တရုတ္ႏိုင္ငံ၊ နန္တံုျမိဳ႕တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား အလြန္အမင္းျမင့္တက္ျခင္းကို ကာကြယ္ရန္ႏွင့္ ေနအိမ္ေစ်းကစားျခင္းမ်ား တားဆီးရန္အတြက္ ေနအိမ္ဝယ္ယူျပီး ၅ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခြင့္ ပိတ္ပင္

တရုတ္ႏိုင္ငံ၊ နန္တံုျမိဳ႕တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား အလြန္အမင္းျမင့္တက္ျခင္းကို ကာကြယ္ရန္ႏွင့္ ေနအိမ္ေစ်းကစားျခင္းမ်ား တားဆီးရန္အတြက္ ေနအိမ္ဝယ္ယူျပီး ၅ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခြင့္ ပိတ္ပင္ - Property News in Myanmar from iMyanmarHouse.com
31 Jan 2020 12:08 pm တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္ႏိုင္ငံ၊ ရွန္ဟိုင္းျမိဳ႕အနီးတြင္ တည္ရွိေသာ နန္တံုျမိဳ႕တြင္ ေနအိမ္ေစ်းကစားျခင္းမ်ား တားဆီးရန္အတြက္ ေနအိမ္ဝယ္ယူျပီး ၅ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္ေၾကာင္း ေဟာင္ေကာင္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

တရုတ္ျပည္အေရွ႕ပုိင္းရွိ နန္တံုျမိဳ႕သည္ လူဦးေရ ၇ သန္းေက်ာ္ ေနထိုင္ေသာျမိဳ႕တစ္ျမိဳ႕ျဖစ္သည္။

ေစ်းကြက္ေပါက္ေစ်းေအာက္ အလြန္နည္းပါးေသာ ေစ်းႏႈန္းျဖင့္ ေနအိမ္ဝယ္ယူထားသူမ်ားသည္ ၅ ႏွစ္အတြင္း အဆိုပါေနအိမ္မ်ားကို ျပန္လည္ေရာင္းခ်ခြင့္ မျပဳေၾကာင္း နန္တံုျမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔က ေၾကညာလိုက္ျခင္း ျဖစ္သည္။

တရုတ္ျပည္တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား အလြန္အမင္းျမင့္တက္ျခင္းကို ကာကြယ္ရန္အတြက္ အိမ္ျခံေျမေစ်းကစားျခင္းမ်ားကို ၂၀၁၆ ခုႏွစ္ကတည္းက စတင္ကာ ကာကြယ္တားဆီးျခင္းမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ တရုတ္ျပည္၏ စီးပြားေရးတိုးတက္မႈ ေႏွးေကြးေနေသာေၾကာင့္ တိုင္းျပည္စီးပြားေရး၏ ေဒါက္တိုင္တစ္ခုျဖစ္ေသာ အိမ္ျခံေျမ ေစ်းကြက္တြင္ လက္ကားေရာင္းခ်မႈက႑ ျပိဳလဲမသြားေစရန္လည္း တရုတ္အစိုးရပိုင္းက သတိထားေနရသည္။

ထို႔ေၾကာင့္ တစ္ျမိဳ႕ခ်င္းစီအလိုက္ ေဒသအေျခအေနအရ မူဝါဒမ်ား ခ်မွတ္ေရးကိုသာ တရုတ္အစိုးရက အာရံုစိုက္ခဲ့သည္။

အဆင့္သတ္မွတ္ခ်က္မ်ား သုေတသနျပဳလုပ္ အစီရင္ခံေနသည့္ အဖြဲ႔တစ္ခုျဖစ္ေသာ Fitch Ratings ၏ ခန္႔မွန္းခ်က္အရ လာမည့္ ၂ ႏွစ္အတြင္း ရွန္ဟိုင္း၊ ေပက်င္း၊ ကြမ္က်ဳိးႏွင့္ ရွန္က်န္းတိုိ႔ကဲ့သို႔ေသာ ထိပ္တန္းျမိဳ႕ၾကီးမ်ားတြင္ အိမ္ျခံေျမေစ်းႏႈန္း ျမင့္တက္မႈမ်ား ရွိလာမည္ မဟုတ္ေၾကာင္း ခန္႔မွန္းထားသည္။

ရွန္က်န္းရွိ အိမ္ခန္းေပါင္း ၁၂၀၀ ပါဝင္ေသာ အိမ္ရာတစ္ခုတြင္ ေနအိမ္ေစ်းကစားျခင္းမ်ား ဆိုးရြားစြာျဖစ္ေပၚေနေသာေၾကာင့္ ေနအိမ္အားလံုးကို ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္ျပီးေနာက္ နန္တံုျမိဳ႕တြင္လည္း ယခုကဲ့သို႔ တားျမစ္မႈ ျပဳလုပ္လုိက္ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၃ ရက္က WeChat တြင္ ေျပာဆိုေနၾကေသာ မက္ေဆ့တစ္ခု အင္တာနက္ သံုးစြဲသူတို႔အၾကား ျပန္႔ႏွံ႔ခဲ့သည္။

“ေနအိမ္ပိုင္ရွင္မ်ား ေကာ္မတီ” ဟု အမည္ေပးထားေသာ အုပ္စုတစ္ခုက ေနအိမ္ပိုင္ရွင္မ်ားအားလံုးကို တိုက္ခန္းမ်ား၏ ေခၚေစ်း ျမွင့္တင္ရန္၊ ၁ စတုရန္းမီတာလွ်င္ အနည္းဆံုး ယြမ္ေငြ ၅၅၀၀၀ ေတာင္းၾကရန္ ေျပာဆိုထားသည့္ မက္ေဆ့တစ္ခု ျပန္႔ႏွံ႔ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ေသာ ေျပာဆိုမႈမ်ဳိးသည္ ဗဟိုအစိုးရ၏ လမ္းညႊန္ခ်က္ျဖစ္ေသာ “ေနအိမ္မ်ားသည္ ေနထိုင္ရန္အတြက္သာျဖစ္ျပီး ေစ်းကစားရန္ မဟုတ္” ဟူေသာ မူႏွင့္ ဆိုးရြားစြာေသြဖည္ေနေၾကာင္း အာဏာပိုင္တို႔က သတိေပးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

### Unicode Version ###

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့အနီးတွင် တည်ရှိသော နန်တုံမြို့တွင် နေအိမ်ဈေးကစားခြင်းများ တားဆီးရန်အတွက် နေအိမ်ဝယ်ယူပြီး ၅ နှစ်အတွင်း ပြန်လည်ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တရုတ်ပြည်အရှေ့ပိုင်းရှိ နန်တုံမြို့သည် လူဦးရေ ၇ သန်းကျော် နေထိုင်သောမြို့တစ်မြို့ဖြစ်သည်။

ဈေးကွက်ပေါက်ဈေးအောက် အလွန်နည်းပါးသော ဈေးနှုန်းဖြင့် နေအိမ်ဝယ်ယူထားသူများသည် ၅ နှစ်အတွင်း အဆိုပါနေအိမ်များကို ပြန်လည်ရောင်းချခွင့် မပြုကြောင်း နန်တုံမြို့ အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ခြင်း ဖြစ်သည်။

တရုတ်ပြည်တွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်းမြင့်တက်ခြင်းကို ကာကွယ်ရန်အတွက် အိမ်ခြံမြေဈေးကစားခြင်းများကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကာ ကာကွယ်တားဆီးခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် တရုတ်ပြည်၏ စီးပွားရေးတိုးတက်မှု နှေးကွေးနေသောကြောင့် တိုင်းပြည်စီးပွားရေး၏ ဒေါက်တိုင်တစ်ခုဖြစ်သော အိမ်ခြံမြေ ဈေးကွက်တွင် လက်ကားရောင်းချမှုကဏ္ဍ ပြိုလဲမသွားစေရန်လည်း တရုတ်အစိုးရပိုင်းက သတိထားနေရသည်။

ထို့ကြောင့် တစ်မြို့ချင်းစီအလိုက် ဒေသအခြေအနေအရ မူဝါဒများ ချမှတ်ရေးကိုသာ တရုတ်အစိုးရက အာရုံစိုက်ခဲ့သည်။

အဆင့်သတ်မှတ်ချက်များ သုတေသနပြုလုပ် အစီရင်ခံနေသည့် အဖွဲ့တစ်ခုဖြစ်သော Fitch Ratings ၏ ခန့်မှန်းချက်အရ လာမည့် ၂ နှစ်အတွင်း ရှန်ဟိုင်း၊ ပေကျင်း၊ ကွမ်ကျိုးနှင့် ရှန်ကျန်းတို့ကဲ့သို့သော ထိပ်တန်းမြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုများ ရှိလာမည် မဟုတ်ကြောင်း ခန့်မှန်းထားသည်။

ရှန်ကျန်းရှိ အိမ်ခန်းပေါင်း ၁၂၀၀ ပါဝင်သော အိမ်ရာတစ်ခုတွင် နေအိမ်ဈေးကစားခြင်းများ ဆိုးရွားစွာဖြစ်ပေါ်နေသောကြောင့် နေအိမ်အားလုံးကို ရောင်းချခွင့် ပိတ်ပင်လိုက်ပြီးနောက် နန်တုံမြို့တွင်လည်း ယခုကဲ့သို့ တားမြစ်မှု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်က WeChat တွင် ပြောဆိုနေကြသော မက်ဆေ့တစ်ခု အင်တာနက် သုံးစွဲသူတို့အကြား ပြန့်နှံ့ခဲ့သည်။

“နေအိမ်ပိုင်ရှင်များ ကော်မတီ” ဟု အမည်ပေးထားသော အုပ်စုတစ်ခုက နေအိမ်ပိုင်ရှင်များအားလုံးကို တိုက်ခန်းများ၏ ခေါ်ဈေး မြှင့်တင်ရန်၊ ၁ စတုရန်းမီတာလျှင် အနည်းဆုံး ယွမ်ငွေ ၅၅၀၀၀ တောင်းကြရန် ပြောဆိုထားသည့် မက်ဆေ့တစ်ခု ပြန့်နှံ့ခဲ့ခြင်း ဖြစ်သည်။

ထိုသို့သော ပြောဆိုမှုမျိုးသည် ဗဟိုအစိုးရ၏ လမ်းညွှန်ချက်ဖြစ်သော “နေအိမ်များသည် နေထိုင်ရန်အတွက်သာဖြစ်ပြီး ဈေးကစားရန် မဟုတ်” ဟူသော မူနှင့် ဆိုးရွားစွာသွေဖည်နေကြောင်း အာဏာပိုင်တို့က သတိပေးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service