အစ္စရေးနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်လူနာခန်းများကို ပိုးမွှားသန့်စင်ပေးရန် စီစဉ်နေ
အစ္စရေးနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်လူနာခန်းများကို ပိုးမွှားသန့်စင်ပေးရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
25 Apr 2020 12:32 pm တွင် တင်ခဲ့သည်
1326 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အစ္စရေးနိုင်ငံရှိ Mayanei Hayeshua Medical Center တွင် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ထားရှိသောအခန်းများ၌ ဗိုင်းရပ်စ်ကို ချေမှုန်းရန် နည်းပညာသစ်တစ်ခု တပ်ဆင်နေသည်။
ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်များနှင့် ပြင်ပလူနာဌာနတို့လည်း ပါဝင်သည်။
အဆိုပါနည်းပညာသစ်ကား ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုခြင်းဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ကို တိကျသော လှိုင်းအလျားတစ်ခုဖြင့် ပေးပါက ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သည့်အပြင် လူကိုလည်း ကင်ဆာမဖြစ်စေကြောင်း၊ အဆုပ်ရောဂါပြဿနာများရှိနေသည့် လူနာများ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် နီးစပ်ထိတွေ့ကာ အသုံးပြုခြင်းဖြင့်လည်း အန္တရာယ်မရှိကြောင်း သိရသည်။
အစ္စရေးစီးပွားရေးလုပ်ငန်းရှင် Eldad Peri နှင့် ဒေါက်တာ ဘောရစ် အော်ကင် (Dr. Boris Orkin) ဦးဆောင်သော ဆေးပညာအဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့သည့် သုတေသနနှင့်ဖွံ့ဖြိုးမှုစီမံကိန်းဖြင့် ယခုနည်းစနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရူပဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့ကလည်း အကူအညီပေးခဲ့ရာ လိုအပ်သော လှိုင်းအလျားတွက်ချက်မှု အပါအဝင် လုပ်ဆောင်ပုံနည်းစနစ် (Algorithm) များ ရေးသားပေးခဲ့သည်။
တီထွင်သူတို့၏ ပြောကြားချက်အရ အဆိုပါစနစ်သည် အခန်းတစ်ခန်းအတွင်းရှိ ကိုရိုနာဗိုင်းရပ်စ်ကို လူနာတစ်ဦးတစ်ယောက်ကိုမျှ ဘေးမရှိစေဘဲ နာရီဝက်အတွင်း ချေမှုန်းဖျက်ဆီးနိုင်ကြောင်း ပြောကြားသည်။
“ ခွဲစိတ်ခန်းတွေကို သန့်စင် ပိုးသတ်ဖို့အတွက် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုခဲ့တာဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အစ္စရေးနိုင်ငံရော ကမ္ဘာတစ်ဝန်းမှာပါ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ အမေရိကန်ကျန်းမာရေးဌာန အကြီးအကဲတွေက သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ တချို့သော ရောင်ခြည်တွေဟာ အလွန်အန္တရာယ်ကြီးမားတဲ့ အိုဇုန်းမော်လီကျူးတွေ ထုတ်လုပ်တယ်လို့ သတိပေးထားပါတယ်” ဟု ဒေါက်တာ ဘောရစ် အော်ကင်က ပြောကြားသည်။
“ဒီအချက်ကြောင့် သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ခရမ်းလွန်ရောင်ခြည်ကို အသုံးမပြုကြပါဘူး။ လူနာကို အန္တရာယ်ဖြစ်မှာ စိုးရိမ်တာကြောင့်လည်း ဖြစ်ပါတယ်” ဒေါက်တာ အော်ကင်က ပြောကြားရာတွင် ၎င်းတို့အဖွဲ့၏ သုတေသနပြုချက်အရ ခရမ်းလွန်ရောင်ခြည်ကို တိကျသော လှိုင်းအလျား တစ်ခုဖြင့် အသုံးပြုခြင်းသည် အိုဇုန်းကို မထုတ်လုပ်ကြောင်း၊ အဆောက်အအုံများနှင့် အခန်းများ သန့်စင်စေရာတွင်မူ ထိရောက်ကြောင်း၊ ထို့ကြောင့် ဗိုင်းရပ်စ်ကုသရာတွင် အလွန်သင့်လျော်ကောင်းမွန်ကြောင်း ပြောကြားသည်။
လှိုင်းအလျား အတိအကျဖြင့် အသုံးပြုခြင်းဖြင့် အရေပြားနှင့် မျက်လုံးများအတွက် အန္တရာယ်ရှိစေသော ဓာတ်ရောင်ခြည်လည်း မဖြစ်ပေါ်စေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
Mayanei Hayashua Medical Center ၏ အကြီးအကဲ ပါမောက္ခ Moti Ravid က ပြောကြားရာတွင် ယခုစနစ်တွင် မီးလုံးတစ်မျိုးကို အသုံးပြုပြီး လေထဲအတွင်းသို့ အိုဇုန်းမထုတ်လွှတ်သော လှိုင်းအလျားဖြင့် ရောင်ခြည်ကို ထုတ်လွှတ်စေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆုပ်ရောဂါလူနာများ၏ အခန်းထဲတွင် အသုံးပြုရန် ဘေးကင်းလုံခြုံမှုရှိကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: In first, system to destroy COVID-19 used in Israeli hospital rooms (Jerusalem Post)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service