အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော ဆေးစွဲနေသည့် အိမ်ရာမဲ့များကို မြို့အုပ်ချုပ်ရေးအဖွဲ့က အရက်နှင့် ဆေးခြောက်များ အခမဲ့ဝေငှပေး

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော ဆေးစွဲနေသည့် အိမ်ရာမဲ့များကို မြို့အုပ်ချုပ်ရေးအဖွဲ့က အရက်နှင့် ဆေးခြောက်များ အခမဲ့ဝေငှပေး - Property News in Myanmar from iMyanmarHouse.com
12 May 2020 12:21 pm တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော ဆေးစွဲနေသည့် အိမ်ရာမဲ့များကို မြို့အုပ်ချုပ်ရေးအဖွဲ့က အရက်နှင့် ဆေးခြောက်များ အခမဲ့ဝေငှပေးရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်ရန်အတွက် အိမ်ရာမဲ့များကို လူသူကင်းမဲ့နေသည့် ဟိုတယ်ခန်းများတွင် နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့အနက် ဆေးစွဲနေသူများကို အရက်၊ ဆေးခြောက်နှင့် မက်သဒုန်းများ အခမဲ့ပေးခြင်း ပြုလုပ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့က တွစ်တာလူမှုကွန်ရက်တွင် မိမိကိုယ်မိမိ အိမ်ရာမဲ့ဟောင်း၊ မူးယစ်ဆေးစွဲခဲ့သူတစ်ဦးဟု ဖော်ပြထားပြီး အိမ်ရာမဲ့ဖြစ်ခြင်းနှင့် မူးယစ်ဆေးစွဲဘဝတို့၏ အမှန်တရားကို ဖော်ထုတ်လိုသူဟု ဖော်ပြထားသည့် အမျိုးသားတစ်ဦးုက ထုတ်ဖော် ရေးသားမှုများ ပြုလုပ်လာသည်။

၎င်းက တွစ်တာတွင် ရေးသားခဲ့ရာ၌ ဆန်ဖရန်စစ္စကိုမြို့အတွင်း ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသည့် အိမ်ရာမဲ့များထံ အရက်၊ ဆေးခြောက်နှင့် မက်သဒုန်းများ အခမဲ့ဖြန့်ဝေပေးသည်ကို တွေ့ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

တွစ်တာတွင် အဆိုပါရေးသားဖော်ပြချက်နှင့် စပ်လျဉ်းပြီး ဆန်ဖရန်စစ္စကိုမြို့ ပြည်သူ့ကျန်းမာရေးဌာနက မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။

“ဒီလို အန္တရာယ်လျှော့ချရေး အခြေပြုလုပ်ဆောင်မှုတွေဟာ ဆန်ဖရန်စစ္စကိုမှာ ထူးခြားတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါတွေကို အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေနဲ့ လုပ်ဆောင်တာ မဟုတ်ပါဘူး။ quarantine ကာလမှာ isolation အောင်အောင်မြင်မြင်ဖြစ်နိုင်ဖို့ ကူညီပေးတာဖြစ်ပါတယ်။ ဒါက covid-19 ကပ်ဘေးကာလမှာ လူတစ်ဦးချင်းအတွက်အပြင် ပြည်သူအားလုံးရဲ့ ကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်” ဟု ဆန်ဖရန်စစ္စကို ပြည်သူ့ကျန်းမာရေးဌာနက ပြောကြားသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အိမ်ရာမဲ့များကို ထားရှိရန် ဟိုတယ်ခန်းပေါင်း ၁၅၀၀၀ ကျော် လိုအပ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆန်က ပြီးခဲ့သောလက ပြောကြားခဲ့သည်။

ယင်းနောက်ပိုင်း နယူးဆန်က ပြောကြားခဲ့ရာတွင် Motel 6 ဟိုတယ်အုပ်စုနှင့် သဘောတူညီချက်တစ်ရပ် ရရှိထားကြောင်း၊ ခရိုင် ၁၉ ခုရှိ နေရာပေါင်း ၄၇ နေရာတွင် ဟိုတယ်ခန်းပေါင်း ၅၀၂၅ ခန်း ထပ်မံရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဗဟိုအစိုးရက အိမ်ရာမဲ့များအရေး ကုန်ကျစရိတ်၏ ၇၅ ရာခိုင်နှုန်းကို ထောက်ပံ့ရန် သဘောတူထားသည်။

အဆိုပါစီမံကိန်းတွင် ကိုရိုနာဗိုင်းရပ်စ် positive စစ်ဆေးတွေ့ရှိသူများ၊ ဗိုင်းရပ်ရှိသူများနှင့် ထိတွေ့ခံခဲ့ရဖွယ်ရှိသူများ၊ သက်ကြီးရွယ်အို အိမ်ရာမဲ့များနှင့် နာတာရှည်ရောဂါရှိကာ ကိုယ်ခံအားနည်းသူများ အကျုံးဝင်သည်ဟု ဆိုသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: San Francisco gives drugs, alcohol to homeless addicts in hotels during coronavirus, sparking debate (Fox News)

[Zawgyi]

အေမရိကန္တြင္ ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း ဟိုတယ္မ်ားတြင္ ေနထိုင္ခြင့္ေပးထားေသာ ေဆးစြဲေနသည့္ အိမ္ရာမဲ့မ်ားကို ျမိဳ ႔အုပ္ခ်ဳပ္ေရးအဖြဲ႔က အရက္ႏွင့္ ေဆးေျခာက္မ်ား အခမဲ့ေဝငွေပး

အေမရိကန္ျပည္ေထာင္စု၊ ဆန္ဖရန္စစၥကိုျမိဳ ႔တြင္ ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း ဟိုတယ္မ်ားတြင္ ေနထိုင္ခြင့္ေပးထားေသာ ေဆးစြဲေနသည့္ အိမ္ရာမဲ့မ်ားကို ျမိဳ ႔အုပ္ခ်ဳပ္ေရးအဖြဲ႔က အရက္ႏွင့္ ေဆးေျခာက္မ်ား အခမဲ့ေဝငွေပးရန္ ဆံုးျဖတ္ခဲ့ျခင္းအေပၚ ေဝဖန္မႈမ်ား ျမင့္တက္လ်က္ ရွိသည္။

ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈကို ထိန္းခ်ဳပ္ရန္အတြက္ အိမ္ရာမဲ့မ်ားကို လူသူကင္းမဲ့ေနသည့္ ဟိုတယ္ခန္းမ်ားတြင္ ေနထိုင္ခြင့္ေပးခဲ့ျခင္းျဖစ္ျပီး ယခုအခါ ၎တို႔အနက္ ေဆးစြဲေနသူမ်ားကို အရက္၊ ေဆးေျခာက္ႏွင့္ မက္သဒုန္းမ်ား အခမဲ့ေပးျခင္း ျပဳလုပ္လာျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ ေသာၾကာေန႔က တြစ္တာလူမႈကြန္ရက္တြင္ မိမိကိုယ္မိမိ အိမ္ရာမဲ့ေဟာင္း၊ မူးယစ္ေဆးစြဲခဲ့သူတစ္ဦးဟု ေဖာ္ျပထားျပီး အိမ္ရာမဲ့ျဖစ္ျခင္းႏွင့္ မူးယစ္ေဆးစြဲဘဝတို႔၏ အမွန္တရားကို ေဖာ္ထုတ္လိုသူဟု ေဖာ္ျပထားသည့္ အမ်ဳိးသားတစ္ဦးုက ထုတ္ေဖာ္ ေရးသားမႈမ်ား ျပဳလုပ္လာသည္။

၎က တြစ္တာတြင္ ေရးသားခဲ့ရာ၌ ဆန္ဖရန္စစၥကိုျမိဳ ႔အတြင္း ဟိုတယ္မ်ားတြင္ ေနထိုင္ခြင့္ေပးထားသည့္ အိမ္ရာမဲ့မ်ားထံ အရက္၊ ေဆးေျခာက္ႏွင့္ မက္သဒုန္းမ်ား အခမဲ့ျဖန္႔ေဝေပးသည္ကို ေတြ႔ခဲ့ေၾကာင္း ေရးသားေဖာ္ျပခဲ့သည္။

တြစ္တာတြင္ အဆိုပါေရးသားေဖာ္ျပခ်က္ႏွင့္ စပ္လ်ဥ္းျပီး ဆန္ဖရန္စစၥကိုျမိဳ ႔ ျပည္သူ႔က်န္းမာေရးဌာနက မွန္ကန္ေၾကာင္း အတည္ျပဳခဲ့သည္။

“ဒီလို အႏၱရာယ္ေလွ်ာ့ခ်ေရး အေျချပဳလုပ္ေဆာင္မႈေတြဟာ ဆန္ဖရန္စစၥကိုမွာ ထူးျခားတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ ဒါေတြကို အခြန္ထမ္းျပည္သူေတြရဲ ႔ ေငြေတြနဲ႔ လုပ္ေဆာင္တာ မဟုတ္ပါဘူး။ quarantine ကာလမွာ isolation ေအာင္ေအာင္ျမင္ျမင္ျဖစ္ႏိုင္ဖို႔ ကူညီေပးတာျဖစ္ပါတယ္။ ဒါက covid-19 ကပ္ေဘးကာလမွာ လူတစ္ဦးခ်င္းအတြက္အျပင္ ျပည္သူအားလံုးရဲ ႔ က်န္းမာေရးအတြက္ ၾကီးမားတဲ့ အက်ဳိးေက်းဇူးေတြ ရရွိေစပါတယ္” ဟု ဆန္ဖရန္စစၥကို ျပည္သူ႔က်န္းမာေရးဌာနက ေျပာၾကားသည္။

ကယ္လီဖိုးနီးယားျပည္နယ္တြင္ ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း အိမ္ရာမဲ့မ်ားကို ထားရွိရန္ ဟိုတယ္ခန္းေပါင္း ၁၅၀၀၀ ေက်ာ္ လိုအပ္ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဂါဗင္ နယူးဆန္က ျပီးခဲ့ေသာလက ေျပာၾကားခဲ့သည္။

ယင္းေနာက္ပိုင္း နယူးဆန္က ေျပာၾကားခဲ့ရာတြင္ Motel 6 ဟိုတယ္အုပ္စုႏွင့္ သေဘာတူညီခ်က္တစ္ရပ္ ရရွိထားေၾကာင္း၊ ခရိုင္ ၁၉ ခုရွိ ေနရာေပါင္း ၄၇ ေနရာတြင္ ဟိုတယ္ခန္းေပါင္း ၅၀၂၅ ခန္း ထပ္မံရရွိလာမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဗဟိုအစိုးရက အိမ္ရာမဲ့မ်ားအေရး ကုန္က်စရိတ္၏ ၇၅ ရာခိုင္ႏႈန္းကို ေထာက္ပံ့ရန္ သေဘာတူထားသည္။

အဆိုပါစီမံကိန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ positive စစ္ေဆးေတြ႔ရွိသူမ်ား၊ ဗိုင္းရပ္ရွိသူမ်ားႏွင့္ ထိေတြ႔ခံခဲ့ရဖြယ္ရွိသူမ်ား၊ သက္ၾကီးရြယ္အို အိမ္ရာမဲ့မ်ားႏွင့္ နာတာရွည္ေရာဂါရွိကာ ကိုယ္ခံအားနည္းသူမ်ား အက်ံဳးဝင္သည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: San Francisco gives drugs, alcohol to homeless addicts in hotels during coronavirus, sparking debate (Fox News)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service