တစ်ရွာလုံး သရဲခြောက်ခံနေရသော အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်က လယ်သမားရွာကလေး

တစ်ရွာလုံး သရဲခြောက်ခံနေရသော အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်က လယ်သမားရွာကလေး - Property News in Myanmar from iMyanmarHouse.com
5 Mar 2020 11:24 am တွင် တင်ခဲ့သည်
16983 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အိုမင်းနေသော ရှေးဟောင်းစံအိမ်ကြီးများနှင့် ဟိုတယ်ကြီးများတွင် သရဲခြောက်ခံရသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

သို့သော် အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်မှ လယ်သမားရွာကလေးတစ်ရွာမှာမူ တစ်မြို့လုံး သရဲအခြောက်ခံနေရကြောင်း နယူးယောက် အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မှတ်တမ်းရုပ်ရှင်ရိုက်ကူးသည့် ဒါရိုက်တာ စတိဗ် ရှစ်ပီသည် တောင်သူများနေထိုင်ကြသည့် ရှေးဟောင်းကျေးရွာကလေး မာရေးလ်သို့ ရောက်ရှိနေ၏။

မာရေးလ်ကျေးရွာကလေးသည် မီချီဂန်ပြည်နယ်၊ ဂျုန်းစ်ဖီးမြို့နယ်တွင်တည်ရှိပြီး ၂၀၁၀ ပြည့်နှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၇၇၈ ဦးသာ နေထိုင်သော ကျေးရွာကလေးဖြစ်သည်။ ယနေ့တွင်မူ ၇၃၅ ဦးသာရှိတော့သည်။

၁၉၇၀ ပြည့်လွန်ကာလများကတည်းကစတင်ပြီး နေထိုင်သူအားလုံး သရဲခြောက်ခံနေရသော ကျေးရွာကလေးဖြစ်ကာ စတိဗ် ရှစ်ပီက အဆိုပါဖြစ်ရပ်ကို လေ့လာရန် ရောက်ရှိနေခြင်း ဖြစ်သည်။

Travel Channel ရုပ်သံလိုင်းတွင် ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၁၀ နာရီ၌ Haunting in the Heartland အမည်ရှိ ရုပ်သံအစီအစဉ်သစ်တစ်ခု ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါ အစီအစဉ်တွင် ဒေသခံတစ်ဦးက ဒါရိုက်တာ စတိဗ်ကို ပြောကြားချက်တစ်ခုမှာ ၎င်းတို့အိမ်သားများသည် ၁၉၇၄ ခုနှစ်၊ နွေရာသီတွင် နေအိမ်မှ မောင်းထုတ်ခံရသည့် ခြောက်လှန့်ခြင်းများ ခံကြရကြောင်း ပြောကြားခဲ့သည်။

နေအိမ်ကို လာရောက်ရိုက်ပုတ်နေခြင်းများ ၆ လခန့်ကြာအောင် တွေ့ကြုံခဲ့ရပြီး အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို မည်သူမျှ ရှင်းမပြနိုင်ကြချေ။

အဆိုပါဖြစ်ရပ်များအပြင် အလိုအလောက် မီးတောက်လောင်ခြင်းမျိုးများ ရင်ဆိုင်ရရာ အက်ဖ်ဘီအိုင်မှ အရာရှိ၊ မြေငလျင်ပညာရှင်တစ်ဦးဖြစ်သူပင်လျှင် အဘယ်ကြောင့်ဖြစ်ရကြောင်း အဖြေမရှာနိုင်ခဲ့။

ထိုအိမ်နှင့် တစ်မိုင်ခန့်အကွာတွင်ရှိသော အခြားမိသားစုတစ်စုက ဒါရိုက်တာ စတိဗ်ကို ပြောပြရာတွင်လည်း ၎င်းတို့မိသားစုမှ မိန်းကလေးငယ်တစ်ဦးကို ဦးတည်ကာ တစ္ဆေခြောက်လှန့်ခံရမှုများ ပေါ်ပေါက်နေကြောင်း ပြောပြသည်။

၎င်းတို့နေအိမ်တွင် နှစ်ပေါင်းများစွာကာလတစ်လျှောက် သဘာဝလွန်ဖြစ်ရပ်ဆန်းများနှင့် ရင်ဆိုင်ခဲ့ရရာ နေအိမ်တွင်း အချို့နေရာများသို့ ဖြတ်သွားလျှင် အေးစိမ့်သွားခြင်း၊ ကျယ်လောင်သော ထုရိုက်သံများ ကြားရခြင်း၊ ရုတ်တရက်မီးပျက်သွားခြင်း၊ အရိပ်မည်းကြီးများ မြင်ရခြင်း၊ ကုတ်ခြစ်ရာများ တွေ့ရခြင်းနှင့် အခန်းများတွင် ရုတ်တရက် မီးခိုးများ ပြည့်နှက်သွားခြင်းမျိုး ရင်ဆိုင်ရလေ့ရှိခဲ့သည်ဟု ဆိုသည်။

“မာရေးလ်မှာ နေရတာဟာ အစပိုင်းတော့ အိပ်မက်မက်နေသလိုမျိုးပါ။ နောက်ဆုံးမှာတော့ အိပ်မက်ဟာ ထမင်းလုံး တစ္ဆေခြောက်တာ ဖြစ်လာတယ်” ဟု ရုပ်သံအစီအစဉ်တွင် ဝင်ရောက်ဖြေကြားသည့် ဒေသခံတစ်ဦးက ပြောကြားသည်။

အခြားဒေသခံတစ်ဦးက ပြောကြားခဲ့ရာတွင်မူ “ဒီမှာနေရတာဟာ ငရဲပြည်ကို ရောက်နေသလိုပါပဲ” ဟု ဆိုသည်။

အဆိုပါဒေသကလေးတွင် ခြောက်ခြားဖွယ်ဖြစ်ရပ်များ အလွန်များပြားစွာဖြစ်ပေါ်ခဲ့မှုကို သိရပြီးနောက် တုန်လှုပ်မိကြောင်း ဒါရိုက်တာ စတိဗ်က ပြောကြားသည်။

ဒါရိုက်တာ စတိဗ်က ဆက်လက်ပြောကြားရာတွင် အဆိုပါဒေသ၌ လူတစ်ဦးချင်းစီ၏ ခြောက်လှန့်ခံရမှု အကြိမ်အရေအတွက်အပေါ် အံ့အားသင့်မိကြောင်း၊ ဖြစ်ရပ်အားလုံးတွင် တူညီသည့်အချက်များ ရှိနေကြောင်း၊ မိမိဘဝတွင် ပထမဆုံးတွေ့ဖူးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့များနှင့် သမိုင်းပညာရှင်များ၏ အကူအညီဖြင့် ဒါရိုက်တာ စတိဗ်သိလာသည်မှာ ထိုဒေသကလေးတွင် တချိန်က ဝက်သက်ရောဂါကြီးဖြစ်ပွားခဲ့ကာ တစ်ရွာလုံးကို ပိတ်ဆို့ထားခြင်း ခံခဲ့ရဖူးကြောင်း သိလာသည်။

တစ်နာရီကြာ ရုပ်သံအစီအစဉ်အတွင်း ဒါရိုက်တာ စတိဗ်က နေအိမ်တွင်းမှ အတင်းအကြပ်မောင်းထုတ်ခံရသည့်မိသားစု၏ နေအိမ်သို့ အကြားအမြင်ဆရာတစ်ဦးခေါ်ဆောင်ကာ မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်း ပြုလုပ်ခဲ့သည်။

ရုပ်သံအစီအစဉ်၏ လာမည့်ကဏ္ဍများတွင် ဒါရိုက်တာ စတိဗ်သည် အခြားမြို့ ၅ မြို့ဖြစ်သော အိုင်အိုဝါပြည်နယ်မှ မယ်လ်ဗန်မြို့၊ ကန်ဆတ်ပြည်နယ်မှ အတ်ချီဆန်မြို့၊ ကင်တပ်ကီပြည်နယ်မှ ဟီဘရွန်းမြို့၊ မစ္စစ္စပီပြည်နယ်မှ ဟိုလီ စပရင်းစ်မြို့နှင့် တင်နက်ဆီ ပြည်နယ်မှ ဂရင်းနဗီးလ်မြို့များသို့ သွားရောက်မည် ဖြစ်သည်။

အဆိုပါမြို့များတွင်လည်း သရဲခြောက်ခံရသည့် ဖြစ်ရပ်များစွာရှိနေပြီး ဒါရိုက်တာစတိဗ်က ခြောက်လှန့်ခံရသည့် မိသားစုများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

ဒါရိုက်တာ စတိဗ်သည် ပရိုဇက်ခ်ဟူသောအမည်ဖြင့် ရက်ပ်သီချင်းများသီဆိုသည့် အဆိုတော်တစ်ဦးလည်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

တစ္ရြာလံုး သရဲေျခာက္ခံေနရေသာ အေမရိကန္ျပည္၊ မီခ်ီဂန္ျပည္နယ္က လယ္သမားရြာကေလး

အိုမင္းေနေသာ ေရွးေဟာင္းစံအိမ္ၾကီးမ်ားႏွင့္ ဟိုတယ္ၾကီးမ်ားတြင္ သရဲေျခာက္ခံရသည့္ ျဖစ္ရပ္မ်ား မၾကာခဏ ျဖစ္ပြားေလ့ရွိသည္။

သို႔ေသာ္ အေမရိကန္ျပည္ေထာင္စု၊ မီခ်ီဂန္ျပည္နယ္မွ လယ္သမားရြာကေလးတစ္ရြာမွာမူ တစ္ျမိဳ႕လံုး သရဲအေျခာက္ခံေနရေၾကာင္း နယူးေယာက္ အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

မွတ္တမ္းရုပ္ရွင္ရိုက္ကူးသည့္ ဒါရိုက္တာ စတိဗ္ ရွစ္ပီသည္ ေတာင္သူမ်ားေနထိုင္ၾကသည့္ ေရွးေဟာင္းေက်းရြာကေလး မာေရးလ္သို႔ ေရာက္ရွိေန၏။

မာေရးလ္ေက်းရြာကေလးသည္ မီခ်ီဂန္ျပည္နယ္၊ ဂ်ဳန္းစ္ဖီးျမိဳ႕နယ္တြင္တည္ရွိျပီး ၂၀၁၀ ျပည့္ႏွစ္သန္းေခါင္စာရင္းအရ လူဦးေရ ၇၇၈ ဦးသာ ေနထိုင္ေသာ ေက်းရြာကေလးျဖစ္သည္။ ယေန႔တြင္မူ ၇၃၅ ဦးသာရွိေတာ့သည္။ ၁၉၇၀ ျပည့္လြန္ကာလမ်ားကတည္းကစတင္ျပီး ေနထိုင္သူအားလံုး သရဲေျခာက္ခံေနရေသာ ေက်းရြာကေလးျဖစ္ကာ စတိဗ္ ရွစ္ပီက အဆိုပါျဖစ္ရပ္ကို ေလ့လာရန္ ေရာက္ရွိေနျခင္း ျဖစ္သည္။

Travel Channel ရုပ္သံလုိင္းတြင္ ေဖေဖာ္ဝါရီ ၂၁ ရက္၊ ည ၁၀ နာရီ၌ Haunting in the Heartland အမည္ရွိ ရုပ္သံအစီအစဥ္သစ္တစ္ခု ထုတ္လႊင့္ျပသခဲ့သည္။

အဆိုပါ အစီအစဥ္တြင္ ေဒသခံတစ္ဦးက ဒါရိုက္တာ စတိဗ္ကို ေျပာၾကားခ်က္တစ္ခုမွာ ၎တို႔အိမ္သားမ်ားသည္ ၁၉၇၄ ခုႏွစ္၊ ေႏြရာသီတြင္ ေနအိမ္မွ ေမာင္းထုတ္ခံရသည့္ ေျခာက္လွန္႔ျခင္းမ်ား ခံၾကရေၾကာင္း ေျပာၾကားခဲ့သည္။

ေနအိမ္ကို လာေရာက္ရိုက္ပုတ္ေနျခင္းမ်ား ၆ လခန္႔ၾကာေအာင္ ေတြ႔ၾကံဳခဲ့ရျပီး အဘယ္ေၾကာင့္ ထိုသို႔ျဖစ္ရသည္ကို မည္သူမွ် ရွင္းမျပႏိုင္ၾကေခ်။

အဆိုပါျဖစ္ရပ္မ်ားအျပင္ အလိုအေလာက္ မီးေတာက္ေလာင္ျခင္းမ်ဳိးမ်ား ရင္ဆိုင္ရရာ အက္ဖ္ဘီအိုင္မွ အရာရွိ၊ ေျမငလ်င္ပညာရွင္တစ္ဦးျဖစ္သူပင္လွ်င္ အဘယ္ေၾကာင့္ျဖစ္ရေၾကာင္း အေျဖမရွာႏိုင္ခဲ့။ ထိုအိမ္ႏွင့္ တစ္မိုင္ခန္႔အကြာတြင္ရွိေသာ အျခားမိသားစုတစ္စုက ဒါရိုက္တာ စတိဗ္ကို ေျပာျပရာတြင္လည္း ၎တို႔မိသားစုမွ မိန္းကေလးငယ္တစ္ဦးကို ဦးတည္ကာ တေစၦေျခာက္လွန္႔ခံရမႈမ်ား ေပၚေပါက္ေနေၾကာင္း ေျပာျပသည္။

၎တို႔ေနအိမ္တြင္ ႏွစ္ေပါင္းမ်ားစြာကာလတစ္ေလွ်ာက္ သဘာဝလြန္ျဖစ္ရပ္ဆန္းမ်ားႏွင့္ ရင္ဆိုင္ခဲ့ရရာ ေနအိမ္တြင္း အခ်ဳိ႕ေနရာမ်ားသို႔ ျဖတ္သြားလွ်င္ ေအးစိမ့္သြားျခင္း၊ က်ယ္ေလာင္ေသာ ထုရိုက္သံမ်ား ၾကားရျခင္း၊ ရုတ္တရက္မီးပ်က္သြားျခင္း၊ အရိပ္မည္းၾကီးမ်ား ျမင္ရျခင္း၊ ကုတ္ျခစ္ရာမ်ား ေတြ႔ရျခင္းႏွင့္ အခန္းမ်ားတြင္ ရုတ္တရက္ မီးခိုးမ်ား ျပည့္ႏွက္သြားျခင္းမ်ဳိး ရင္ဆိုင္ရေလ့ရွိခဲ့သည္ဟု ဆိုသည္။

“မာေရးလ္မွာ ေနရတာဟာ အစပိုင္းေတာ့ အိပ္မက္မက္ေနသလိုမ်ဳိးပါ။ ေနာက္ဆံုးမွာေတာ့ အိပ္မက္ဟာ ထမင္းလံုး တေစၦေျခာက္တာ ျဖစ္လာတယ္” ဟု ရုပ္သံအစီအစဥ္တြင္ ဝင္ေရာက္ေျဖၾကားသည့္ ေဒသခံတစ္ဦးက ေျပာၾကားသည္။

အျခားေဒသခံတစ္ဦးက ေျပာၾကားခဲ့ရာတြင္မူ “ဒီမွာေနရတာဟာ ငရဲျပည္ကို ေရာက္ေနသလိုပါပဲ” ဟု ဆိုသည္။

အဆိုပါေဒသကေလးတြင္ ေျခာက္ျခားဖြယ္ျဖစ္ရပ္မ်ား အလြန္မ်ားျပားစြာျဖစ္ေပၚခဲ့မႈကို သိရျပီးေနာက္ တုန္လႈပ္မိေၾကာင္း ဒါရိုက္တာ စတိဗ္က ေျပာၾကားသည္။

ဒါရိုက္တာ စတိဗ္က ဆက္လက္ေျပာၾကားရာတြင္ အဆိုပါေဒသ၌ လူတစ္ဦးခ်င္းစီ၏ ေျခာက္လွန္႔ခံရမႈ အၾကိမ္အေရအတြက္အေပၚ အံ့အားသင့္မိေၾကာင္း၊ ျဖစ္ရပ္အားလံုးတြင္ တူညီသည့္အခ်က္မ်ား ရွိေနေၾကာင္း၊ မိမိဘဝတြင္ ပထမဆံုးေတြ႔ဖူးျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ေဒသတြင္း အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားႏွင့္ သမိုင္းပညာရွင္မ်ား၏ အကူအညီျဖင့္ ဒါရိုက္တာ စတိဗ္သိလာသည္မွာ ထိုေဒသကေလးတြင္ တခ်ိန္က ဝက္သက္ေရာဂါၾကီးျဖစ္ပြားခဲ့ကာ တစ္ရြာလံုးကို ပိတ္ဆို႔ထားျခင္း ခံခဲ့ရဖူးေၾကာင္း သိလာသည္။

တစ္နာရီၾကာ ရုပ္သံအစီအစဥ္အတြင္း ဒါရိုက္တာ စတိဗ္က ေနအိမ္တြင္းမွ အတင္းအၾကပ္ေမာင္းထုတ္ခံရသည့္မိသားစု၏ ေနအိမ္သို႔ အၾကားအျမင္ဆရာတစ္ဦးေခၚေဆာင္ကာ မေကာင္းဆိုးဝါးမ်ားကို ႏွင္ထုတ္ျခင္း ျပဳလုပ္ခဲ့သည္။

ရုပ္သံအစီအစဥ္၏ လာမည့္က႑မ်ားတြင္ ဒါရိုက္တာ စတိဗ္သည္ အျခားျမိဳ႕ ၅ ျမိဳ႕ျဖစ္ေသာ အိုင္အိုဝါျပည္နယ္မွ မယ္လ္ဗန္ျမိဳ႕၊ ကန္ဆတ္ျပည္နယ္မွ အတ္ခ်ီဆန္ျမိဳ႕၊ ကင္တပ္ကီျပည္နယ္မွ ဟီဘရြန္းျမိဳ႕၊ မစၥစၥပီျပည္နယ္မွ ဟိုလီ စပရင္းစ္ျမိဳ႕ႏွင့္ တင္နက္ဆီ ျပည္နယ္မွ ဂရင္းနဗီးလ္ျမိဳ႕မ်ားသို႔ သြားေရာက္မည္ ျဖစ္သည္။

အဆိုပါျမိဳ႕မ်ားတြင္လည္း သရဲေျခာက္ခံရသည့္ ျဖစ္ရပ္မ်ားစြာရွိေနျပီး ဒါရိုက္တာစတိဗ္က ေျခာက္လွန္႔ခံရသည့္ မိသားစုမ်ားႏွင့္ ေတြ႔ဆံုသြားမည္ ျဖစ္သည္။

ဒါရိုက္တာ စတိဗ္သည္ ပရိုဇက္ခ္ဟူေသာအမည္ျဖင့္ ရက္ပ္သီခ်င္းမ်ားသီဆိုသည့္ အဆိုေတာ္တစ္ဦးလည္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service