မလေးရှားမှ တရားမဝင် အိမ်ခြံမြေအကျိုးဆောင်များအရေး

မလေးရှားမှ တရားမဝင် အိမ်ခြံမြေအကျိုးဆောင်များအရေး - Property News in Myanmar from iMyanmarHouse.com
23 Mar 2020 12:20 pm တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

မလေးရှားနိုင်ငံတွင် လိုင်စင်မရှိဘဲ လုပ်ကိုင်နေသည့် အိမ်ခြံမြေအကျိုးဆောင် ၁၀၀,၀၀၀ ကျော်ရှိနေပြီး ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် ကို ကာကွယ်ရန်အတွက် ရာဖြတ်များ၊ အိမ်ခြံမြေအကျိုးဆောင်များနှင့် အိမ်ခြံမြေအထွေထွေဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (BOVAEP) က တရားမဝင်အကျိုးဆောင်များကို ခြေရာခံလျက်ရှိနေကြောင်း မလေးရှားအခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

မကြာသေးမီကပင် BOVAEP နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ တရားမဝင်အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေသည့်လုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးခြင်း ပြုလုပ်ခဲ့သည်။

အဆိုပါခြေလှမ်းသည် အချိန်အခါအရ အချိန်မီလုပ်ဆောင်ခဲ့သည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း မလေးရှားအိမ်ခြံမြေ အကျိုးဆောင်များနှင့် အတိုင်ပင်ခံများသိပ္ပံ (MIPEAC) မှ ဥက္ကဌ ဖရန့်စစ် အက်စ်ပီလိုက ပြောကြားသည်။

“လစဉ်လတိုင်း အိမ်ခြံမြေမသမာမှုပေါင်း ၅၀ ကျော်ဖြစ်ပွားနေပါတယ်။ ဒါဟာ တိုင်းပြည်အတွင်းမှာ တရားမဝင် အိမ်ခြံမြေအကျိုးဆောင် တွေ လုပ်ကိုင်နေကြလို့ ဖြစ်ပါတယ်” ဟု ဖရန့်စစ်က ပြောကြားသည်။

တင်းကြပ်သည့်ဥပဒေများ ချမှတ်ထားသည့်ကြားမှ တရားမဝင် မှတ်ပုံတင်မထားသော အိမ်ခြံမြေအကျိုးဆောင်များမှာ အလွန်များပြားလာကြောင်း ဖရန့်စစ်က ဆက်လက်ပြောကြားသည်။

တရားမဝင်အိမ်ခြံမြေအကျိုးဆောင်များအရေးမှာ အိမ်ခြံမြေရောင်းချခြင်းများ ပြုလုပ်ပေးနေသည့် မှတ်ပုံတင်မထားသည့်လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များအရေးနှင့် ရောယှက်လာသည်။

အိမ်ခြံမြေဆိုင်ရာ ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ အိမ်ခြံမြေနည်းပညာကုမ္ပဏီများ၊ မလေးရှားခရီးသွားနှင့် လူဝင်မှုကြီးကြပ်ရေးက အကောင်အထည်ဖော်သော The Malaysia My Second Home (MM2H) အစီအစဉ်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများအပြင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း ဖရန့်စစ်က ပြောကြားသည်။

နိုင်ငံခြားသား အိမ်ခြံမြေအကျိုးဆောင်များနှင့် developer များသည် မလေးရှားတွင် အိမ်ခြံမြေများကို ၎င်းတို့ကိုယ်တိုင် ရောင်းချခွင့် မရှိချေ။

ပြည်ပအိမ်ခြံမြေများကို ဈေးကွက်တင်လိုပါက ပြည်တွင်း မှတ်ပုံတင် အိမ်ခြံမြေအကျိုးဆောင် (သို့မဟုတ်) လုပ်ငန်းနှင့် ဆက်သွယ်ရမည် ဖြစ်သည်။

ဖရန့်စစ်က ပြောကြားရာတွင် စင်္ကာပူ၊ ဟောင်ကောင်နှင့် ဂျပန်တို့မှ နိုင်ငံခြားအကျိုးဆောင်များနှင့် စပ်လျဉ်းသည့် တင်ပြခံရသည့် ကိစ္စရပ်များရှိကြောင်း၊ အဆိုပါနိုင်ငံများမှ အကျိုးဆောင်များသည် မလေးရှားအိမ်ခြံမြေများကို ပြည်တွင်းပြည်ပတွင် ရောင်းချရန် ကြော်ငြာခြင်းများ ပြုလုပ်ခြင်း၊ ပြည်ပ developer တို့သည် BOVAEP ထံမှ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ မလေးရှားနိုင်ငံသားများကို အိမ်ခြံမြေရောင်းချခြင်းများ ပြုလုပ်ကြကြောင်း ပြောကြားသည်။

မှတ်ပုံတင်မထားသည့် အကျိုးဆောင်လုပ်ငန်းများနှင့် ဆက်သွယ်သည့် ဝယ်လက်တို့သည် ၎င်းတို့၏ငွေ ဆုံးရှုံးရနိုင်သည့် အန္တရာယ်များရှိကြောင်းလည်း ဖရန့်စစ်က ပြောကြားသည်။

“ဒီလို တရားမဝင်၊ မှတ်ပုံတင်မထားတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေဟာ အမျိူးမျိုးသော အယောင်ဆောင်လှုပ်ရှားမှုတွေကနေ ကြီးမားတဲ့ အမြတ်အစွန်းတွေ ရနေကြပြီး အိမ်ခြံမြေလောက လုပ်ငန်းကျင့်ဝတ်နဲ့ တာဝန်ခံမှုတွေအတွက် အန္တရာယ်ဖြစ်လာစေပါတယ်”ဟု ဖရန့်စစ်က ဆိုသည်။

မလေးရှားတွင် အိမ်ခြံမြေအကျိုးဆောင်နှင့် အိမ်ခြံမြေညှိနှိုင်းသူဟု နှစ်မျိုးရှိပြီး အိမ်ခြံမြေညှိနှိုင်းသူမှာ ကုမ္ပဏီမှ ခန့်အပ်ထားသူဖြစ်ပြီး အိမ်ခြံမြေများကို ဈေးကွက်အတွင်းရောင်းချပေးရသူဖြစ်ကာ မှတ်ပုံတင်ထားသော အိမ်ခြံမြေအကျိုးဆောင်တစ်ဦး၏ ကွပ်ကဲမှုအောက်တွင် လုပ်ကိုင်ရသည်။

၁၉၈၁ ခုနှစ် အိမ်ခြံမြေအကျိုးဆောင်များ အက်ဥပဒေအရ အိမ်ခြံမြေအကျိုးဆောင်များသည် မှတ်ပုံတင်ရမည်ဖြစ်ပြီး အိမ်ခြံမြေညှိနှိုင်းသူမှာ BOVAEP ထံမှ အသိအမှတ်ပြုလက်မှတ်ရယူရမည်ဟု ပြဌာန်းထားသည်။

အဆိုပါဥပဒေအရ မှတ်ပုံတင်ထားသော အိမ်ခြံမြေအကျိုးဆောင်ဟု အယောင်ဆောင်ပါက ရင်းဂစ် ၃၀၀၀၀၀ ထက်မပိုသော ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းခံရမည်ဟု ပြဌာန်းထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

မေလးရွားမွ တရားမဝင္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားအေရး

မေလးရွားႏိုင္ငံတြင္ လိုင္စင္မရွိဘဲ လုပ္ကိုင္ေနသည့္ အိမ္ျခံေျမအက်ဳိးေဆာင္ ၁၀၀,၀၀၀ ေက်ာ္ရွိေနျပီး ျပည္တြင္း အိမ္ျခံေျမ ေစ်းကြက္ ကို ကာကြယ္ရန္အတြက္ ရာျဖတ္မ်ား၊ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားႏွင့္ အိမ္ျခံေျမအေထြေထြဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ား အသင္း (BOVAEP) က တရားမဝင္အက်ဳိးေဆာင္မ်ားကို ေျခရာခံလ်က္ရွိေနေၾကာင္း မေလးရွားအေျခစိုက္ သတင္းဝက္ဘ္ဆိုက္ တစ္ခုတြင္ ေဖာ္ျပသည္။

မၾကာေသးမီကပင္ BOVAEP ႏွင့္ ရဲတပ္ဖြဲ႔တို႔ ပူးေပါင္းကာ တရားမဝင္အိမ္ျခံေျမလုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္လုပ္ငန္းတစ္ခုကို ဝင္ေရာက္စီးနင္းရွာေဖြ ဖမ္းဆီးျခင္း ျပဳလုပ္ခဲ့သည္။

အဆိုပါေျခလွမ္းသည္ အခ်ိန္အခါအရ အခ်ိန္မီလုပ္ေဆာင္ခဲ့သည့္ ေျခလွမ္းတစ္ရပ္ျဖစ္ေၾကာင္း မေလးရွားအိမ္ျခံေျမ အက်ဳိးေဆာင္မ်ားႏွင့္ အတိုင္ပင္ခံမ်ားသိပၸံ (MIPEAC) မွ ဥကၠဌ ဖရန္႔စစ္ အက္စ္ပီလိုက ေျပာၾကားသည္။

“လစဥ္လတိုင္း အိမ္ျခံေျမမသမာမႈေပါင္း ၅၀ ေက်ာ္ျဖစ္ပြားေနပါတယ္။ ဒါဟာ တိုင္းျပည္အတြင္းမွာ တရားမဝင္ အိမ္ျခံေျမအက်ဳိးေဆာင္ ေတြ လုပ္ကိုင္ေနၾကလို႔ ျဖစ္ပါတယ္” ဟု ဖရန္႔စစ္က ေျပာၾကားသည္။

တင္းၾကပ္သည့္ဥပေဒမ်ား ခ်မွတ္ထားသည့္ၾကားမွ တရားမဝင္ မွတ္ပံုတင္မထားေသာ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားမွာ အလြန္မ်ားျပားလာေၾကာင္း ဖရန္႔စစ္က ဆက္လက္ေျပာၾကားသည္။

တရားမဝင္အိမ္ျခံေျမအက်ဳိးေဆာင္မ်ားအေရးမွာ အိမ္ျခံေျမေရာင္းခ်ျခင္းမ်ား ျပဳလုပ္ေပးေနသည့္ မွတ္ပံုတင္မထားသည့္လုပ္ငန္းမ်ား၊ လူပုဂၢိဳလ္မ်ားအေရးႏွင့္ ေရာယွက္လာသည္။

အိမ္ျခံေျမဆိုင္ရာ ေစ်းကြက္ျမွင့္တင္ေရးလုပ္ငန္းမ်ား၊ ခရီးသြားလုပ္ငန္းမ်ား၊ အိမ္ျခံေျမနည္းပညာကုမၸဏီမ်ား၊ မေလးရွားခရီးသြားႏွင့္ လူဝင္မႈၾကီးၾကပ္ေရးက အေကာင္အထည္ေဖာ္ေသာ The Malaysia My Second Home (MM2H) အစီအစဥ္တြင္ လုပ္ငန္းေဆာင္ရြက္ေနသည့္ ကုမၸဏီမ်ားအျပင္ ႏိုင္ငံျခားသားမ်ားလည္း ပါဝင္ေၾကာင္း ဖရန္႔စစ္က ေျပာၾကားသည္။

ႏိုင္ငံျခားသား အိမ္ျခံေျမအက်ဳိးေဆာင္မ်ားႏွင့္ developer မ်ားသည္ မေလးရွားတြင္ အိမ္ျခံေျမမ်ားကို ၎တို႔ကိုယ္တိုင္ ေရာင္းခ်ခြင့္ မရွိေခ်။

ျပည္ပအိမ္ျခံေျမမ်ားကို ေစ်းကြက္တင္လိုပါက ျပည္တြင္း မွတ္ပံုတင္ အိမ္ျခံေျမအက်ဳိးေဆာင္ (သို႔မဟုတ္) လုပ္ငန္းႏွင့္ ဆက္သြယ္ရမည္ ျဖစ္သည္။

ဖရန္႔စစ္က ေျပာၾကားရာတြင္ စကၤာပူ၊ ေဟာင္ေကာင္ႏွင့္ ဂ်ပန္တို႔မွ ႏိုင္ငံျခားအက်ဳိးေဆာင္မ်ားႏွင့္ စပ္လ်ဥ္းသည့္ တင္ျပခံရသည့္ ကိစၥရပ္မ်ားရွိေၾကာင္း၊ အဆိုပါႏိုင္ငံမ်ားမွ အက်ဳိးေဆာင္မ်ားသည္ မေလးရွားအိမ္ျခံေျမမ်ားကို ျပည္တြင္းျပည္ပတြင္ ေရာင္းခ်ရန္ ေၾကာ္ျငာျခင္းမ်ား ျပဳလုပ္ျခင္း၊ ျပည္ပ developer တို႔သည္ BOVAEP ထံမွ ခြင့္ျပဳခ်က္ရယူျခင္းမရွိဘဲ မေလးရွားႏိုင္ငံသားမ်ားကို အိမ္ျခံေျမေရာင္းခ်ျခင္းမ်ား ျပဳလုပ္ၾကေၾကာင္း ေျပာၾကားသည္။

မွတ္ပံုတင္မထားသည့္ အက်ဳိးေဆာင္လုပ္ငန္းမ်ားႏွင့္ ဆက္သြယ္သည့္ ဝယ္လက္တို႔သည္ ၎တို႔၏ေငြ ဆံုးရံႈးရႏိုင္သည့္ အႏၱရာယ္မ်ားရွိေၾကာင္းလည္း ဖရန္႔စစ္က ေျပာၾကားသည္။

“ဒီလို တရားမဝင္၊ မွတ္ပံုတင္မထားတဲ့ အိမ္ျခံေျမအက်ဳိးေဆာင္ေတြဟာ အမ်ဴိးမ်ဳိးေသာ အေယာင္ေဆာင္လႈပ္ရွားမႈေတြကေန ၾကီးမားတဲ့ အျမတ္အစြန္းေတြ ရေနၾကျပီး အိမ္ျခံေျမေလာက လုပ္ငန္းက်င့္ဝတ္နဲ႔ တာဝန္ခံမႈေတြအတြက္ အႏၱရာယ္ျဖစ္လာေစပါတယ္”ဟု ဖရန္႔စစ္က ဆိုသည္။

မေလးရွားတြင္ အိမ္ျခံေျမအက်ဳိးေဆာင္ႏွင့္ အိမ္ျခံေျမညိွႏိႈင္းသူဟု ႏွစ္မ်ဳိးရွိျပီး အိမ္ျခံေျမညွိႏႈိင္းသူမွာ ကုမၸဏီမွ ခန္႔အပ္ထားသူျဖစ္ျပီး အိမ္ျခံေျမမ်ားကို ေစ်းကြက္အတြင္းေရာင္းခ်ေပးရသူျဖစ္ကာ မွတ္ပံုတင္ထားေသာ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦး၏ ကြပ္ကဲမႈေအာက္တြင္ လုပ္ကိုင္ရသည္။

၁၉၈၁ ခုႏွစ္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ား အက္ဥပေဒအရ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားသည္ မွတ္ပံုတင္ရမည္ျဖစ္ျပီး အိမ္ျခံေျမညွိႏႈိုင္းသူမွာ BOVAEP ထံမွ အသိအမွတ္ျပဳလက္မွတ္ရယူရမည္ဟု ျပဌာန္းထားသည္။

အဆိုပါဥပေဒအရ မွတ္ပံုတင္ထားေသာ အိမ္ျခံေျမအက်ဳိးေဆာင္ဟု အေယာင္ေဆာင္ပါက ရင္းဂစ္ ၃၀၀၀၀၀ ထက္မပိုေသာ ဒဏ္ေငြ (သို႔မဟုတ္) ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ျခင္းခံရမည္ဟု ျပဌာန္းထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service