ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကုသရေး ရှေ့တန်းမှ အသက်စွန့်တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များကို ဂုဏ်ပြုသည့်အနေဖြင့် ၈ ပေါင် (မြန်မာငွေ ၁၃၆၀၀) ဆုချီးမြှင့်
ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကုသရေး ရှေ့တန်းမှ အသက်စွန့်တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များကို ဂုဏ်ပြုသည့်အနေဖြင့် ၈ ပေါင် (မြန်မာငွေ ၁၃၆၀၀) ဆုချီးမြှင့် - Property News in Myanmar from iMyanmarHouse.com
16 May 2020 12:18 pm တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကုသရေး ရှေ့တန်းမှ အသက်စွန့်တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များကို ဂုဏ်ပြုသည့်အနေဖြင့် ၈ ပေါင် (မြန်မာငွေ ၁၃၆၀၀) ဆုချီးမြှင့်ခဲ့သည်။
ပြီးခဲ့သော ဧပြီလအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသပေးသည့်အတွက် ဆရာဝန်များကို လစဉ် ပေါင် ၉၀၀ နှင့်ညီမျှသော ရူဘယ်ငွေ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့သည်။
သို့သော် ဆရာဝန်တို့က ၎င်းတို့၏ ဧပြီလ လစာဖြတ်ပိုင်းများကို ဖွင့်လှစ်ကြည့်ရှုလိုက်သောအခါတွင်မူ ပူတင်ပြောသည့်ငွေပမာဏ ရရှိသည်ကို မတွေ့ကြချေ။
ဆရာဝန်များစွာက ၎င်းတို့၏ လစာချက်လက်မှတ်များကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းတွင် တင်ကြရာ လစာထက်ပိုသောငွေ ၈ ပေါင်မျှသာ တွေ့ရပြီး အချို့မှာ ထို့ထက်နည်းကာ အချို့မှာမူ လုံးဝမရကြချေ။
မော်စကိုမြို့ပြင်ဘက်တွင် တာဝန်ထမ်းဆောင်ရသော အသက် ၂၄ နှစ်အရွယ်ရှိ မာရီယာအမည်ရှိ ဆရာဝန်မိန်းကလေးသည် တစ်ဦးတည်း quarantine ဝင်ခဲ့ရပြီး လစာကိုလည်း လျှော့ချခြင်းခံခဲ့ရသည်ဟု ဆိုသည်။
မာရီယာက ပြောကြားရာတွင် သူမသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာနှင့် ထိတွေ့ခဲ့ကြောင်း၊ ဆုချီးမြှင့်ငွေကို မိမိလည်း ရမည်ဟု မျှော်လင့်ခဲ့ကြောင်း ပြောကြားသည်။ မာရီယာဟူသည်မှာ အမည်လွှဲသာဖြစ်ပြီး အလုပ်ပြုတ်မည်စိုးရိမ်သောကြောင့် သူမ၏အမည်ရင်းကို ထုတ်ဖော်ကာ မပြောလိုခဲ့ခြင်း ဖြစ်သည်။
သူမ ကြည့်ရှုကုသမှုပေးခဲ့သောလူနာမှာ ကိုရိုနာဗိုင်းရပ်စ် positive စစ်ဆေးတွေ့ရှိပြီးနောက် quarantine ၂ ပတ်ဝင်ရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။
ဧပြီလ လစာထုတ်သောအခါ ပေါင် ၄၀၀ ခန့်ရသော သူမ၏လစာမှာ ပေါင် ၁၅၀ ခန့်သာ လစာပေးထားပြီး quarantine ဝင်ခဲ့ရသောကာလအတွက် လစာနှုတ်ထားသည်ကို တွေ့ခဲ့ရသည်။ ရုရှားဝန်ကြီးချုပ် Mikhail Mishustin က အဆိုပါဖြစ်ရပ်ကို သိရှိကြောင်းဝန်ခံခဲ့သော်လည်း ဒေသခံအာဏာပိုင်များကိုသာ ပြစ်တင်ရှုတ်ချခြင်း ပြုလုပ်ခဲ့သည်။
“ရောဂါကူးစက်မှု အဆိုးရွားဆုံးကြုံရတဲ့ ဒေသတွေတောင်မှ လစာပြဿနာတွေရှိနေပါတယ်။ ဆေးဘက်ဝန်ထမ်းတွေ အများဆုံးပါပဲ” ဟု ဝန်ကြီးချုပ်က ဝန်ခံခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသမှုပေးချိန်အား မိနစ်နှင့်တွက်ကာ ဆေးရုံအကြီးအကဲတို့က ဆုချီးမြှင့်ခြင်း ဖြစ်ပြီး ဆုချီးမြှင့်ရန် ရန်ပုံငွေ ပေါင် ၃၀၀၀၀၀ ခန့်မှ ကျန်ငွေများကို အခြားတစ်နေရာတွင် အသုံးပြုခဲ့ကြသည်ဟူသော သတင်းများလည်း ရှိသည်။
ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၂၄၂၀၀၀ ဦးရှိပြီး လူနာသစ်များလည်း ပုံမှန်မြင့်တက်လာမှုများ ရှိနေကာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အဆိုးရွားဆုံး ကူးစက်ခံရသည့်နိုင်ငံ ဖြစ်သည်။
ဆေးဘက်လုပ်သားများသမဂ္ဂအကြီးအကဲ Andrei Konoval က ပြောကြားရာတွင် ပူတင်၏ ဆုငွေပေးမည့်ကတိသည် နားထောင်၍ အလွန်ကောင်းကြောင်း၊  သို့သော် ဆရာဝန်များကြားတွင် ကြီးမားသည့် စိတ်ပျက်ဖွယ်များသာ ရင်ဆိုင်ခဲ့ရကြောင်း၊ ဆေးဝန်ထမ်းများ အတွက် ရက်စက်သည့် ပြက်လုံးတစ်ခုသဖွယ် ဖြစ်နေကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Russian medics are given bonus of just £8 for risking their lives on the coronavirus front line (Daily Mail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service