မြန်မာနိုင်ငံ၏ ပထမဆုံး အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကို iMyanmarHouse.com စတင်ကျင်းပ
မြန်မာနိုင်ငံ၏ ပထမဆုံး အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကို iMyanmarHouse.com စတင်ကျင်းပ - Property News in Myanmar from iMyanmarHouse.com
7 May 2020 11:48 am တွင် တင်ခဲ့သည်
3162 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com မှ မြန်မာနိုင်ငံ၏ ပထမဆုံး အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကို ၂၀၂၀ ခုနှစ် မေလ (၇) ရက်နေ့မှ မေလ (၂၁) ရက်နေ့အထိ (၂) ပတ်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
" အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်နေချိန် အွန်လိုင်းပေါ်ကနေ အိမ်ခြံမြေတွေ အရောင်းအဝယ် ပြုလုပ်လို့ ရအောင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com က မြန်မာ့အိမ်ခြံမြေလောက အရှိန်မပြတ်ဆက်လက် ကောင်းမွန်စေရန် စွန့်ဦးတီထွင်ပြီး လုပ်ဆောင်ပေးတာလည်းဖြစ်ပါတယ်။ စီမံကိန်းအကြောင်း ပြည့်ပြည့်စုံစုံကို အွန်လိုင်းပေါ်မှာ ကြည့်နိုင်မယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းကနေပဲ စာရင်းပေးသွင်းပြီး ဝယ်ယူနိုင်အောင်လို့ စီစဉ်ထားရှိပါတယ်။ " ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
ပထမဆုံး အွန်လိုင်း အိမ်ခြံမြေအရောင်းပြပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် Steel Stone နှင့် Chit Linn Myaing ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်သည့်  မြဝတီ မြို့သစ်စီမံကိန်း မြေကွက်များကို ရောင်းချသွားမည်ဖြစ်သည်။ အဆိုပါမြေကွက်များမှ (၅) မိနစ်ခန့် ကားမောင်းရုံဖြင့် မြဝတီမြို့မဈေးသို့ ရောက်ရှိနိုင်သည်။ လက်ရှိမြဝတီမြို့ရှိ ရပ်ကွက်ကြီး (၅) ၏အနီးတွင် ရပ်ကွက် (၆) နှင့် ရပ်ကွက် (၇) အဖြစ် ထပ်မံတိုးချဲ့ ဆောင်ရွက်နေခြင်းဖြစ်သည်။ မြေအကျယ်အဝန်း (၅၄၀) ဧက ကျော်ရှိပြီး ကိုယ်ပိုင်ဂရန်လျှောက်ထားနိုင်မည်ဖြစ်သည်။
အွန်လိုင်း အိမ်ခြံမြေအရောင်းပြပွဲအတွင်း ဝယ်ယူသူများသည် ဈေးနှုန်းအထူးသက်သာစွာ ဝယ်ယူနိုင်ခြင်း ၊ စိတ်ဝင်စားကြေး အနည်းငယ်သာ ပေးသွင်းရန်လိုအပ်ခြင်း ၊ Covid-19 ကာလပြီးဆုံးမှသာလျှင် အရောင်းအဝယ်စာချုပ်ချုပ်ရန် လိုအပ်ခြင်း ၊ အကြောင်းတစုံတရာကြောင့် မဝယ်ယူဖြစ်တော့လျှင် စိတ်ဝင်စားကြေးကို 100% ပြန်ထုတ်နိုင်ခြင်း စသည့် အထူးအခွင့်အရေးများ ရရှိမည်ဖြစ်သည်။
" ဒီအချိန်မှာ ဘဏ်အတိုးနှုန်းတွေလည်း ကျဆင်းနေတော့ ဈေးကွက်ထဲမှာ အိမ်ခြံမြေ ဝယ်လိုသူတွေပိုများလာပါမယ်။ အဓိကကတော့ အဲ့ဒီဝယ်လိုသူတွေ risk ယူစရာမလိုဘဲ ဝယ်ရဲအောင် ကျွန်တော်တို့ iMyanmarHouse.com က ဝန်ဆောင်မှုပေးတာပါ။ နောက်တစ်ခုက အခုရောင်းချပေးမဲ့ စီမံကိန်းဟာ ဒီနှစ်ဆန်းပိုင်းမှာ ပထမဆုံးအရောင်းစတင်ဖွင့်ခဲ့ချိန်က အလွန်တရာ အရောင်းသွက်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ပြပွဲ (၂) ရက်အတွင်း မြေကွက်ပေါင်း (၆၀၀) ကျော် ရောင်းချပေးနိုင်ခဲ့ပါတယ်။ အခု ဝယ်သူတွေရဲ့ တောင်းဆိုမှုနဲ့ ဒုတိယအကြိမ်ကို အွန်လိုင်းကနေ ရောင်းပေးသွားမှာ ဖြစ်ပါတယ်။ မြဝတီမြို့ပေါ်မှာ မြေကွက်ဈေးတွေ သိန်း ထောင်ဂဏာန်း၊ သောင်းဂဏာန်းဖြစ်နေချိန်မှာ ဒီမြို့သစ်စီမံကိန်းက မြေကွက်တွေကို သိန်းရာဂဏာန်းမျှသာနဲ့ ရောင်းချပေးမှာဖြစ်တဲ့အတွက် အလွန်တန်တဲ့ ဈေးနှုန်းမျိုးနဲ့ ရောင်းချပေးမှာပါ။ အခုအွန်လိုင်း အရောင်းပြပွဲမှာလည်း အရောင်းသွက်မယ်လို့ ခန့်မှန်းထားပါတယ်။" ဟု ဦးနေမင်းသူမှ ဖြည့်စွက် ပြောကြားခဲ့သည်။
အသေးစိတ် သိရှိလိုပါက
www.imyanmarhouse.com/promo/myawaddy-city တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
iMyanmarHouse.com ၏ Hot Line Number: 09 455294841~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အသေးစိတ် သိရှိလိုပါက
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
mya-nandar
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service