နိုင်ငံခြားသားကို တိုက်ခန်း၊ မြေ စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း၊ မြေ စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Apr 2020 10:41 am တွင် တင်ခဲ့သည်
1308 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ပုဒ်မ- ၅ အရ မည်သူမဆို မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပိုင်ကုမ္ပဏီအား ငှားရမ်းခြင်းမပြုရ ဟု ပြဌာန်းထားပါသည်။ ထို့အတွက်ကြောင့် နိုင်ငံခြားကို မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့် တိုက်ခန်း၊ မြေ စသည်တို့ကို ငှားရမ်းမည်ဆိုလျှင် တစ်ကြိမ်လျှင် တစ်နှစ်စာချုပ်ဖြင့်သာ ငှားရမ်းခွင့်ရှိမည်ဖြစ်သည်။ အကယ်၍ မလိုက်နာဘဲ နှစ်ရှည်ငှားရမ်းခဲ့ပါက ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ပုဒ်မ- ၁၂အရ အောက်ပါအတိုင်းအရေးယူခြင်းခံရမည်ဖြစ်သည်။

ပုဒ်မ- ၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ခြားစီရင်ခြင်းခံရလျှင် အငှားချထား သည့်ကာလအတွက် သဘောတူထားသည့် ငှားရမ်းခ၏ သုံးဆထက်အနည်းသော ငွေဒဏ်ချမှတ်ခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည် ဟု ပြဌာန်းထားပါသည်။

နိုင်ငံခြားသားကို မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းမည်ဆိုလျှင် ရှေးဦးစွာ နိုင်ငံခြားသား၏ ပါစ်ပို့စ် (Passport) ကို စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။ Social Visa ဟုခေါ်သည့် မိမိတို့နိုင်ငံသူ/နိုင်ငံသားနှင့် အိမ်ထောင်ကျပြီး လာရောက်နေထိုင်ခြင်းလား၊ Business Visa ဟုခေါ်သည့် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ဖြင့် လာရောက်ခြင်းလား၊ Visit Visa ဟုခေါ်သည့် အလည်အပတ်ခွင့်ပြုချက်ဖြင့် လာရောက်ခြင်းလား စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။ Visit Visa ဖြင့် လာရောက်သည့် နိုင်ငံခြားသားအား မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခွင့်မရှိပါ။ အကယ်၍ ငှားရမ်းခဲ့ပါက အိမ်ရှင်သည် ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။

ထိုသို့ ငှားရမ်းပြီးသည့်အခါတွင်လည်း ငှားရမ်းသူနိုင်ငံခြားသားသည် လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို သတင်းပို့အကြောင်းကြားရမည်ဖြစ်သည်။

အထက်ပါ ဥပဒေပြဌာန်းချက်များနှင့်အညီ ဗီဇာ (Visa) စစ်ဆေးပြီး သတ်မှတ်ချက်အတိုင်းငှားရမ်းခြင်း၊ ငှားရမ်းကာလကို တစ်နှစ်ထက်မပိုဘဲငှားရမ်းခြင်းဖြင့် နိုင်ငံခြားသားကို ဥပဒေနှင့်အညီ တရားဝင်ငှားရမ်း နိုင်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ႏိုင္ငံျခားသားကို တုိက္ခန္း၊ ေျမ စသည့္ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္း ငွားရမ္းျခင္းကို တရား၀င္ ျဖစ္ေအာင္ ေဆာင္ရြက္ျခင္း

၁၉၈၇ ခုႏွွစ္၊ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္း လႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒ ပုဒ္မ- ၅ အရ မည္္သူမဆို မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို တစ္ႀကိမ္လွ်င္ တစ္ႏွစ္ထက္ပို၍ ႏိုင္ငံျခားသား (သို႔မဟုတ္) ႏိုင္ငံျခားသားပိုင္ကုမၸဏီအား ငွားရမ္းျခင္းမျပဳရ ဟု ျပဌာန္းထားပါသည္။ ထုိ႔အတြက္ေၾကာင့္ ႏိုင္ငံျခားကို မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းျဖစ္သည့္ တုိက္ခန္း၊ ေျမ စသည္တို႔ကို ငွားရမ္းမည္ဆိုလွ်င္ တစ္ႀကိမ္လွ်င္ တစ္ႏွစ္စာခ်ဳပ္ျဖင့္သာ ငွားရမ္းခြင့္ရွိမည္ျဖစ္သည္။ အကယ္၍ မလိုက္နာဘဲ ႏွစ္ရွည္ငွားရမ္းခဲ့ပါက ၁၉၈၇ခုႏွွစ္၊ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္း လႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒ ပုဒ္မ- ၁၂အရ ေအာက္ပါအတိုင္းအေရးယူျခင္းခံရမည္ျဖစ္သည္။

ပုဒ္မ- ၅ ပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ျခားစီရင္ျခင္းခံရလွ်င္ အငွားခ်ထား သည့္ကာလအတြက္ သေဘာတူထားသည့္ ငွားရမ္းခ၏ သံုးဆထက္အနည္းေသာ ေငြဒဏ္ခ်မွတ္ခံရမည့္အျပင္ ျပစ္မႈႏွင့္ အက်ံဳး၀င္သည့္ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းကိုလည္း ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းခံရမည္ ဟုု ျပဌာန္းထားပါသည္။

ႏိုင္ငံျခားသားကို မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္း ငွားရမ္းမည္ဆိုလွ်င္ ေရွးဦးစြာ ႏိုင္ငံျခားသား၏ ပါစ္ပို႔စ္ (Passport) ကို စစ္ေဆးရန္ လိုအပ္မည္ျဖစ္သည္။ Social Visa ဟုေခၚသည့္ မိမိတို႔ႏိုင္ငံသူ/ႏိုင္ငံသားႏွင့္ အိမ္ေထာင္က်ၿပီး လာေရာက္ေနထိုင္ျခင္းလား၊ Business Visa ဟုေခၚသည့္ အလုပ္လုပ္ကိုင္ရန္ ခြင့္ျပဳခ်က္ျဖင့္ လာေရာက္ျခင္းလား၊ Visit Visa ဟုေခၚသည့္ အလည္အပတ္ခြင့္ျပဳခ်က္ျဖင့္ လာေရာက္ျခင္းလား စစ္ေဆးရန္ လိုအပ္မည္ျဖစ္သည္။ Visit Visa ျဖင့္ လာေရာက္သည့္ ႏိုင္ငံျခားသားအား မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္း ငွားရမ္းခြင့္မရွိပါ။ အကယ္၍ ငွားရမ္းခဲ့ပါက အိမ္ရွင္သည္ ဥပေဒအရ အေရးယူခံရမည္္ျဖစ္သည္။

ထိုိသုိ႔ ငွားရမ္းၿပီးသည့္အခါတြင္လည္း ငွားရမ္းသူႏိုင္ငံျခားသားသည္ လူ၀န္မႈႀကီးၾကပ္ေရးဦးစီးဌာနႏွင့္ သက္ဆိုင္ရာအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔ကို သတင္းပို႔အေၾကာင္းၾကားရမည္ျဖစ္သည္။

အထက္ပါ ဥပေဒျပဌာန္းခ်က္မ်ားႏွင့္အညီ ဗီဇာ (Visa) စစ္ေဆးၿပီး သတ္မွတ္ခ်က္အတိုင္းငွားရမ္းျခင္း၊ ငွားရမ္းကာလကို တစ္ႏွစ္ထက္မပိုဘဲငွားရမ္းျခင္းျဖင့္ ႏိုင္ငံျခားသားကို ဥပေဒႏွင့္အညီ တရား၀င္ငွားရမ္း ႏိုင္မည္ျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service