မူးယစ်ဂိုဏ်းများ COVID-19 ကြောင့် ဒေါ်လာသန်းပေါင်းများစွာဆုံးရှုံး

မူးယစ်ဂိုဏ်းများ COVID-19 ကြောင့် ဒေါ်လာသန်းပေါင်းများစွာဆုံးရှုံး - Property News in Myanmar from iMyanmarHouse.com
26 May 2020 12:26 pm တွင် တင်ခဲ့သည်
1005 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တစ်နိုင်ငံလုံးအတိုင်းအတာ lockdown ချမှုများက မူယစ်မှောင်ခိုကူးသူများ၏ လုပ်ငန်းများကို အလျဉ်ပြတ်စေလိုက်ပြီး ငွေမည်းခဝါချရပိုမိုခက်ခဲစေလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသည် မြို့ပြများအား ထိခိုက်ပျက်စီးစေကာ စီးပွားရေးလုပ်ငန်းများအား ခြေမွဖျက်ဆီးလိုက်ပြီဖြစ်သည်။

မူးယစ်မှောင်ခိုကူးသူများကိုလည်း သန်းနှင့်ချီဆုံးရှုံးစေနေပြီဖြစ်ကြောင်း ဥပဒေပြဋ္ဌာန်းမှုရေးရာတာဝန်ရှိသူအများအပြားက NBC News သတင်းဌာနသို့ ပြောကြားခဲ့သည်။ သူတို့၏ငွေသားရွှေ့ပြောင်းမှုနည်းလမ်းများ ထိခိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

COVID-19 အကျပ်အတည်းစကတည်းက အမေရိကန်၏ အဓိကနေရာများတွင် မူးယစ်ဆေးဝါး‌ဆိုင်ရာဖက်ဒရယ်အေးဂျင့်များသည် တရားမဝင်ငွေသားများကို ယခင်ကထက် Lockdown ကာလအတွင်း ပို၍ မည်မည်ရရအများအပြားဖမ်းဆီးသိမ်းဆည်းရမိလာကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“သူတို့ရဲ့လှုပ်ရှားမှုတွေဟာ ပြီးခဲ့တဲ့သုံးလလောက်ကထက် အများကြီးပိုပြီးသိသာထင်ရှားပါတယ်။” ဟု မူးယစ်ဆေးဝါးဥပဒေပြဋ္ဌာန်းမှုအုပ်ချုပ်‌ရေးလော့စ်အိန်ဂျလိစ်ရုံးခွဲ၏ အထူးအေးဂျင့်အကြီးအကဲ ဘီလ်ဘော်ဒနာက ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့ရှိရာ ကယ်လီဖိုးနီးယားပြည်နယ်တွင် မူးယစ်မှောင်ခိုကူးသူများသည် Stay-at-Home Order ကြောင့် ငွေမည်းခဝါချရန်ခက်ခဲလာပြီး သွားရလာရခက်ခဲလာကြောင်းလည်း ဘော်ဒနာက ပြောပြခဲ့သည်။

မေ ၁ မှ ၈ အကြား greater Los Angeles ဧရိယာတွင် မူးယစ်မှောင်ခိုငွေမည်းများသိမ်းဆည်းရမိမှုသည် ယမန်နှစ်ကာလတူထက် နှစ်ဆကျော်ပိုများခဲ့ပြီး ‌ဒေါ်လာ ၁၀ သန်းရှိခဲ့သည်။

East Coast ဘက်ခြမ်းတွင်လည်း အေဂျင့်များက အလားတူအောင်မြင်မှုများ ရရှိလာကြသည်။

နယူးယောက်စီးတီးရုံးခွဲတွင်လည်း ယမန်နှစ်နောက်ပိုင်း ၁၈၀ ရာခိုင်နှုန်းအထိ မြင့်တက်သိမ်းဆည်းရမိလာကြောင်း အထူးအေးဂျင့်ခေါင်းဆောင် ရေးဒိုနိုဗန်က ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: COVID-19 is costing drug cartels millions of dollars (NBCNews)

 

[Zawgyi]

မူးယစ္ဂိုဏ္းမ်ား COVID-19 ေၾကာင့္ ေဒၚလာသန္းေပါင္းမ်ားစြာဆုံးရႈံး

တစ္ႏိုင္ငံလုံးအတိုင္းအတာ lockdown ခ်မႈမ်ားက မူယစ္ေမွာင္ခိုကူးသူမ်ား၏ လုပ္ငန္းမ်ားကို အလ်ဥ္ျပတ္ေစလိုက္ၿပီး ေငြမည္းခဝါခ်ရပိုမိုခက္ခဲေစလိုက္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးသည္ ၿမိဳ႕ျပမ်ားအား ထိခိုက္ပ်က္စီးေစကာ စီးပြားေရးလုပ္ငန္းမ်ားအား ေျခမြဖ်က္ဆီးလိုက္ၿပီျဖစ္သည္။

မူးယစ္ေမွာင္ခိုကူးသူမ်ားကိုလည္း သန္းႏွင့္ခ်ီဆုံးရႈံးေစေနၿပီျဖစ္ေၾကာင္း ဥပေဒျပ႒ာန္းမႈေရးရာတာဝန္ရွိသူအမ်ားအျပားက NBC News သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။ သူတို႔၏ေငြသားေ႐ႊ႕ေျပာင္းမႈနည္းလမ္းမ်ား ထိခိုက္လာျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

COVID-19 အက်ပ္အတည္းစကတည္းက အေမရိကန္၏ အဓိကေနရာမ်ားတြင္ မူးယစ္ေဆးဝါး‌ဆိုင္ရာဖက္ဒရယ္ေအးဂ်င့္မ်ားသည္ တရားမဝင္ေငြသားမ်ားကို ယခင္ကထက္ Lockdown ကာလအတြင္း ပို၍ မည္မည္ရရအမ်ားအျပားဖမ္းဆီးသိမ္းဆည္းရမိလာၾကေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

“သူတို႔ရဲ႕လႈပ္ရွားမႈေတြဟာ ၿပီးခဲ့တဲ့သုံးလေလာက္ကထက္ အမ်ားႀကီးပိုၿပီးသိသာထင္ရွားပါတယ္။” ဟု မူးယစ္ေဆးဝါးဥပေဒျပ႒ာန္းမႈအုပ္ခ်ဳပ္‌ေရးေလာ့စ္အိန္ဂ်လိစ္႐ုံးခြဲ၏ အထူးေအးဂ်င့္အႀကီးအကဲ ဘီလ္ေဘာ္ဒနာက ေျပာၾကားခဲ့သည္။

ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရွိရာ ကယ္လီဖိုးနီးယားျပည္နယ္တြင္ မူးယစ္ေမွာင္ခိုကူးသူမ်ားသည္ Stay-at-Home Order ေၾကာင့္ ေငြမည္းခဝါခ်ရန္ခက္ခဲလာၿပီး သြားရလာရခက္ခဲလာေၾကာင္းလည္း ေဘာ္ဒနာက ေျပာျပခဲ့သည္။

ေမ ၁ မွ ၈ အၾကား greater Los Angeles ဧရိယာတြင္ မူးယစ္ေမွာင္ခိုေငြမည္းမ်ားသိမ္းဆည္းရမိမႈသည္ ယမန္ႏွစ္ကာလတူထက္ ႏွစ္ဆေက်ာ္ပိုမ်ားခဲ့ၿပီး ‌ေဒၚလာ ၁၀ သန္းရွိခဲ့သည္။

East Coast ဘက္ျခမ္းတြင္လည္း ေအဂ်င့္မ်ားက အလားတူေအာင္ျမင္မႈမ်ား ရရွိလာၾကသည္။

နယူးေယာက္စီးတီး႐ုံးခြဲတြင္လည္း ယမန္ႏွစ္ေနာက္ပိုင္း ၁၈၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္သိမ္းဆည္းရမိလာေၾကာင္း အထူးေအးဂ်င့္ေခါင္းေဆာင္ ေရးဒိုႏိုဗန္က ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: COVID-19 is costing drug cartels millions of dollars (NBCNews)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service