overwhelm Mumbai’s hospitals (The Guardian)

 

[Zawgyi]

အိႏၵိယႏိုင္ငံ၊ မြမ္ဘိုင္းရွိ ေဆး႐ုံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ား အလြန္မ်ားျပားေနေသာေၾကာင့္ ကုတင္တစ္လုံးလွ်င္ လူနာ ၂ ဦး ထားရွိ

အိႏၵိယႏိုင္ငံ၊ မြမ္ဘိုင္းရွိ ေဆး႐ုံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ား အလြန္မ်ားျပားေနေသာေၾကာင့္ လူနာကုတင္တစ္လုံးလွ်င္ လူနာ ၂ ဦး ထားရွိ ထားရလ်က္ရွိသည္။

မြမ္ဘိုင္းၿမိဳ႕ရွိ Sion ေဆး႐ုံ၊ အေရးေပၚဌာနတြင္ လူနာ ၂ ဦးလွ်င္ ကုတင္တစ္လုံးျဖင့္ ေဆး႐ုံတက္ေနထိုင္ရလွ်က္ရွိၿပီး ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ားခံစားေနရေသာ လူနာမ်ားစြာမွာ ေအာက္ဆီဂ်င္အိုးတစ္ခုကို ၂ ဦးမွ်ေဝသုံးစြဲေနရသည္။

အဆိုပါေဆး႐ုံအတြင္း အေျခအေနကို ႐ိုက္ကူးထားသည့္ ဗြီဒီယိုဖိုင္တစ္ခုတြင္ လူနာတို႔သည္ တစ္ဦးအေပၚတစ္ဦး ထပ္လုနီးပါး ျဖစ္ေနၾကၿပီး လူနာသယ္ကပ္ျပားကို ျပဳလုပ္ထားသည့္ ကုတင္တစ္ခုတည္းတြင္ ႏွစ္ဦးေနထိုင္ရကာ ေခါင္းျပန္ေျချပန္ လဲေလ်ာင္းေနၾကသည္ကို ေတြ႕ရသည္။ အခ်ိဳ႕မွာမူ ကုတင္ေနရာပင္မရဘဲ ၾကမ္းျပင္ေပၚတြင္ လဲေလ်ာင္းေနၾကသည္ကိုလည္း ေတြ႕ရသည္။

လူဦးေရ သန္း ၂၀ ေက်ာ္ရွိသည့္ မြမ္ဘိုင္းၿမိဳ႕ႀကီးသည္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးႏွင့္ ရင္ဆိုင္ရသည္မွာ ရက္သတၱအတန္ၾကာၿပီျဖစ္ၿပီး မူလကတည္းက အားနည္းေနေသာ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ႀကီးမွာ လူနာသစ္မ်ား ဆက္လက္ေပၚထြက္လာေနမႈေၾကာင့္ ၿပိဳလဲသြားမည့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရသည္။

ပုံမွန္အခ်ိန္မ်ားတြင္ပင္ လူနာမ်ားျပည့္ႏွက္ေနေလ့ရွိေသာ Sion ကဲ့သို႔ အစိုးရေဆး႐ုံမ်ားသည္ ယခုအခါ ထမ္းေဆာင္ႏိုင္စြမ္းထက္ ေက်ာ္လြန္ခဲ့ၿပီ ျဖစ္သည္။

ကုသေရးေရွ႕တန္းမွ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈမ်ားရွိလာရာ ေဆးဘက္ဝန္ထမ္းမလုံေလာက္မႈ အေရးႏွင့္လည္း ရင္ဆိုင္ရဖြယ္ရွိလာေနသည္။

“မြမ္ဘိုင္းလူဦးေရနဲ႔ လူေနသိပ္သည္းမႈေၾကာင့္ ဒီလိုအေျခအေနကေန ႐ုန္းထြက္ႏိုင္တာေတြ႕ရဖို႔ သိပ္ကိုခက္ေနပါတယ္။ ေရွ႕တန္းမွာ ကုသေနရတဲ့ ဝန္ထမ္းေတြမွာလည္း ပင္ပန္းမႈေတြျဖစ္လာေနၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ က်န္းမာေရးဝန္ထမ္းေတြ ေရာဂါကူးစက္ခံရဖို႔ အလားအလာက အရမ္းျမင့္မားလို႔ပဲ ျဖစ္ပါတယ္” ဟု မြမ္ဘိုင္းၿမိဳ႕၊ ဂု႐ုနာနက္ခ္ေဆး႐ုံ (Guru Nanak Hospital) ၊ covid-19 လူနာဌာနမွ ဆရာဝန္တစ္ဦးျဖစ္သူ မာနစ္ရွ္ ရွက္တီက ေျပာၾကားသည္။

ၿပီးခဲ့ေသာ ရက္သတၱပတ္အနည္းငယ္ကလည္း Sion ေဆး႐ုံမွ အေျခအေနကို ႐ိုက္ကူးထားသည့္ ဗြီဒီယိုဖိုင္တစ္ခု ထြက္ေပၚခဲ့ေသးရာ ေဆး႐ုံရင္ခြဲ႐ုံတြင္ ေနရာမရွိေတာ့ေသာေၾကာင့္ ေသဆုံးသူမ်ားကို ပလတ္စတစ္အိတ္အမည္းမ်ားျဖင့္ ထုတ္ပိုးထားကာ လူနာခန္းမ်ားတြင္ပင္ ထားရွိၿပီး အဆိုပါအေလာင္းမ်ားေဘးတြင္ အျခားသူတို႔က ေဆးကုသမႈ ခံယူေနၾကရသည္ကို ေတြ႕ရသည္။

အိႏၵိယႏိုင္ငံ၊ မဟာရပ္ရွ္တရာျပည္နယ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၅၉၅၄၆ ဦးရွိၿပီး ၁၆၉၅ ဦး ေသဆုံးခဲ့ရာ တစ္ႏိုင္ငံလုံးအတိုင္းအတာ၏ ၄ ပုံ ၁ ပုံနီးပါးရွိသည္။

အဆိုပါပမာဏအနက္ ျပည္နယ္ၿမိဳ႕ေတာ္ျဖစ္ေသာ မြမ္ဘိုင္းတြင္ လူနာပမာဏအမ်ားဆုံးျဖစ္ၿပီး အိႏၵိယႏိုင္ငံ၏ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားရာ ဗဟိုခ်က္ျဖစ္လာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Patients share beds as coronavirus cases overwhelm Mumbai’s hospitals (The Guardian)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service