ဗင်းဆင့်ဗန်ဂိုး နေထိုင်သွားသော လန်ဒန်က နေအိမ်

ဗင်းဆင့်ဗန်ဂိုး နေထိုင်သွားသော လန်ဒန်က နေအိမ် - Property News in Myanmar from iMyanmarHouse.com
11 Mar 2020 12:22 pm တွင် တင်ခဲ့သည်
2695 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးကို မြန်မာနိုင်ငံတွင်လူသိများသည်။

ဗင်းဆင့်ဗန်ဂိုးနှင့် စပ်လျဉ်းပြီး တေးသီချင်းများ၊ အတ္ထုပ္ပတ္တိစာအုပ်များ ထွက်ရှိခဲ့ရာ အဆိုတော် ထူးအိမ်သင်က ဗင်းဆင့်ဗန်ဂိုး တမ်းချင်းဟူသော တေးသီချင်းကို လည်းကောင်း၊ ဆရာမြသန်းတင့်က မှော်ရုံတောမှာ မောလှပြီ၊ ဆရာမောင်ထွန်းသူက ရမ္မက်မီး အစရှိသည့် အတ္ထုပ္ပတ္တိစာအုပ်များကိုလည်းကောင်း ရေးသားထုတ်ဝေခဲ့ကြပြီး ဖြစ်သည်။

ဒပ်ချ်လူမျိုး ပန်းချီကျော် ဗင်းဆင့်ဗန်ဂိုးကို ဥရောပ၏ အကျော်ကြားဆုံးနှင့် သြဇာအလွှမ်းဆုံး ပန်းချီပညာရှင်များတွင် တစ်ဦးအဖြစ် သတ်မှတ်ကြသည်။

သူ၏ ပန်းချီလက်ရာများနည်းတူ အများစိတ်ဝင်စားကြသည်မှာ သူ၏ဘဝ၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ကျန်းမာရေး အခြေအနေတို့ ဖြစ်သည်။

စိတ်ကျရောဂါကို ကာလအတန်ကြာခံစားခဲ့ရပြီးနောက် အသက် ၃၇ နှစ်အရွယ်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီး စံပြုလောက်သည့် ဆင်းရဲဒုက္ခခံခဲ့ရသော အနုပညာရှင်တစ်ဦးအဖြစ် ကျော်ကြားသည်။

သို့သော် ဗင်းဆင့်ဗန်ဂိုးနေထိုင်သွားခဲ့သော လန်ဒန်မြို့ရှိ စံအိမ်မှ ရှာဖွေတွေ့ရှိခဲ့မှုတစ်ရပ်မှာ သူ၏ အစောပိုင်းဘဝတစ်စိတ်တစ်ဒေသကို မီးမောင်းထိုးပြမည့် အထောက်အထားတစ်ခု ဖြစ်လာသည်။

The Guardian သတင်းစာတွင် ဖော်ပြချက်အရ ဗင်းဆင့်ဗန်ဂိုးနေထိုင်သွားခဲ့သော လန်ဒန်စံအိမ်တွင် လျှို့ဝှက်သိမ်းဆည်းထားခဲ့သော စာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

နေအိမ်ကို ပြန်လည်ပြင်ဆင်ရန်ပြုလုပ်ရာမှ ကြမ်းခင်းအောက်တွင် အဆိုပါစာရွက်စာတမ်းများကို တွေ့ရှိလာခြင်း ဖြစ်သည်။

၁၈၇၃ ခုနှစ်၊ မေလတွင် ဗန်ဂိုးသည် လန်ဒန်မြို့အနောက်ဘက်ရှိ Covent Garden အမည်ရှိ ဈေးတစ်ခုတွင် ပန်းချီကားများ ရောင်းချသူအဖြစ် လုပ်ကိုင်ရန် လန်ဒန်သို့ ရော်ကလာခဲ့သည်။

ဗန်ဂိုးက လန်ဒန်မြို့တောင်ပိုင်း ဟက်ခ်ဖို့ဒ်လမ်း၊ အမှတ် ၈၇ စံအိမ်တွင် အခန်းငှားနေထိုင်ခဲ့သည်။

ဗန်ဂိုး၏ အိမ်ရှင်မှာ အာဆူလာ လိုယာအမည်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး စာသင်ကျောင်းကလေးတစ်ခုကိုလည်း သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ်ရှိ ယူဂျင်းနီနှင့်အတူ လုပ်ကိုင်နေသူ ဖြစ်သည်။

အဆိုပါကာလသည် ဗင်ဂိုး၏ ဘဝကို ပုံဖော်ပေးမည့် အရေးပါသော ကာလအပိုင်းအခြားတစ်ခု ဖြစ်သည်။

သူသည် လန်ဒန်သို့ လာခဲ့ချိန်မှာ လူငယ်ဘဝဖြစ်ပြီး အသက် ၂၀ အရွယ်သာ ရှိသေးပြီး အောင်မြင်သော အနုပညာလက်ရာများ ရောင်းချသူတစ်ဦး ဖြစ်လာရန် ကြိုးပမ်းနေချိန် ဖြစ်သည်။

သူ့အတွက် ပုံမှန်လုပ်ခရနေပြီး ခယ်မဖြစ်သူ၏ ပြောကြားချက်အရ ဗန်ဂိုး၏ ဘဝတွင် အပျော်ရွှင်ခဲ့ရဆုံး ကာလအပိုင်းအခြားတစ်ခု ဖြစ်သည်ဟု ဆိုသည်။

ဗင်ဂိုးသည် အဆိုပါနေအိမ်တွင်နေထိုင်ရင်း ယူဂျင်းနီအပေါ် စွဲလမ်းခဲ့ပုံရသည်။

သို့သော် သူ၏ မေတ္တာမှာ အသွားသာရှိပြီး အပြန်မရှိချေ။

ယူဂျင်းနီက ထုတ်ဖော်ဝန်ခံခဲ့သည်မှာ သူမသည် ယခင်က နေထိုင်သွားသူတစ်ဦးနှင့် လျှို့ဝှက်စေ့စပ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ငြင်းပယ်ခံလိုက်ရပြီးနောက် ဗန်ဂိုးသည် တစ်ဦးတည်းအထီးကျန်ကာသာ နေထိုင်လိုလာပြီး စိတ်ဖြေရာအဖြစ် ဘာသာရေးဘက်သို့ စိတ်ပြောင်းခဲ့သည်။

အဆိုပါအိမ်တွင် ရှာဖွေတွေ့ရှိခဲ့သည့် စာရွက်စာတမ်းများတွင် ဗန်ဂိုး၏ အိမ်ရှင် အာဆူလာ လိုယာ၏ အမည်ဖြင့် အာမခံ စာရွက်စာတမ်းအချို့ပါဝင်ပြီး ရက်စွဲမှာ ဗန်ဂိုးနေထိုင်ခဲ့စဉ် ကာလများက ရက်စွဲဖြစ်သည်။

ထို့အပြင် ဘာသာရေးဆိုင်ရာ လက်ကမ်းစာစောင်အချို့လည်း ပါဝင်နေသည်။

အဆိုပါလက်ကမ်းစာစောင်များကို ဗန်ဂိုးနေထိုင်ခဲ့သည့် လမ်းတွင်ပင် ပုံနှိပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစာရွက်များမှာ ဗန်ဂိုးကိုယ်တိုင်ဖတ်ရှုခဲ့သည့် စာရွက်များဖြစ်သည်ဟု ယူဆရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဗင္းဆင့္ဗန္ဂိုး ေနထိုင္သြားေသာ လန္ဒန္က ေနအိမ္

ကမၻာေက်ာ္ပန္းခ်ီဆရာၾကီး ဗင္းဆင့္ဗန္ဂိုးကို ျမန္မာႏိုင္ငံတြင္လူသိမ်ားသည္။

ဗင္းဆင့္ဗန္ဂိုးႏွင့္ စပ္လ်ဥ္းျပီး ေတးသီခ်င္းမ်ား၊ အတၳဳပၸတၱိစာအုပ္မ်ား ထြက္ရွိခဲ့ရာ အဆိုေတာ္ ထူးအိမ္သင္က ဗင္းဆင့္ဗန္ဂိုး တမ္းခ်င္းဟူေသာ ေတးသီခ်င္းကို လည္းေကာင္း၊ ဆရာျမသန္းတင့္က ေမွာ္ရံုေတာမွာ ေမာလွျပီ၊ ဆရာေမာင္ထြန္းသူက ရမၼက္မီး အစရွိသည့္ အတၳဳပၸတၱိစာအုပ္မ်ားကိုလည္းေကာင္း ေရးသားထုတ္ေဝခဲ့ၾကျပီး ျဖစ္သည္။

ဒပ္ခ်္လူမ်ဳိး ပန္းခ်ီေက်ာ္ ဗင္းဆင့္ဗန္ဂိုးကို ဥေရာပ၏ အေက်ာ္ၾကားဆံုးႏွင့္ ၾသဇာအလႊမ္းဆံုး ပန္းခ်ီပညာရွင္မ်ားတြင္ တစ္ဦးအျဖစ္ သတ္မွတ္ၾကသည္။

သူ၏ ပန္းခ်ီလက္ရာမ်ားနည္းတူ အမ်ားစိတ္ဝင္စားၾကသည္မွာ သူ၏ဘဝ၊ ကိုယ္ရည္ကိုယ္ေသြးႏွင့္ စိတ္က်န္းမာေရး အေျခအေနတို႔ ျဖစ္သည္။

စိတ္က်ေရာဂါကို ကာလအတန္ၾကာခံစားခဲ့ရျပီးေနာက္ အသက္ ၃၇ ႏွစ္အရြယ္တြင္ မိမိကိုယ္ကို အဆံုးစီရင္သြားခဲ့ျပီး စံျပဳေလာက္သည့္ ဆင္းရဲဒုကၡခံခဲ့ရေသာ အႏုပညာရွင္တစ္ဦးအျဖစ္ ေက်ာ္ၾကားသည္။

သို႔ေသာ္ ဗင္းဆင့္ဗန္ဂိုးေနထိုင္သြားခဲ့ေသာ လန္ဒန္ျမိဳ႕ရွိ စံအိမ္မွ ရွာေဖြေတြ႔ရွိခဲ့မႈတစ္ရပ္မွာ သူ၏ အေစာပိုင္းဘဝတစ္စိတ္တစ္ေဒသကို မီးေမာင္းထုိးျပမည့္ အေထာက္အထားတစ္ခု ျဖစ္လာသည္။

The Guardian သတင္းစာတြင္ ေဖာ္ျပခ်က္အရ ဗင္းဆင့္ဗန္ဂိုးေနထုိင္သြားခဲ့ေသာ လန္ဒန္စံအိမ္တြင္ လွ်ိဳ႕ဝွက္သိမ္းဆည္းထားခဲ့ေသာ စာရြက္စာတမ္းမ်ားကို ရွာေဖြေတြ႔ရွိခဲ့သည္ဟု ဆိုသည္။

ေနအိမ္ကို ျပန္လည္ျပင္ဆင္ရန္ျပဳလုပ္ရာမွ ၾကမ္းခင္းေအာက္တြင္ အဆိုပါစာရြက္စာတမ္းမ်ားကို ေတြ႔ရွိလာျခင္း ျဖစ္သည္။

၁၈၇၃ ခုႏွစ္၊ ေမလတြင္ ဗန္ဂိုးသည္ လန္ဒန္ျမိဳ႕အေနာက္ဘက္ရွိ Covent Garden အမည္ရွိ ေစ်းတစ္ခုတြင္ ပန္းခ်ီကားမ်ား ေရာင္းခ်သူအျဖစ္ လုပ္ကိုင္ရန္ လန္ဒန္သို႔ ေရာ္ကလာခဲ့သည္။

ဗန္ဂိုးက လန္ဒန္ျမိဳ႕ေတာင္ပိုင္း ဟက္ခ္ဖို႔ဒ္လမ္း၊ အမွတ္ ၈၇ စံအိမ္တြင္ အခန္းငွားေနထိုင္ခဲ့သည္။

ဗန္ဂိုး၏ အိမ္ရွင္မွာ အာဆူလာ လိုယာအမည္ရွိ အမ်ဳိးသမီးတစ္ဦးျဖစ္ျပီး စာသင္ေက်ာင္းကေလးတစ္ခုကိုလည္း သမီးျဖစ္သူ အသက္ ၁၉ ႏွစ္အရြယ္ရွိ ယူဂ်င္းနီႏွင့္အတူ လုပ္ကိုင္ေနသူ ျဖစ္သည္။

အဆိုပါကာလသည္ ဗင္ဂိုး၏ ဘဝကို ပံုေဖာ္ေပးမည့္ အေရးပါေသာ ကာလအပိုင္းအျခားတစ္ခု ျဖစ္သည္။

သူသည္ လန္ဒန္သို႔ လာခဲ့ခ်ိန္မွာ လူငယ္ဘဝျဖစ္ျပီး အသက္ ၂၀ အရြယ္သာ ရွိေသးျပီး ေအာင္ျမင္ေသာ အႏုပညာလက္ရာမ်ား ေရာင္းခ်သူတစ္ဦး ျဖစ္လာရန္ ၾကိဳးပမ္းေနခ်ိန္ ျဖစ္သည္။

သူ႔အတြက္ ပံုမွန္လုပ္ခရေနျပီး ခယ္မျဖစ္သူ၏ ေျပာၾကားခ်က္အရ ဗန္ဂိုး၏ ဘဝတြင္ အေပ်ာ္ရႊင္ခဲ့ရဆံုး ကာလအပိုင္းအျခားတစ္ခု ျဖစ္သည္ဟု ဆိုသည္။

ဗင္ဂိုးသည္ အဆိုပါေနအိမ္တြင္ေနထုိင္ရင္း ယူဂ်င္းနီအေပၚ စြဲလမ္းခဲ့ပံုရသည္။

သို႔ေသာ္ သူ၏ ေမတၱာမွာ အသြားသာရွိျပီး အျပန္မရွိေခ်။

ယူဂ်င္းနီက ထုတ္ေဖာ္ဝန္ခံခဲ့သည္မွာ သူမသည္ ယခင္က ေနထုိင္သြားသူတစ္ဦးႏွင့္ လွ်ိဳ႕ဝွက္ေစ့စပ္ထားျပီးျဖစ္သည္ဟု ဆိုသည္။

ထိုသို႔ ျငင္းပယ္ခံလိုက္ရျပီးေနာက္ ဗန္ဂိုးသည္ တစ္ဦးတည္းအထီးက်န္ကာသာ ေနထိုင္လိုလာျပီး စိတ္ေျဖရာအျဖစ္ ဘာသာေရးဘက္သို႔ စိတ္ေျပာင္းခဲ့သည္။

အဆိုပါအိမ္တြင္ ရွာေဖြေတြ႔ရွိခဲ့သည့္ စာရြက္စာတမ္းမ်ားတြင္ ဗန္ဂိုး၏ အိမ္ရွင္ အာဆူလာ လိုယာ၏ အမည္ျဖင့္ အာမခံ စာရြက္စာတမ္းအခ်ဳိ႕ပါဝင္ျပီး ရက္စြဲမွာ ဗန္ဂိုးေနထုိင္ခဲ့စဥ္ ကာလမ်ားက ရက္စြဲျဖစ္သည္။

ထို႔အျပင္ ဘာသာေရးဆိုင္ရာ လက္ကမ္းစာေစာင္အခ်ဳိ႕လည္း ပါဝင္ေနသည္။

အဆိုပါလက္ကမ္းစာေစာင္မ်ားကို ဗန္ဂိုးေနထိုင္ခဲ့သည့္ လမ္းတြင္ပင္ ပံုႏွိပ္ခဲ့ျခင္းျဖစ္ျပီး အဆိုပါစာရြက္မ်ားမွာ ဗန္ဂိုးကိုယ္တိုင္ဖတ္ရႈခဲ့သည့္ စာရြက္မ်ားျဖစ္သည္ဟု ယူဆရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service