နယူးယောက်တွင် လွှတ်တော်အမတ်များနှင့် အိမ်ငှားများက ကိုရိုနာဗိုင်းရပ်စ်၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရသည့် အိမ်ငှားများကို အိမ်ငှားခ ဆိုင်းငံ့ပေးထားရန် တောင်းဆို

နယူးယောက်တွင် လွှတ်တော်အမတ်များနှင့် အိမ်ငှားများက ကိုရိုနာဗိုင်းရပ်စ်၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရသည့် အိမ်ငှားများကို အိမ်ငှားခ ဆိုင်းငံ့ပေးထားရန် တောင်းဆို - Property News in Myanmar from iMyanmarHouse.com
25 Mar 2020 11:50 am တွင် တင်ခဲ့သည်
921 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အမေရိကတွင် အိမ်ငှားများကို နေအိမ်မှ မောင်းထုတ်ခြင်းကို ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ဥပဒေအဖြစ် ပြဌာန်းကာ တားမြစ်လိုက်ပြီ။ အိမ်ခြံမြေချေးငွေများ ပြန်လည်ပေးဆပ်ရခြင်းကိုလည်း ဆိုင်းငံ့ပေးလိုက်ပြီ။အိမ်ငှားခများနှင့် ပတ်သက်၍ မည်သို့ရှိသနည်း။

နယူးယောက်မှ အိမ်ငှားများ၊ ရွေးကောက်ခံ အမတ်များနှင့် အိမ်ငှားများ၏အကျိုးဆောင်အုပ်စုများသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ကြောင့် ဘဏ္ဍာရေးထိခိုက်နေရသော အလုပ်သမားများနှင့် လုပ်ငန်းများကို ကုစားပေးနိုင်ရန်အတွက် အိမ်ငှားခ ယာယီ ရပ်ဆိုင်းပေးထားရန် တောင်းဆိုလျက်ရှိကြသည်။

နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် မိုက်ကယ် ဂျားနာရစ်သည် အိမ်ငှားနေထိုင်သည့် မိသားစုများနှင့် စီးပွားရေးလုပ်ငန်းငယ်များအတွက် အိမ်ငှားခ ရက် ၉၀ ဆိုင်းငံ့ပေးထားစေမည့် ဥပဒေကို တင်သွင်းရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

“ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူး ကောက်မိုရဲ့ အုပ်ချုပ်မှုအောက်မှာ နယူးယောက်ဟာ ဒီအကျပ်အတည်းကို အကောင်းဆုံး စီမံကွပ်ကဲနေပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ဆုံးရှုံးရမှုတွေဟာ အတိုင်းအတာကျယ်ပြန့်နိုင်သလို တာရှည်လည်း ဖြစ်နိုင်ပါတယ်” ဟု မိုက်ကယ် ဂျားနာရစ်က ပြောကြားသည်။

“ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ကြတဲ့ လုပ်ဆောင်မှုတွေရဲ့ လျင်မြန်စွာ ပြောင်းလဲနေတဲ့ အကျိုးဆက်တွေရဲ့အပေါ်မှာ တာဝန်ယူဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ပြည်နယ်ထဲက သန်းပေါင်းများစွာသော အိမ်ငှားတွေကို ပစ်ပယ်ထားလို့ မရပါဘူး။ အရင်က မကြုံခဲ့ဖူးတဲ့ ဒီလိုခက်ခဲတဲ့ ကာလမျိုးမှာ နယူးယောက်သားတွေ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အိမ်ငှားခတွေ ဆိုင်းငံ့ပေးရေးဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်”

မိုက်ကယ် ဂျားနာရစ် တင်ပြမည့် ဥပဒေအရ လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ငှားရမ်းနေထိုင်သူများသည် ဗိုင်းရပ်စ်ရောဂါကပ် ကြောင့် အလုပ်အကိုင်ဆုံးရှုံးခြင်း (သို့မဟုတ်) ပိတ်သိမ်းလိုက်ရခြင်းများ ကြုံတွေ့ပါက ရက်ပေါင်း ၉၀ အိမ်ငှားခဆိုင်းငံ့ထားခွင့် ရရှိမည့် ဥပဒေ ဖြစ်သည်။

အိမ်ငှားများက အိမ်ငှားခ မပေးနိုင်ပါက အဆောက်အအုံငယ်များ၏ ပိုင်ရှင်များကို အစိုးရက ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးသွားရန်လည်း ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် နယူးယောက်ပြည်နယ်တစ်ဝန်းရှိ မရှိမဖြစ် မလိုအပ်သော စီးပွားရေးလုပ်ငန်းအားလုံး ပိတ်သိမ်းရန် အုပ်ချုပ်ရေးမှူး အင်ဒရူး ကောက်မိုက အမိန့်ထုတ်လိုက်ပြီးနောက် မိုက်ကယ် ဂျားနာရစ်၏ တင်ပြချက် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

နယူးေယာက္တြင္ လႊတ္ေတာ္အမတ္မ်ားႏွင့္ အိမ္ငွားမ်ားက ကိုရိုနာဗိုင္းရပ္စ္၏ ေနာက္ဆက္တြဲဆိုးက်ဳိးမ်ား ခံစားေနရသည့္ အိမ္ငွားမ်ားကို အိမ္ငွားခ ဆိုင္းငံ့ေပးထားရန္ ေတာင္းဆို

အေမရိကတြင္ အိမ္ငွားမ်ားကို ေနအိမ္မွ ေမာင္းထုတ္ျခင္းကို ကိုရိုနာဗိုင္းရပ္စ္ အေရးေပၚဥပေဒအျဖစ္ ျပဌာန္းကာ တားျမစ္လိုက္ျပီ။ အိမ္ျခံေျမေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရျခင္းကိုလည္း ဆိုင္းငံ့ေပးလိုက္ျပီ။အိမ္ငွားခမ်ားႏွင့္ ပတ္သက္၍ မည္သို႔ရွိသနည္း။

နယူးေယာက္မွ အိမ္ငွားမ်ား၊ ေရြးေကာက္ခံ အမတ္မ်ားႏွင့္ အိမ္ငွားမ်ား၏အက်ဳိးေဆာင္အုပ္စုမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈ ေၾကာင့္ ဘ႑ာေရးထိခိုက္ေနရေသာ အလုပ္သမားမ်ားႏွင့္ လုပ္ငန္းမ်ားကို ကုစားေပးႏိုင္ရန္အတြက္ အိမ္ငွားခ ယာယီ ရပ္ဆိုင္းေပးထားရန္ ေတာင္းဆိုလ်က္ရွိၾကသည္။

နယူးေယာက္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ မိုက္ကယ္ ဂ်ားနာရစ္သည္ အိမ္ငွားေနထိုင္သည့္ မိသားစုမ်ားႏွင့္ စီးပြားေရးလုပ္ငန္းငယ္မ်ားအတြက္ အိမ္ငွားခ ရက္ ၉၀ ဆိုင္းငံ့ေပးထားေစမည့္ ဥပေဒကို တင္သြင္းရန္ စီစဥ္လ်က္ရွိသည္ဟု ဆိုသည္။

“ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး အင္ဒရူး ေကာက္မိုရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ နယူးေယာက္ဟာ ဒီအက်ပ္အတည္းကို အေကာင္းဆံုး စီမံကြပ္ကဲေနပါတယ္။ ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ဆံုးရံႈးရမႈေတြဟာ အတိုင္းအတာက်ယ္ျပန္႔ႏိုင္သလို တာရွည္လည္း ျဖစ္ႏိုင္ပါတယ္” ဟု မိုက္ကယ္ ဂ်ားနာရစ္က ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ဟာ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ၾကိဳးပမ္းခဲ့ၾကတဲ့ လုပ္ေဆာင္မႈေတြရဲ႕ လ်င္ျမန္စြာ ေျပာင္းလဲေနတဲ့ အက်ဳိးဆက္ေတြရဲ႕အေပၚမွာ တာဝန္ယူေျဖရွင္းၾကရမွာ ျဖစ္ပါတယ္။ ျပည္နယ္ထဲက သန္းေပါင္းမ်ားစြာေသာ အိမ္ငွားေတြကို ပစ္ပယ္ထားလို႔ မရပါဘူး။ အရင္က မၾကံဳခဲ့ဖူးတဲ့ ဒီလိုခက္ခဲတဲ့ ကာလမ်ဳိးမွာ နယူးေယာက္သားေတြ ဆက္လက္ရပ္တည္ႏိုင္ဖို႔အတြက္ အိမ္ငွားခေတြ ဆိုင္းငံ့ေပးေရးဟာ အေရးၾကီးတဲ့ ေျခလွမ္းတစ္ရပ္ ျဖစ္ပါတယ္”

မိုက္ကယ္ ဂ်ားနာရစ္ တင္ျပမည့္ ဥပေဒအရ လူေနႏွင့္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ငွားရမ္းေနထိုင္သူမ်ားသည္ ဗိုင္းရပ္စ္ေရာဂါကပ္ ေၾကာင့္ အလုပ္အကိုင္ဆံုးရံႈးျခင္း (သို႔မဟုတ္) ပိတ္သိမ္းလိုက္ရျခင္းမ်ား ၾကံဳေတြ႔ပါက ရက္ေပါင္း ၉၀ အိမ္ငွားခဆိုင္းငံ့ထားခြင့္ ရရွိမည့္ ဥပေဒ ျဖစ္သည္။

အိမ္ငွားမ်ားက အိမ္ငွားခ မေပးႏိုင္ပါက အေဆာက္အအံုငယ္မ်ား၏ ပိုင္ရွင္မ်ားကို အစိုးရက ေထာက္ပံ့ကူညီမႈမ်ား ျပဳလုပ္ေပးသြားရန္လည္း ေဖာ္ျပထားသည္။

ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ရန္အတြက္ နယူးေယာက္ျပည္နယ္တစ္ဝန္းရွိ မရွိမျဖစ္ မလိုအပ္ေသာ စီးပြားေရးလုပ္ငန္းအားလံုး ပိတ္သိမ္းရန္ အုပ္ခ်ဳပ္ေရးမွဴး အင္ဒရူး ေကာက္မိုက အမိန္႔ထုတ္လိုက္ျပီးေနာက္ မိုက္ကယ္ ဂ်ားနာရစ္၏ တင္ျပခ်က္ ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service