ကလိုရိုကွင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကုနိုင်ကြောင်း ထရမ့်ပြောသည်ကို ရုပ်သံတွင်ကြည့်လိုက်ရပြီးနောက် ငါးကန်သန့်စင်ဆေး ကလိုရိုကွင်းဖော့စ်ဖိတ် သောက်ခဲ့သောကြောင့် အမေရိကန်အင်ဂျင်နီယာ သေဆုံး
ကလိုရိုကွင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကုနိုင်ကြောင်း ထရမ့်ပြောသည်ကို ရုပ်သံတွင်ကြည့်လိုက်ရပြီးနောက် ငါးကန်သန့်စင်ဆေး ကလိုရိုကွင်းဖော့စ်ဖိတ် သောက်ခဲ့သောကြောင့် အမေရိကန်အင်ဂျင်နီယာ သေဆုံး - Property News in Myanmar from iMyanmarHouse.com
26 Apr 2020 12:25 pm တွင် တင်ခဲ့သည်
7041 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ငါးမွေးကန် သန့်စင်သည့်ဆေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လမ်းညွှန်သည့် ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်သည်ဆိုသောဆေး (ငှက်ဖျားပျောက်ဆေး) ဟု ယူဆကာ သောက်သုံးခဲ့သည့် အင်ဂျင်နီယာတစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။
ဒေါ်နယ်ထရမ့်က ငှက်ဖျားပျောက်ဆေး( Hydroxychloroquine) သည် covid-19 ကုသရာတွင် များစွာအကျိုးရှိစေနိုင်ကြောင်း လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။
ဂယ်ရီ လီနီးယပ်စ်နှင့် သူ၏ဇနီး ဝမ်ဒါတို့သည် အသက် ၆၀ ကျော်အရွယ်များဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ၊ အရီဇိုးနားပြည်နယ်တွင် နေထိုင်ကြသူများ ဖြစ်ကြသည်။
၎င်းတို့ဇနီးမောင်နှံက ငါးကန်သန့်စင်သည့် ကလိုရိုကွင်း ဖော့စ်ဖိတ် (chloroquine phosphate) ကို ထရမ့်လမ်းညွှန်သည့် ငှက်ဖျားပျောက်ဆေး (hydroxychloroquine) နှင့် ရောထွေးသွားကြခြင်းဖြစ်သည်။
ငါးကန်သန့်ဆေးကို သောက်ခဲ့ပြီးနောက် ဂယ်ရီမှာ သေဆုံးသွားပြီး ဝမ်ဒါမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
၎င်းတို့ဇနီးမောင်နှံ၏ မိတ်ဆွေများက ပြောကြားရာတွင် ဂယ်ရီသည် အလွန်ထက်မြက်သူတစ်ဦးဖြစ်ကြောင်း၊ မက္ကင်းနစ် အင်ဂျင်နီယာတစ်ဦးအဖြစ် အိုင်အိုဝါပြည်နယ်၊ John Deere မြို့တွင် ယခင်က လုပ်ကိုင်ခဲ့ကြောင်း ပြောကြားသည်။
ဂယ်ရီသည် ကြင်နာတတ်၊ ရိုးသား၊ သည်းခံ၊ ထက်မြက်၊ ကူညီတတ်၊ ပွင့်လင်း ဖော်ရွေသူတစ်ဦးဖြစ်ပြီး မြင်မြင်ချင်း လူတိုင်းနှစ်သက် ခင်မင်သွားတတ်ကြသူတစ်ဦးဖြစ်ကြောင်း ၎င်း၏မိတ်ဆွေက Washington Free Beacon သတင်းဌာနသို့ ပြောကြားသည်။
ဝမ်ဒါက ပြောကြားရာတွင် ထရမ့်၏ သတင်းစာရှင်းလင်းပွဲကို ကြည့်လိုက်ရကြောင်း၊ ဒီဆေးက ကုသရာမှာ အရမ်းကောင်းတယ်လို့ ထရမ့်က ပြောကြောင်း ပြောကြားသည်။ ထရမ့်က ပြောခဲ့သည်မှာ hydroxychloroquine ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဝမ်ဒါက ဆက်လက်ပြောကြားရာတွင် မိမိတွင် ရွှေငါးမွေးကန်ရှိသောကြောင့် ကလိုရိုကွင်း ဖော့စ်ဖိတ် (chloroquine phosphate) ရှိကြောင်း၊ အဆိုပါဆေးကို ယူကြည့်ပြီး “ဟေး…တီဗွီထဲမှာ ပြောနေကြတာ ဒီဆေးမဟုတ်လား” လို့ ပြောခဲ့ကြောင်း၊ ယင်းနောက် အဆိုပါဆေးကို ဆိုဒါနှင့် ရောစပ်ကာ လဘက်ရည်ဇွန်းတစ်ဇွန်းစီ သောက်ခဲ့ကြကြောင်း ပြောကြားသည်။
“သမ္မတနဲ့ သူ့လူတွေပြောသမျှ အရာရာကို မယုံပါနဲ့။ သတိထားပါ။ ဆရာဝန်ကိုပဲ ခေါ်ပါ” ဟုလည်း ဝမ်ဒါက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်အတွက် အတည်ပြုပြီးသည့် ကုသဆေး (သို့မဟုတ်) ကာကွယ်ဆေး မရှိသေးချေ။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Man who died ingesting fish tank cleaner thinking it was malaria drug championed by Trump to beat coronavirus is remembered as a 'level-headed and intelligent' engineer (Dailymail)
 [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service