တွစ်တာ၏ အမှုဆောင်အရာရှိချုပ် ဂျက်ခ် ဒေါ်ဆေးက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအပါအဝင် ပရဟိတလုပ်ငန်းများအတွက် ပိုင်ဆိုင်မှုအရပ်ရပ်၏ ၄ ပုံ ၁ ပုံကျော် လှူဒါန်း
တွစ်တာ၏ အမှုဆောင်အရာရှိချုပ် ဂျက်ခ် ဒေါ်ဆေးက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအပါအဝင် ပရဟိတလုပ်ငန်းများအတွက် ပိုင်ဆိုင်မှုအရပ်ရပ်၏ ၄ ပုံ ၁ ပုံကျော် လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
8 Apr 2020 12:16 pm တွင် တင်ခဲ့သည်
726 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တွစ်တာ၏ ပူးတွဲတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ဂျက်ခ် ဒေါ်ဆေးက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် သူ၏ ကြွယ်ဝမှုမှ ၄ ပုံ ၁ ပုံကို ပရဟိတအတွက် လှူဒါန်းမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းသော ကိစ္စရပ်များအတွက် ဦးတည်မည် ဖြစ်ကြောင်း ပြောကြားသည်ဟု CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဂျက်ခ်ဒေါ်ဆေးက ၎င်းပူးတွဲတည်ထောင်ထားသည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုကုမ္ပဏီဖြစ်သော Square (SQ) မှ ရှယ်ယာ ကန်ဒေါ်လာ ၁ ဘီလီယံကို Start Small အမည်ရှိ ကုမ္ပဏီထံ လွှဲပြောင်းပေးလိုက်ကြောင်း သူ၏တွစ်တာအကောင့်တွင် ဖော်ပြသည်။
ဒေါ်ဆေးက ပြောကြားရာတွင် အဆိုပါပမာဏသည် သူ၏ကြွယ်ဝမှုမှ ၂၈ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း ပြောကြားသည်။
Start Small က ဂျက်ခ်ဒေါ်ဆေး၏ လွှဲအပ်မှုများကို လှူဒါန်းပေးသွားမည်ဖြစ်ပြီး ပထမဆုံးအနေဖြင့် ဒေါ်လာ ၁၀၀၀၀၀ ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ရသူများအတွက် အစားအစာများထောက်ပံ့နေသည့် America's Food Fund သို့ လှူဒါန်းမည် ဖြစ်သည်။
ဂျက်ခ်ဒေါ်ဆေးက သူ၏လှူဒါန်းခဲ့မှုကို Google Doc တစ်ခုလွှင့်တင်ပြီး ထုတ်ပြန်ထားရာ… ရှယ်ယာများ၏ စုစုပေါင်းတန်ဖိုး- ကန်ဒေါ်လာ ၉၉၇၈၁၈၃၅၄ လက်ရှိ ရှယ်ယာတစ်စုဈေးနှုန်း- ၅၀ ဒသမ ၃၁ ဒေါ်လာ လှူဒါန်းခဲ့သည့်ရှယ်ယာပမာဏ- ၁၉၈၃၃၄၀၀ ဖြစ်ကြောင်း ဖော်ပြထားသည်။
လှူဒါန်းလိုက်သော ကန်ဒေါ်လာ ၁ ဘီလီယံအနက် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မည်မျှလှူဒါန်းထားသည်ကိုမူ ဒေါ်ဆေးက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။
“ဒီကပ်ဘေးကြီးကို ကျော်လွှားပြီးသွားရင် မိန်းကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး၊ ပြီးတော့ UBI တို့အပေါ်မှာ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်ဆေးက ဆိုသည်။ UBI ဟူသည်မှာ universal basic income ကို ရည်ညွှန်းခြင်းဖြစ်ပြီး ဒေသတစ်ခုတွင် လူတို့၏ ဝင်ငွေအပေါ် အခြေမခံဘဲ ငွေသားဖြန့်ဝေပေးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
“ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ဒါက အကောင်းဆုံးရေရှည်အဖြေတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဒေါ်ဆေးက ဆိုသည်။
နည်းပညာနယ်မှ အခြားသော သူဌေးကြီးများ၏ လှူဒါန်းမှုများ ပေါ်ပေါက်ပြီးနောက် ဒေါ်ဆေးက ယခုကဲ့သို့လှူဒါန်းမှုများ ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၂ ဦးဖြစ်သော Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်နှင့် မိုက္ကရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်တို့က ကိုရိုနာဗိုင်းရပ်စ်အရေးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ အသီးသီးလှူဒါန်းခဲ့ကြသည်။
နည်းပညာလောက၏ အခြားသော ထိပ်သီးကုမ္ပဏီကြီးအချို့သည်လည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်ကြသည်။
ပြီးခဲ့သောလအတွင်း Google က စီးပွားရေးလုပ်ငန်းငယ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများအတွက် ကန်ဒေါ်လာ သန်း ၈၀၀ လှူဒါန်းခဲ့သည်။
Facebook၊ Apple , SoftBank နှင့် Alibaba တို့ကလည်း လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jack Dorsey sets aside $1 billion for charity. His initial focus: coronavirus relief efforts (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service