COVID-19 ကို သူတို့စုံတွဲရင်ဆိုင်ခဲ့ရပုံအကြောင်း တွမ်ဟင့်စ်ပြောပြ

COVID-19 ကို သူတို့စုံတွဲရင်ဆိုင်ခဲ့ရပုံအကြောင်း တွမ်ဟင့်စ်ပြောပြ - Property News in Myanmar from iMyanmarHouse.com
21 Apr 2020 11:41 am တွင် တင်ခဲ့သည်
629 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တွမ်ဟန့်စ်နှင့် ရီတာဝီလ်ဆင်တို့သည် ပြီးခဲ့သည့်လက COVID-19 ကူးစက်ခံခဲ့ရသည့် ပထမဆုံးကမ္ဘာကျော်အနုပညာရှင်စုံတွဲဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းကို အံ့အားသင့်စေခဲ့ပြီးဖြစ်သည်။

ယခုအခါ သူတို့စုံတွဲ အဆိုပါဗိုင်းရပ်စ်ကို ရင်ဆိုင်ခဲ့ရပုံနှင့်ပတ်သက်ပြီး တွမ်ဟန့်စ်က ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက် ၆၃ နှစ်ရှိ ဟန့်စ်က သူသည် သြစတြေးလျရှိ ‌ဆေးရုံတစ်ခု၏ လေဖိအားအထူးစီမံထားသော အခန်းတစ်ခုအတွင်း သီးသန့်ထားရှိခံထားရစဉ်အတွင်း ခန္ဓာကိုယ်ကိုက်ခဲမှုအချို့နှင့် အလွန်မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားခဲ့ရကြောင်း ဧပြီ ၁၉ က National Defense Radio Show နှင့် အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့သည်။

သက်တူရွယ်တူဖြစ်ကာ သူနှင့် အိမ်ထောင်သက် ၃၂ နှစ်ရှိပြီဖြစ်သော ဇနီးဖြစ်သူ ဝီလ်ဆင်ကမူ ပိုမိုပြင်းထန်သောရောဂါလက္ခဏာများ ခံစားခဲ့ရသည်ဟု သူက ဆိုသည်။

“ရီတာက ကျွန်တော့်ထက် ပိုခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရတယ်။ အဖျားတော်တော်ကြီးခဲ့ပြီး တခြားရောဂါလက္ခဏာတချို့လည်း ခံစားခဲ့ရတယ်။ ခံတွင်းပျက်ပြီး အနံ့လည်း မခံနိုင်ခဲ့ဘူး။ သူပြန်သက်သာလာတဲ့သုံးပတ်လုံးလုံးမှာလည်း အစားစာချင်စိတ် လုံးဝကိုမရှိခဲ့တာ။” ဟု ဟန့်စ်က ပြောပြခဲ့သည်။

သူမအား အဖျားကျစေရန်ပေးသော ငှက်ဖျားကုဆေး hydroxychloroquine ၏ ဘေးထွက်ဆိုးကျိုးများနှင့် သူမ၏အခြေအနေတို့က သူမအား ပျို့အန်ချင်စိတ်များ ပြင်းပြင်းထန်ထန်ခံစားရစေကာ အလွန်အမင်းမအီမသာဖြစ်စေခဲ့သည်ဟုလည်း ဟန့်စ်က ပြောပြခဲ့သည်။

“တစ်ခါတုန်းကဆို သူ အခန်းထဲမှာ တစ်နေရာကနေ တစ်နေရာကို သွားဖို့ကို ကြမ်းမှာ တွားသွားခဲ့ရလောက်တဲ့အထိကို မအီမသာဖြစ်ခဲ့ရတာပါ” ဟု ဟန့်စ်က ဆိုခဲ့သည်။

ဟန့်စ်က ဆေးရုံတွင်နေခဲ့ရစဉ် အိပ်ထမတင်ကဲ့သို့သော ကြမ်ပြင်ပေါ်အလွယ်တကူကိရိယာလွတ်ပြုလုပ်နိုင်သည့် ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်နိုင်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။

၁၂ မိနစ်ခြားတိုင်း လက်ဆေးခြင်း ပိုးသတ်ခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သူက ဆိုသည်။

သူတို့စုံတွဲသည် သူ၏ ရုပ်ရှင်ရိုက်ကူးမှုအတွက် သြစတြေးလျသို့ သွားရောက်စဉ် ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ကာ မည်သို့ကူးစက်ခံခဲ့ရသည်ကိုမူ မသိကြောင်း ဟန့်စ်က ပြောကြားခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် ဆေးရုံတွင် သီးခြားထားရှိကုသစောင့်ကြည့်ခံခဲ့ရခြင်းဖြစ်သည်။

ဆေးရုံတွင် သီတင်းပတ်နှစ်ပတ်ကြာပြီးနောက် သူတို့သည် လော့စ်အိန်ဂျလစ်ရှိ နေအိမ်သို့ ပြန်ခွင့်ရခဲ့ကြောင်း သိရသည်။

ဟန့်စ်သည် အိမ်ပြန်ရောက်ပြီးနောက် ပထမဆုံးအဖြစ် ပြီးခဲ့သည့်သီတင်းပတ်က Saturday Night Live အစီအစဉ်ကို သူ၏ မီးဖိုချောင်မှနေ၍ ပထမဆုံးအစီအစဉ်တင်ဆက်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tom Hanks details his and wife Rita Wilson's coronavirus battle in Australian isolation (USATODAY)

[Zawgyi]

COVID-19 ကို သူတို႔စုံတြဲရင္ဆိုင္ခဲ့ရပုံအေၾကာင္း တြမ္ဟင့္စ္ေျပာျပ

တြမ္ဟန႔္စ္ႏွင့္ ရီတာဝီလ္ဆင္တို႔သည္ ၿပီးခဲ့သည့္လက COVID-19 ကူးစက္ခံခဲ့ရသည့္ ပထမဆုံးကမာၻေက်ာ္အႏုပညာရွင္စုံတြဲျဖစ္ခဲ့ၿပီး ကမာၻတစ္ဝန္းကို အံ့အားသင့္ေစခဲ့ၿပီးျဖစ္သည္။

ယခုအခါ သူတို႔စုံတြဲ အဆိုပါဗိုင္းရပ္စ္ကို ရင္ဆိုင္ခဲ့ရပုံႏွင့္ပတ္သက္ၿပီး တြမ္ဟန႔္စ္က ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

အသက္ ၆၃ ႏွစ္ရွိ ဟန႔္စ္က သူသည္ ၾသစေၾတးလ်ရွိ ‌ေဆး႐ုံတစ္ခု၏ ေလဖိအားအထူးစီမံထားေသာ အခန္းတစ္ခုအတြင္း သီးသန႔္ထားရွိခံထားရစဥ္အတြင္း ခႏၶာကိုယ္ကိုက္ခဲမႈအခ်ိဳ႕ႏွင့္ အလြန္ေမာပန္းႏြမ္းနယ္ျခင္းတို႔ကို ခံစားခဲ့ရေၾကာင္း ဧၿပီ ၁၉ က National Defense Radio Show ႏွင့္ အင္တာဗ်ဴးတစ္ခုအတြင္း ေျပာၾကားခဲ့သည္။

သက္တူ႐ြယ္တူျဖစ္ကာ သူႏွင့္ အိမ္ေထာင္သက္ ၃၂ ႏွစ္ရွိၿပီျဖစ္ေသာ ဇနီးျဖစ္သူ ဝီလ္ဆင္ကမူ ပိုမိုျပင္းထန္ေသာေရာဂါလကၡဏာမ်ား ခံစားခဲ့ရသည္ဟု သူက ဆိုသည္။

“ရီတာက ကြၽန္ေတာ့္ထက္ ပိုခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ခဲ့ရတယ္။ အဖ်ားေတာ္ေတာ္ႀကီးခဲ့ၿပီး တျခားေရာဂါလကၡဏာတခ်ိဳ႕လည္း ခံစားခဲ့ရတယ္။ ခံတြင္းပ်က္ၿပီး အနံ႔လည္း မခံႏိုင္ခဲ့ဘူး။ သူျပန္သက္သာလာတဲ့သုံးပတ္လုံးလုံးမွာလည္း အစားစာခ်င္စိတ္ လုံးဝကိုမရွိခဲ့တာ။” ဟု ဟန႔္စ္က ေျပာျပခဲ့သည္။

သူမအား အဖ်ားက်ေစရန္ေပးေသာ ငွက္ဖ်ားကုေဆး hydroxychloroquine ၏ ေဘးထြက္ဆိုးက်ိဳးမ်ားႏွင့္ သူမ၏အေျခအေနတို႔က သူမအား ပ်ိဳ႕အန္ခ်င္စိတ္မ်ား ျပင္းျပင္းထန္ထန္ခံစားရေစကာ အလြန္အမင္းမအီမသာျဖစ္ေစခဲ့သည္ဟုလည္း ဟန႔္စ္က ေျပာျပခဲ့သည္။

“တစ္ခါတုန္းကဆို သူ အခန္းထဲမွာ တစ္ေနရာကေန တစ္ေနရာကို သြားဖို႔ကို ၾကမ္းမွာ တြားသြားခဲ့ရေလာက္တဲ့အထိကို မအီမသာျဖစ္ခဲ့ရတာပါ” ဟု ဟန႔္စ္က ဆိုခဲ့သည္။

ဟန႔္စ္က ေဆး႐ုံတြင္ေနခဲ့ရစဥ္ အိပ္ထမတင္ကဲ့သို႔ေသာ ၾကမ္ျပင္ေပၚအလြယ္တကူကိရိယာလြတ္ျပဳလုပ္ႏိုင္သည့္ ကိုယ္လက္ေလ့က်င့္ခန္းမ်ားကို ပုံမွန္ျပဳလုပ္ႏိုင္ရန္ ႀကိဳးစားခဲ့ေၾကာင္း သိရသည္။

၁၂ မိနစ္ျခားတိုင္း လက္ေဆးျခင္း ပိုးသတ္ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္းလည္း သူက ဆိုသည္။

သူတို႔စုံတြဲသည္ သူ၏ ႐ုပ္ရွင္႐ိုက္ကူးမႈအတြက္ ၾသစေၾတးလ်သို႔ သြားေရာက္စဥ္ ေရာဂါကူးစက္ခံခဲ့ရျခင္းျဖစ္ကာ မည္သို႔ကူးစက္ခံခဲ့ရသည္ကိုမူ မသိေၾကာင္း ဟန႔္စ္က ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ သူတို႔ႏွစ္ဦးသည္ ေဆး႐ုံတြင္ သီးျခားထားရွိကုသေစာင့္ၾကည့္ခံခဲ့ရျခင္းျဖစ္သည္။

ေဆး႐ုံတြင္ သီတင္းပတ္ႏွစ္ပတ္ၾကာၿပီးေနာက္ သူတို႔သည္ ေလာ့စ္အိန္ဂ်လစ္ရွိ ေနအိမ္သို႔ ျပန္ခြင့္ရခဲ့ေၾကာင္း သိရသည္။

ဟန႔္စ္သည္ အိမ္ျပန္ေရာက္ၿပီးေနာက္ ပထမဆုံးအျဖစ္ ၿပီးခဲ့သည့္သီတင္းပတ္က Saturday Night Live အစီအစဥ္ကို သူ၏ မီးဖိုေခ်ာင္မွေန၍ ပထမဆုံးအစီအစဥ္တင္ဆက္ခဲ့ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tom Hanks details his and wife Rita Wilson's coronavirus battle in Australian isolation (USATODAY)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service